ကိုဗစ်ရောဂါပိုး စစ်ဆေးတဲ့အခါ ၂ ကြိမ်မြောက် ရလဒ်အဖြေကို ပြောပြလာတဲ့ အဆိုတော် နီတာ

နီတာကတော့ Covid–19 ရောဂါပိုး ကူးစက်ခံရမှုကြောင့် ဆေးကုသမှု ခံယူနေရတာ ရက်သတ္တပတ် အတော်ကြာနေပြီပဲ ဖြစ်ပါတယ်။ နီတာက ပွဲအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ပြီး Covid–19 ကူးစက်ခံခဲ့ရတာဖြစ်ပြီး သူ့ရဲ့ မိသားစုဝင်တွေကတော့ ကံကောင်းထောက်မစွာနဲ့ ရောဂါကူးစက်မခံခဲ့ရပါဘူး။

Covid–19 လူနာအဖြစ် ဆေးကုသမှုခံယူနေရတဲ့ နီတာက ဒီနေ့မှာတော့ သူ့ရဲ့ ပရိသတ်တွေအတွက် ဝမ်းသာစရာစကားလေးမျှဝေထားပါတယ်။ နီတာက “အားလုံးမျှော်လင့်နေတဲ့ အဖြေလေးရပါပြီခင်ဗျာ။ Double Negative ပါ ခင်ဗျာ” ဆိုပြီး ဝမ်းသာစွာနဲ့ ပြောပြထားတာပဲ ဖြစ်ပါတယ်။

နီတာကတော့ Covid–19ရောဂါစစ်ဆေးမှုမှာ နှစ်ခါတိတိ Negative ဖြစ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပုံမှန်အတိုင်း နေပြန်ကောင်းသွားပြီဖြစ်တဲ့ နီတာအတွက် ဝမ်းသာနေကြမယ်လို့ ထင်ပါတယ်နော်။