ဦးအောင်ခိုင်ရဲ့ နာမည်ကို အလွဲသုံးစားလုပ်ပြီး ပိုက်ဆံ(၅)သောင်းရဖို့ လိမ်နေသူအကြောင်း သတိပေးပြောပြခဲ့တဲ့ ဝါဝါအောင်

အနုပညာလောကမှာအောင်ခိုင်နဲ့ ဝါဝါအောင်တို့ ဇနီးမောင်နှံကတော့ နာမည်ကြီးတဲ့ ဇနီးမောင်နှံနှစ်ယောက်ပါပဲ။ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်တွေဖြစ်ကြတဲ့ အောင်ခိုင်နဲ့ ဝါဝါအောင်က အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေသလို အေးချမ်းတည်ငြိမ်တဲ့ အိမ်ထောင်ရေးလေးကို

တည်ဆောက်ထားကြတာပဲ ဖြစ်ပါတယ်။ အနုပညာရှင်တွေဖြစ်တဲ့အလျောက် လူတကာရဲ့ အာရုံစိုက်ခံရတဲ့ အောင်ခိုင်နဲ့ ဝါဝါအောင်က ဒီနေ့မှာတော့ သူတို့နာမည်ကို အလွဲသုံးစားလုပ်ပြီး လိမ်လည်နေသူအကြောင်းကို ပြောပြလာပါတယ်။ လိမ်စားနေတဲ့သူတစ်ယောက်က

ဦးအောင်ခိုင်သုံးတဲ့ ဖေ့စ်ဘုတ်အကောင့်ကိုဟက်ခ်ပြီး ငွေ(၅)သောင်း လိုက်တောင်းနေတဲ့အကြောင်းကို “ဦး​အောင်ခိုင် အ​ကောင့်နဲ့ ပိုက်ဆံ​တွေလိုက်​ချေး​နေပါတယ် မ​​​​ပေးကြပါနဲ့​နော်။ ဦး​အောင်ခိုင်နဲ့ အန်တီဝါ့ဆီဖုံးဆက်​မေးကြပါ။” ဆိုပြီး

ဝါဝါအောင်ကို ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ ငွေ(၅)သောင်းရဖို့အတွက် ဦးအောင်ခိုင်လို ဆယ်လီတစ်ယောက်ရဲ့ နာမည်ကို အလွဲသုံးစားလုပ်တာ ကြောက်စရာကြီးပါနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။