မပြောပလောက်တဲ့ အကူအညီလေး ဖြစ်ပေမဲ့ အသိအမှတ်ပြုလက်ဆောင်ရရှိခဲ့တာကြောင့် ဝမ်းသာပျော်ရွှင်နေတဲ့ စိန်ဖြိုးလှိုင် ( မောင် )

Advertisements

စိန်ဖြိုးလှိုင် ( မောင်​ ) ကတော့ ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရတဲ့အတွက် ဧရာဝတီစင်တာမှာ ဆေးကုသ ခံခဲ့ရပါတယ်။ ကူးစက်ခံ လူနာဖြစ်နေပေမဲ့လည်း ဆရာဝန်တယောက်ဖြစ်တာကြောင့် အတူနေလူနာများကို တက်စွမ်းသလောက် ကုသပြုစုပေးခဲ့သူလည်း ဖြစ်ပါတယ်။

ကူးစက်ခံလူနာဖြစ်နေပေမဲ့လည်း မနေမနား ကူညီလုပ်ကိုင်ပေးတဲ့အတွက်ကြောင့် စိန်ဖြိုးလှိုင် ( မောင် ) ကို ဧရာဝတီဖောင်းဒေးရှင်းမှ အသိအမှတ်ပြု လက်ဆောင်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ လက်ဆောင်လေးနဲ့ ပက်သက်ပြီး စိန်ဖြိုးလှိုင် ( မောင် ) က အခုလိုပဲ ပြောပြခဲ့ပါတယ်။

စိန်ဖြိုးလှိုင် ( မောင် ) ပြောခဲ့တာကတော့ ” ကျွန်တော်ဆေးရုံတတ်စဉ် ဝိုင်းကူပေးခဲ့တာကြောင့် ဧရာဝတီဖောင်ဒေးရှင်းကနေ ဒီ နာမည်ထိုးထားတဲ့အင်္ကျီလက်ဆောင်လေး ပို့ပေးလာပါတယ်…တကယ်တော့ ကျွန်တော်လုပ်ပေးခဲ့တာ မပြောပလောက်ပါဘူး..

ဒါပေမယ့် ခုလို အသိမှတ်ပြုခံရတော့ တကယ်ကို surprise ပါပဲ..အရမ်းဝမ်းသာမိပါတယ်…စီစဉ်ပေးတဲ့ အန်တီမြတ်မြတ်ဦးကိုလည်းကျေးဇူးပါ.. (မှတ်ချက် -ရီရီကတော့ ကပ်မြှောင်လေးပါ?) ” ဆိုကာ ပြောပြခဲ့တာပါ။

ပရိတ်သတ်ကြီးရေ စိန်ဖြိုးလှိုင် ( မောင် ) ကတော့ ကိုဗစ်ရောဂါကို တိုက်ထုတ်နိုင်ခဲ့ပြီး မိသားစုနဲ့ ပြန်လည်တွေ့ဆုံနေပြီပဲ ဖြစ်ပါတယ်။ ကိုဗစ်ကူးစက်ရောဂါကို ရှေ့တန်းကနေ ကုသပေးနေတဲ့ ဆရာဝန်များ၊ နပ်စ်များ နှင့် အကျိုးဆောင် ပရဟိတ အသင်းအဖွဲ့များ အားလုံးကို ကျေးဇူးတင်ရှိပါတယ်ရှင်။