ဗီဒီယိုအခွေဆိုင် (၁၂၀) ကျော်နဲ့ ကိုယ်တိုင် စကားပြောကြည့်မှ ဗီဒီယိုလောကပျက်စီးရတဲ့ တရားခံတွေကို သိရတယ်ဆိုတဲ့ နေထူးနိုင်

နေထူးနိုင်ကတော့ ဗီဒီယိုအခွေဆိုင် (၁၂၀) ကျော်နဲ့ Video callပြောပြီး ဗီဒီယိုလောကပျက်ဆီးရတဲ့အဓိကတရားခံတွေသိရတယ်အကြောင်းကို “ဗီဒီယိုအခွေဆိုင်၁၂၀ကျော်နဲ့Video callပြောမှာပဲဗီဒီယိုလောကပျက်ဆီးရတဲ့အဓိကတရားခံတွေသိရတော့တယ် မပျက်ဆီးသင့်ပဲပျက်ဆီးသွားခဲ့ရတယ်အရင်လောက်မကောင်းနိုင်ပေမယ့် ရိုက်စား/ရောင်းစား /ဌားစားရပါသေးတယ်တဲ့အားလုံးကိုကျေးဇူးတင်ပါသည်

နားမလည်တဲ့အခွေဆိုင်တွေအပေါ်ဒုက္ခမျိုးစုံပေးသူတွေကျန်းမာကြပါစေဒီနေ့ထိအခွေဆိုင်ဖွင့်သူများနောင်ဆိုင်ဖွင့်ချင်သူများရဲ့အခက်အခဲများ(လိုင်စင်/အခွေဝယ်/ရောင်း)ကိုဦးဆောင်ဖြေရှင်းပေးသွားပါမည် ဆက်သွယ်ပြောဆိုကြပါပွင့်လင်းမြင်သာတဲ့ခေတ်ရောက် နေပါပြီဘယ်သူ/ဘယ်အဖွဲ့စည်းမှာကြောက်စရာမလိုပါကိုယ်ဘက်ကလဲဥပဒေနဲ့အညီဆိုရင်ပေါ့

မှတ်ချက်-ပြောပြီးသားဆိုင်သမားများထပ်မခေါ်သေးပဲ မပြောရသေးသောဆိုင်များထပ်ခေါ်၍ပြောပေးကြပါအုံးနော်” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ နေထူးနိုင်ကတော့ ဗီဒီယိုလောက ပြန်လည်ထူထောင်ရေးအတွက် အင်တိုင်အားတိုက် လုပ်ဆောင်နေခဲ့တာဖြစ်ပြီး လက်ရှိအနုပညာအလုပ်တွေရပ်နားကာ Stay Home နေရချိန်မှာ ဗီဒီယိုအခွေဆိုင်ရှင်တွေရဲ့အခက်အခဲတွေနဲ့ ဗီဒီယိုလောကအကြောင်းတွေကို ပိုမိုသိရှိဖို့အတွက် ဗီဒိယိုအခွေဆိုင်ရှင်တွေနဲ့ Video Call ပြောနေခဲ့တာဖြစ်ပါတယ်။

ပရိသတ်ကြီးရေ ဗီဒီယိုမင်းသားကြီး နေထူးနိုင်ကတော့ ဗီဒီယိုအခွေဆိုင်(၁၂၀)ကျော်နဲ့Video callပြောပြီး ဗီဒီယိုလောကပျက်ဆီးရတဲ့အဓိကတရားခံတွေသိရတော့ပါတယ်တဲ့။အခွေဆိုင်ဖွင့်သူများနောင်ဆိုင်ဖွင့်ချင်သူများရဲ့အခက်အခဲများ(လိုင်စင်/အခွေဝယ်/ရောင်း)ကိုဦးဆောင်ဖြေရှင်းပေးသွားပါမယ်တဲ့။