မနက်စာ မုန့်ဟင်းခါးကို ရေချိုးတဲ့ ပလက်စတစ်ခွက်ထဲ ထည့်စားနေရတဲ့ စိန်ဖြိုးလှိုင် ( မောင် ) ရဲ့ ဖြစ်ရပ်

စိန်ဖြိုးလှိုင် ( မောင် ) ကတော့ ကိုဗစ်ကူးစက်ခံခဲ့ရတဲ့အတွက် ဧရာဝတီစင်တာမှာ တက်ရောက်ဆေးကုသမှု ခံယူနေခဲ့တာ ဖြစ်ပါတယ်။ ကိုဗစ်ကုသမှုနဲ့ ပက်သက်ပြီး သူ့ရဲ့ အတွေ့အကြုံများကို မျှဝေကာ ကူးစက်ခံရတဲ့အခါမှာလည်း မကြောက်လန့်ပဲ ဆေးရုံတက်ကာ ကုသနိုင်ရန်အတွက် ပြောပြပေးခဲ့တာပါ။

လက်ရှိမှာတော့ ရောဂါလက္ခဏာ မပြသပဲ ကျန်းမာရေးအခြေအနေလည်း ကောင်းမွန်လျက်ရှိတယ်လို့ သိရပါတယ်။ ကုသမှု ခံယူနေဆဲ အတွေ့အကြုံများကို မျှဝေလေ့ရှိတဲ့ မောင်ကတော့ ဒီနေ့မှာလည်း မုန့်ဟင်းခါးကို ရေချိုးခွက်ထဲ ထည့်စားနေရတဲ့ သူ့ရဲ့ အဖြစ်ကို အခုလို ပြောပြခဲ့ပါတယ်။

မောင်ကတော့ ” ဒီနေ့မနက်မနက်စာမုန့်ဟင်းခါးဆိုတော့ အတော်ပျော်သွားတယ်။ ကြိုက်လဲကြိုက် မစားရတာလဲကြာပြီလေ။ ထည့်စားဖို့ ပန်းကန် မရှိတာနဲ့ မထူးဇာတ်ခင်ပြီး ရေချိုးတဲ့ ပလတ်စတစ်ခွက်ထဲထည့်ပြီးတွယ်လိုက်ပြီ။ ” ဆိုပြီး ပြောပြခဲ့တာပါ။

ပရိတ်သတ်ကြီးရေ ကိုဗစ်ကူးစက်မှုများဟာ တနေ့တက် တနေ့ များပြားနေတဲ့အတွက် အားလုံးပဲ ဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်တွေ အားလုံး သာယာပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။