COVID 19 အတွက် အသိပညာတွေမျှဝေပေးလေ့ရှိတဲ့ အမေရိကားရောက် ဆရာ ERICအတွက် မွေးနေ့ဆုမွန်​ကောင်း တောင်းပေးခဲ့တဲ့ဖွေးဖွေး

CeleConnectionsပရိသတ်ကြီးရေ ဖွေးဖွေးကတော့ နိုင်ငံကျော်ပြည်သူ့အချစတော်မင်းသမီးလေးဖြစ်ပြီး အနုပညာမှာလည်းအကယ်ဒမီထူးချွန်ဆု ၃ဆုကိုရရှိပိုင်ဆိုင်ထားသူပါ ။လက်ရှိမှာတေယ့ဖွေးစိန်လေးတစ်ယောက် တစ်စုံတစ်ယောက်ကို မွေးနေ့ ဆုတောင်းလေးပြုလုပ်ပေးခဲ့တာပါ။

သူကတော့ အမေရိကမှာနေထိုင်နေပြီး မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက် Covid19နဲ့ပတ်သက်တဲ့အကြံပြုချက်တွေကို အွန်လိုင်းပေါ်ကနေ ပရိသတ်တွေကို အသိပညာပေး မျှဝေနေတဲ့ ဆရာဝန်တစ်ယောက်ပါ။ “6th May 2020 မြန်မာမှာ​မွေးတဲ့ဆရာ အတွက် မြန်မာစံ​တော်ချိန် နဲ့ပဲ ​မွေး​နေ့ဆုမွန်​ကောင်း​တောင်း​ပေးပါရ​စေ..။

မိသားစုအတွက် ​မေတ္တာ အပြည့်ပြ​ပေးရုံမက မအားတဲ့ကြားက ဖွေးတို့အားလုံးကိုပါ တူ/တူမ ​,မောင်နှမ, သားသမီး သဖွယ် စိတ်ထားအရမ်း​​ကောင်း​သော စိတ်ခွန်အား​ပေးတတ်​​သော Dr.Eric Yang ​မွေး​နေ့ မှ စ၍ ပို​​ကောင်းမွန်​သော ပို​တောက်ပ​သော ​နေ့သစ်များ ပိုင်ဆိုင်ရပါ​စေ.. လို့ ဆရာအကို Eric ကို ချစ်​​​သော ပရိသတ်များနှင့်တူတူ ဆု​တောင်း​ပေးပါတယ်ရှင့်!We love YOU”ဆိုတဲ့ စာလေးနဲ့ ဆရာ Ericမြန်မာပြည်ကိုလာခဲ့စဉ်ကအမှတ်တရပုံရိပ်လေးတွေကိုလည်း ပြန်လည်ဝေမျှခဲ့တာပါ။

CeleConnectionsပရိသတ်ကြီးလည်း ဆရာ Eric ကို မွေးနေ့ဆုတောင်းလေးပေးခဲ့ပါဦးနော်။

Source: Phway phway
Candy -CeleConnections