ကပ်ရောဂါ ကာလအတွင်း အခက်အခဲတွေကြားက စိုးရိမ်စိတ်တွေနဲ့ သမီးလေး မွေးဖွားခဲ့ရတဲ့ အကြောင်းကို ပြောပြလာတဲ့ R ဇာနည်နဲ့ ဝမ်း

အသံပါဝါအားကောင်းကောင်းနဲ့ တေးသီချင်းများကို သီဆိုသူကတော့ အဆိုတော် R ဇာနည်ပဲဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းများစွာကလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးရေပန်းစားနေတာလည်း ဖြစ်ပါတယ်။

သူဟာ ဆယ်စုနှစ်ကျော်တိုင်အောင် ဂီတလောကမှာ အောင်မြင်မှုတွေရရှိထားသူတစ်ဦးပဲ ဖြစ်ပြီး ပြန်ဆိုတေးများပြန်လည်သီဆိုရာတွင်လည်း ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။

သူဟာ ချစ်ရတဲ့ ဇနီးချောလေး ၊ သားလေးနှစ်ယောက်နဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူတို့ရဲ့ မိသားစုလေးကိုကြည့်ကာ ကြည်နူးအားကျနေတာလည်း ဖြစ်ပါတယ်။

အခုမှာလည်း သူတို့ရဲ့ ဘဝထဲကို ချစ်စရာကောင်းတဲ့ သမီးချောလေး ဝင်ရောက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ သမီးလေးကိုတော့ မနေ့က ဇနီးချောလေး ဝမ်းက အောင်မြင်စွာနဲ့ မွေးဖွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဝမ်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း ” 14.5.2020(Thursday)သမီးငယ်လေးကိုမွေးဖွားခဲ့ပါတယ် အခုလို အရာရာ သတိနဲ့နေနေရတဲ့အချိန်လေးမှာ အခက်အခဲတွေစိုးရိမ်စိတ်တွေနဲ့ကြားထဲမှာအဆင်ပြေပြေနဲ့မွေးဖွားပေးခဲ့တဲ့ Ma Ma May Thu OG Dr:May Thu Myo Nyunt (ဝမ်းရဲ့ကလေးသုံးယောက်လုံးကိုသဘာဝအတိုင်းမွေးပေးခဲ့ပါတယ်)

ဝမ်းရဲ့ကလေးသုံးယောက်လုံးရဲ့ကျန်းမာရေကို စိတ်မပူအောင် အမြဲဂရုစိုက်ပေးတဲ့ Aunty Ohn Pros:Mya Mya Ohn Ma May Thu နဲ့ဝမ်းတို့ အားကိုးရတဲ့ Ma That Dr That That Marနှင့် GRAND HANTHA ဆေးရုံမှ ဆရာဝန်များ, သူနာပြုဆရာ ဆရာမများ နှင့်တာဝန်ကျဝန်ထမ်းများအားလုံးကို အထူးထူး ကျေးဇူးတင်ရှိပါတယ်။ Covid19 အမှတ်တရ ဓာတ်ပုံများ #RZarniOneFamily ” ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက် ရပါတယ်နော်။