လတ်တလော လူတိုင်းနီးပါး ကြုံတွေ့နေရတဲ့ မီတာခ ပြဿနာနဲ့ ပက်သက်ပြီး ပွင့်ပွင့်လင်းလင်း ချပြလိုက်တဲ့ သျှားထွဋ်အိန္ဒြာ

ပရိသတ်ကြီးရေ လတ်တလောမှာတော့ မီတာခပေးဆောင်ရတာနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ အနုပညာရှင်တော်တော်များများ ညည်းတွားနေကြတာအမှန်ပါပဲနော်။ မီတာခနဲ့ပတ်သက်ပြီး ပြောလာသူတွေထဲမှာ အလှမယ် သျှားထွဋ်အိန္ဒြာလည်း အပါအဝင်ပါပဲနော်။

သျှားထွဋ်အိန္ဒြာကတော့ Miss Universe Myanmar (2014)ရဲ့ Crown ပိုင်ရှင်အလှမယ်တစ်ဦးဖြစ်ပြီး သရုပ်ဆောင်ဘက်ထပ် Modelဘက်ကို ပိုဦးစားပေးကာ Model Showပွဲတွေမှာ အမြဲ စတိုင်ကျကျ လျှောက်လှမ်းကာ ပွဲလာပရိသတ်တွေကဲုဖမ်းစားနိုင်တဲ့ အလှမယ်တစ်ဦးပါပဲနော်။ သူမကတော့မိသားစုတွေနဲ့ အိမ်ခွဲနေနေတဲ့ အနုပညာရှင်တစ်ဦးပါ။

လက်ရှိမှာတော့ ” မဖြစ်စလောက်လေးကိုမပြောချင်ပေမဲ့ မတန်မရာဖစ်တယ်လို့ထင်ရင် ၁ ကျပ်တောင် မသဒ္ဒါချင်ဘူး။အရင်လက ၈၀၀၀၀ ကျော်ကျတည်းကပိုဆင်ခြင်ပီးနေတာအိမ်မှာအရင်က ၃ ယောက်နေတာတောင် ပုံမှန် ၃၅၀၀၀ ၄၀၀၀၀ ပဲကျတယ်။ခုလ တလလုံး အိမ်မှာ တယောက်တည်းနေတယ်Gas နဲ့ပဲဟင်းချက်တယ်။မနက် ၉ ၁၀ နာရီလောက်တည်းကဘာ Aircon မှမဖွင့်ဘူး။

တအိမ်လုံးမှာ Aircon တလုံးပဲ ညအိပ်ရင် သုံးတယ်ါမနက်ပိုင်းဆို ဘုရားခန်းမီး နဲ့ ရေခဲ့သေတ္တာ ကလွဲပီးဘာမီးမှ မဖွင့်ဘူး။TV တောင် မနက် တရား ကို ၁၀ နာရီလောက်ကနေ ၁ နာရီထိပဲဖွင့်တာအိမ်မှာနေလို့ပိုကုန်တယ်ဖစ်မှာစိုးလို့”ဆိုတဲ့စာလေးနဲ့မီတာစာရွက်လေးကို ဓာတ်ပုံရိုက်တင်လာခဲ့တာပါ။ ပရိသတ်တွေထဲမှာရော သျှားနဲ့အဖြစ်တူနေတဲ့သူတွေရှိရင်မှတ်ချက်ပေးခဲ့ပါဦးနော်။