တစ်သက်မှာတစ်ခါသာမြင်ဖူးတဲ့ အစည်ကားဆုံးမင်္ဂလာပွဲဟာ မခိုင်လေးရဲ့မင်္ဂလာပွဲပါပဲဆိုပြီး ရေးသားမျှဝေလာတဲ့ သုသု

မိတ်ကပ်ပညာရှင် ညီညီမောင်(စမ်းချောင်း)ကတော့ တစ်ခေတ်မှာကတည်းက အနုပညာရှင်တွေနဲ့ရင်းနှီးခဲ့သူတစ်ဦးဖြစ်ပါတယ်။အခုခေတ်မှာဆိုရင်တော့ အောင်မြင်ကျော်ကြားနေတဲ့ မိတ်ကပ်ပညာရှင်ဖြစ်နေတဲ့အပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။သုသုက အပြောအဆိုလည်းရိုးသားပွင့်လင်းပြီး စိတ်ထားပြည့်ဝလို့ လူချစ်လူခင်လည်းပေါများပါတယ်နော်။

သူမကတော့ ကျွန်မပြောသော ကျွန်မအကြောင်းဆိုတဲ့ စကားလေးစပြီး မခိုင်လေးရဲ့ မင်္ဂလာပွဲ အမှတ်တရလေးတွေကို အခုလိုပဲ ပြောပြခဲ့ပါတယ်။ ” ကျမ ပြောသော ကျမ အကြောင်း……မခိုင်လေး လို့ ချစ်စနိုးခေါ်ကျတဲ့ အကယ်ဒမီ ခိုင်သင်းကြည်ကို စမြင်ဖူးတွေ ဖူးတာကတော့ မြရိပ်ညို Hi Hi ကွန်ရို့ ကြော်ငြာရိုက်ကွင်းမှာပါ မိတ်ကပ်အောင်အောင် တောင်ကြီး ဆီမှာ သင်တန်းတက်တော့ အကူ ဘဝနဲ့ လိုက်သွားရင်း မြင်ဘူးတာပါ နောက်ပိုင်း အနုပညာ လောကထဲရောက်လာတော့ လည်းအမြဲပြန်ဆုံဖြစ်ပါတယ် ဇွန်ဆီ ရာမစု စသည်ဖြင့်ပေါလေ ကြော်ငြာပေါင်းများစွာ ကြည့်ပြီး ချစ်ခဲ့ရတဲ့ အဲ့လို လိုက်သရုပ်ဆောင်ခဲ့ရတဲ့ မခိုင်လေး ပရိတ်သတ်ပါ ❤️

မာမီအောင် နဲ့ ကျမခိုင်လေးကြော်ငြာရူတင်တော်တော်များများလိုက်ကူရင်း မိတ်ကပ်ဆံပင်လိမ်းချယ်မှုကြည့်ဘူးပါတယ် နဂို မျက်ခုံးလှ မျက်လုံးလှပြီး နှုတ်ခမ်းထူထူလေးနဲ့ သွက်လက် ပြီး အနေအထိုင် သိုသိပ်တဲ့ မင်းသမီးတယောက်ပါ မခိုင်လေး အဖေ က စစ်တပ်ကဆိုတော့ စည်းကမ်းလည်းတအားကြီးတယ်လို့တော့ သတင်းကြားဖူးပါတယ် အန်တီ ဝါ မခိုင်လေးအမေကလဲရူတင်ဆို အမြဲပါစည်းကမ်း တကျ လိုက်ပေးတဲ့ အမေပါ ရူတင် လိုက်တဲ့ အခါတိုင်း လည်း ရည်းစားနဲ့ ဖုန်းပြောတာ လဲမတွေ့ဘူးပါ အနေ အထိုင်သိုသိပ် စည်းကမ်းရှိလွန်း သောမင်းသမီးထဲမခိုင်လေးလဲပါပါတယ်

တနေ့ ဆိုင်မှာ မခိုင်လေး လတ်မှတ်ထိုး ပွဲ ပြင်ရမယ်ဆိုတဲ့ သတင်း ရပါလေရော ကိုတွေ လည်းနန့်ထိုးလိုက်ချင်တာပေါ့နော် မခိုင်လေး အမျိုးသား ကဘယ်လိုလဲ တခါမှလဲရည်းစားရှိတယ်မကြား ဘူးပဲ လတ်မှတ်ထိုးတော့မယ် နာမည်ကြီးကြော်ငြာရုပ်ရှင်သရုပ်ဆောင်ပွဲဆိုတော့ ကိုယ့် ဆရာကရော ဘယ်လိုပြင်မှာလဲပေါ့လေ မာမီအောင် က လိုက်ခွင့်ပေးတော့ပျော်ပြီလေ လတ်မှတ်ထိုးပွဲ က ယုဇန ဂါးဒင်းမှာ အဲ့နေ့ က မာမီအောင်ရဲ့ မိတ်ကပ်အပြင်ဆင် ဆံထုံးကတော့ ခိုမြီးကော့လေးထုံး သစ်ခွ အစစ်လေးပန် မခိုင်လေးနဲ့ လိုက်ဖက်လွန်း လှပါတယ် စပ်စု မသု ကလည်းသတို့သား မြင်ချင်လှပြီ ရောက်လာပါပြီ သတို့သားကြီး ချောလိုက်တာ စိုးသူနဲ့ပဲတူသလိုလို သေချာကြည့်တော့လည်းမတူပါဘူး ခန့်ညား ပြီးချောလိုက်တာ သတို့သမီး မင်းသမီးလဲ စိတ်မဝင်စားတော့ဘူး သတို့သားပဲ လိုက်ငေးနေမိတော့ပါတယ် လတ်မှတ်ထိုးပွဲကြီးမှာ 😬😬😬

မင်္ဂလာပွဲ ကြီးကို Sedona Hotel မှာ စပြင်နေပါပြီ သတို့သမီး ပြင်လို့ ပြီးခံနီးတော့ သတို့သားတောင်ရှည်ဝတ်မယ်လည်းဆိုရော ဝတ်ချင်တဲ့သူကများ ပြီ ဒီ အကြံ ကိုသိနေတဲ့ မခိုင်လေးက လာ ကျမ အရှေ့မှာပဲဝတ်ကျလို့ အမိန့်ချလိုက်ပါလေသတည်း🤣😂 သတို့သားသတို့သမီးပြင် အရံတွေ အမေတွေ ပြင် ပြီး ပွဲ စလို့ တန်းစီပြီးထွက်တော့မယ်ပေါ့နော် မိတ်ကပ်ပြင်တဲ့ အခန်း က ထွက်

မြင်ကွင်း ကတော့ စည်လိုက်တဲ့ပွဲ ဝက်ဝက်ကိုကွဲ အနုပညာ နယ်ပယ် စစ်ဘက် စီးပွားရေး နယ်ပယ်စုံ က အသိမိတ်ဆွေ များလွန်း လှလို့ Sedona အောက်ထပ်ခန်းမပြည့် လျှောက်လမ်း အပြည့် ဝိုင်းများ သတို့သား သတို့သမီး ခန်းမထဲဝင်ပြီးလာတဲ့ဧည့်သည်က တရစပ်Sedona အပေါ်ထပ် အခန်းများ လည်းပြည့် မိတ်ကပ်ပြင်တဲ့ အခန်းတွေလဲ ဝိုင်းတွေခင်း သတို့သား သတို့ သမီး ခန်းမပြင်ပြန်ထွက် လို့ လူတွေအပြန်နှုတ်ဆတ်နေပြီ

ဧည်သည် ကမပြတ်သေး စည်လိုက်တဲ့ပွဲ ချိန့်ချိန့် သည်းစိုတာ မခိုင်လေးတိုမင်္ဂလာပွဲပါပဲ တစ်သတ်တခါ အဲလောက်စည်တာ ယနေ့ထက်တိုင်မမြင်ဘူးပါ 🌟အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေ ဆက်လုပ် နေတဲ့ မခိုင်လေးနဲ့ကတော့ ယနေ့ထက်တိုင် အနုပညာ လောကသားချင်း မို့ အမြဲ စုံတွေဖြစ်ပါတယ် ယနေ့ထက်တိုင် နုပျိုလှပနေတဲ့ မခိုင်လေး ရဲ့ ကြော်ငြာများ ကို လိုက်ဆို လိုက်က ခဲ့ရတဲ့ ကျမ မခိုင်လေးရဲ့ ပရိတ်သတ်တစ်ယောက် ပါ ❤️❤️❤️” ဆိုပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင်လည်း အကယ်ဒမီခိုင်သင်းကြည်ရဲ့မင်္ဂလာပွဲလေးအကြောင်းကိုရေးသားလာတာဖြစ်ပါတယ်။မခိုင်လေးရဲ့မင်္ဂလာပွဲလေးက ခြိမ့်ခြိမ်သဲအရမ်းစည်ကားလွန်းပြီး ခန်းမထဲမှာ ဧည့်သည်မပြတ်ပါဘူးတဲ့နော်။သုသုကတော့ အစည်ကားဆုံးမင်္ဂလာပွဲဟာ မခိုင်လေးတို့ မင်္ဂလာပွဲပါပဲ ဆိုပြီး တစ်ချိန်ကအမှတ်တရပုံရိပ်လေးတွေကို ပရိသတ်တွေမြင်ဖူးအောင်မျှဝေလာတာဖြစ်ပါတယ်။