လူစိတ်မရှိတဲ့ လူတစ်ချို့ရဲ့ လုပ်ရပ်ကြောင့် စိတ်မကောင်းဖြစ်ကာ ဒေါသထွက်နေတဲ့ ပိုင်တံခွန်

ပရိသတ်ကြီးရေ ပိုင်တံခွန်ကတော့ ယောကျာ်းပီသတဲ့ ဘော်ဒီအမိုက်စားနဲ့ ချောမောတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်လ်တစ်ယောက်အဖြစ် ပရိသတ်အားပေးဝန်းရံမှုကို ထိပ်ဆုံးကရရှိနေသူတစ်ယောက်လို့ ဆိုရမှာပါ။

ပိုင်တံခွန်ဟာ ကိုရီးယားမင်းသားတစ်ယောက်လို စတိုင်မိတဲ့အပြင် ပုခုံးပေါ်ဝဲကျနေတဲ့ ဆံပင်စတိုင် ကြောင့် မိန်းကလေးပရိသတ်တွေသဘောကျနေရတဲ့ အချက်ထဲက တစ်ချက်ပါပဲနော်။ ပိုင်တံခွန်ကတော့ ပြည်တွင်းသာမ ပြည်ပနိုင်ငံကမိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းခံရတဲ့သူပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်ဟာ အောင်မြင်မှုတွေကို တစ်ဆင့်ပြီးတစ်ဆင့်ရရှိလာတာနဲ့အမျှ သူပါဝင်သရုပ်ဆောင်ထားတဲ့ ကြော်ငြာတွေကိုလည်း ပရိသတ်တွေက သဘောကျအားပေးနေကြတာပါ။ မြန်မာနိုင်ငံမှာသာမက ပြည်ပမှာပါ အနုပညာအလုပ်တွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေတဲ့ ပိုင်တံခွန်ရဲ့ အချစ်ရေးကိုလည်း ပရိသတ်တွေက အထူးစိတ်ဝင်စားနေကြပါသေးတယ်။

အခုချိန်ထိ တစ်ယောက်ထဲ Single အဖြစ်နဲ့ အနုပညာအလုပ်တွေကို တစိုက်တမတ်လုပ်ကိုင်နေတဲ့ ပိုင်တံခွန်ကတော့ သူ့ရဲ့အချစ်တွေကို သူချစ်တဲ့ ပူစီလေးတွေနဲ့ ပရိသတ်တွေဆီ အပြည့်အဝပေးထားတယ်လို့ သိရပါတယ်။ တိရိစ္ဆာန်လေးတွေကို ချစ်တတ်တဲ့ ပိုင်တံခွန်ကတော့ ဒီနေ့မှာ ကြောင်လေးတွေကို ညဉ်းပန်းနှိပ်စက်နေတဲ့

ဗီဒီယိုဖိုင်လေးကိုကြည့်ကာ ” ငါ့ကလေးကိုသာတစ်ယောက်ယောက်က ပြန်ပေးဆွဲပြီး ဒီလိုသာလုပ်ပြရင် လုပ်တဲ့သူကိုလဲလိုက်သတ်မယ်။သူ့အမေနဲ့သူ့သားသမီးတွေပါ အကုန်လိုက်သတ်ပစ်မယ်။ စောက်ရေးမပါတဲ့ လူတွေ ” ဆိုကာ တိရိစ္ဆာန်ချစ်သူ ပီပီ စိတ်တိုပေါက်ကွဲနေတာတွေ့ရပါတယ်။ ပရိသတ်ကြီးရေ ပြည်သူ့အချစ်တော်ပိုင်တံခွန်လေးကတော့ သူ့ရဲ့ တိရိစ္ဆာန်လေးတွေအပေါ် ချစ်တဲ့အချစ်တွေကိုမြင်တွေ့ရမယ်ထင်ပါတယ်နော်။