တစ်ချိန်က ကျောင်းသားဘဝ အမှတ်တရလေးတစ်ခုကို ပြောပြခဲ့တဲ့ အဆိုတော် ရဲရင့်အောင်

ပရိတ်သတ်အားပေးမှု အခိုင်အမာ ရရှိထားပြီး အောင်မြင်တဲ့ အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းနေသူကတော့ တေးသံရှင် ရဲရင့်အောင်ပဲ ဖြစ်ပါတယ်။ ချစ်ရတဲ့ ချစ်သူ နဲ့ အတူ သာယာပျော်ရွှင်တဲ့ အချစ်ရေးကို ရရှိထားသူပါ။

ရဲရင့်အောင်ကတော့ သူ့ရဲ့ အနုပညာလှုပ်ရှားမှုများကိုလည်း ပရိတ်သတ်ထံ မျှဝေလေ့ ရှိသူပါ။ လတ်တလောမှာတော့ သူ့ရဲ့ ကျောင်းသားဘဝက အမှတ်တရလေး တစ်ခုကို ပရိတ်သတ်ထံ မျှဝေခဲ့ပါတယ်။

ကျောင်းသား ဘဝ ပုံရိပ်လေးတွေနဲ့အတူ ” တစ်ချိန်က….Canteen နဲ့ စာသင်ခန်းနဲ့ ခဏခဏမှားလို့ Major King ဖြစ်ခွင့်မရခဲ့တဲ့ ကောင်လေး ” ဆိုကာ အမှတ်တရ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ငယ်သူငယ်ချင်းတွေကလည်း ကျောင်းသားဘဝ ပုံရိပ်တွေကို မျှဝေရင်း အပြန်အလှန် စနောက်နေခဲ့ကြတာပါ။

အခု ဖော်ပြပေးခဲ့တာကတော့ ရဲရင့်အောင်ရဲ့ ကျောင်းသားဘဝ အမှတ်တရ အကြောင်းအရာလေးပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။