သီချင်းဆိုခဲ့တဲ့ ၁၈ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ဆွံအခဲ့ရတဲ့အထိ ဖြစ်ခဲ့ရတဲ့ ရဲလေးရဲ့ ဖြစ်ရပ်

ပရိတ်သတ်ကြီးရေ အဆိုတော် ရဲလေးကတော့ တေးသီချင်းကောင်းများစွာ တကိုယ်တော်ခွေပေါင်းများစွာနဲ့ ပရိတ်သတ်ကြီးရဲ့ ရင်ထဲကို အရောက်လာနိုင်ခဲ့သူဆိုရင်လည်း မမှားပါဘူးနော်။ အောင်မြင်တဲ့ အဆိုတော်တယောက်အနေနဲ့သာမက ရုပ်ရှင်သရုပ်ဆောင် နဲ့ နှင်းဆီအငြိမ့်သဘင်မှာလည်း လူရွှင်တော်တယောက်လို ကပြဖျော်ဖြေနိုင်တဲ့အထိ အနုပညာအရည်အချင်း အပြည့်ရှိသူတယောက်လည်း ဖြစ်ပါတယ်။

ရဲလေးကတော့ ယခင်က ထွက်ရှိပြီးဖြစ်တဲ့ ကိုယ်ပိုင်တေးသီချင်းများကို ပြန်လည်သစ်လွင်ကာ သီဆိုဖန်တီးပြီး ပရိတ်သတ်တွေကို သူ့ရဲ့ ဆိုရှယ်မီဒီယာကနေတဆင့် မျှဝေပေးနေသူပါ။ သူ့ရဲ့ အဆိုတော် သက်တမ်း ၁၈ နှစ်မှာ မယုံကြည်နိုင်လောက်အောင် ဆွံအကာ ပီတိဖြစ်ရတဲ့အထိ ဖြစ်ခဲ့ရတဲ့ ပရိတ်သတ်တယောက်ရဲ့ အားပေးမှုကို အခုလိုပဲ ဖော်ပြခဲ့ပါတယ်။

ရဲလေး ရေးသားခဲ့တာကတော့ ” သီချင်းဆိုခဲ့တဲ့  သက်တမ်း(၁၈) နှစ်အတွင်းမှာ ဒီနေ့မှာတော့ပထမဆုံး အကြိမ်တွေ့ရတာပါပဲ…​တွေ့တွေ့ချင်းမှာ ဆွံအသွားတယ်….ညီလေးရေ အစ်ကို အတွက်တစ်ကယ့်ကို ပထမဆုံးပါ ကွာ…ကျေးဇူးပင်လယ်ပါ ညီလေး (respect )လေးစားတယ်…မင်းကို မိုက်ရူးရဲ ဆန် တယ်လို့ ဝိုင်းပြောကောင်းပြော ကြလိမ့်မယ်…

ကိုရဲလေး `ရကောက်´ပုံကို Tattoo ထိုးခဲ့တဲ့အတွက် ညီလေးဂုဏ်ယူနေရတဲ့ Artists တစ်ယောက်အမြဲ ဖြစ်အောင် ပို ကြိုးစားပြီး ပို run ပေးပါ့မယ် ညီလေး👍👍👍 Tattoo Artist Bro ကို လည်း ကျေးဇူးပင်လယ်ပါခင်ဗျာ… ကျေနပ်တယ် ဒါပါပဲ…” ဆိုကာ ပရိတ်သတ်တယောက်ရဲ့ အားပေးမှုကြောင့် အားတက်နေရတဲ့အကြောင်းကို အခုလိုပဲ ပြောပြခဲ့တာပါ။

ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ သာယာပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်လေးများကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေနော်။