ရွာတစ်ခုလုံး မီးရအောင် သိန်း(၅၀)လှူဒါန်းခဲ့တဲ့အပြင် ရွာသူရွာသားတွေကို ဆန်တွေ ဆီတွေ ဝေပေးခဲ့တဲ့ ဖြူဖြူထွေး

ဟာသဗီဒီယိုလေးတွေနဲ့ ဖြူဖြူထွေးကတော့ လူသိများအောင်မြင်လာခဲ့တာက အခုဆိုရင် သရုပ်ဆောင်အဖြစ်ပါ ရပ်တည်နေရပြီ ဖြစ်ပါတယ် ။ ဟန်ဆောင်မှုကင်းပြီး ပွင့်လင်းဖော်ရွေတဲ့ ဖြူဖြူထွေးက တကယ့်ကိုချစ်ဖို့ကောင်းသူလေး ဖြစ်ပါတယ် ။

ဖြူဖြူထွေးကမာန်မာနကင်းသူဖြစ်တဲ့အပြင် အလှူအတန်းနဲ့ပတ်သက်ရင်လည်း လက်မနှေးတတ်တာ ဖြစ်ပါတယ် ။ဖြူဖြူထွေးအနေနဲ့ သူမရဲ့ရွာလေးမှာဆိုရင် မကြာခဏဆိုသလို တတ်နိုင်သလောက်အလှူလေးတွေ ပြုလုပ်လေ့ရှိတာ ဖြစ်ပါတယ် ။ အခုလည်း ဖြူဖြူထွေးက သူမရဲ့ရွာလေးမှာရှိတဲ့ ရွာသူရွာသားတွေအတွက် ဆန်၊ဆီနဲ့ ငွေကြေးတွေ လှူဒါန်းခဲ့တာ ဖြစ်ပါတယ် ။

ဒါ့အပြင် ဖြူဖြူထွေးက ရွာလေးကိုမီးရရှိရေးအတွက် အလှူငွေ သိန်း(၅၀)ကျပ်တိတိကိုလည်း ပါဝင်လှူဒါန်းခဲ့တာ ဖြစ်ပါတယ် ။ဖြူဖြူထွေးက တစ်ရွာလုံးကိုအိမ်မှာခေါ်ပြီး ဆန်တွေ၊ဆီတွေ အားရပါးရ လှူဒါန်းခဲ့တာပဲဖြစ်ပါတယ် ။

ဒါ့အပြင် ဖြူဖြူထွေးက သူမရဲ့အိမ်ကိုမလာနိုင်တဲ့ သက်ကြီးရွယ်အိုတွေဆီကိုလည်း အိမ်တိုင်ရာရောက်သွားရောက်ပြီး အလှူပစ္စည်းတွေပေးခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့ကြည်နူးစရာအလှူဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်