လွန်ခဲ့တဲ့ ၃ နှစ်က ဆိုင်းမိုင်ဆိုတဲ့ ဇာတ်ရုပ်လေးကြောင့် ပြောင်းလဲလာတဲ့ အခြေအနေကို အမှတ်တရ ပြောပြခဲ့တဲ့ ပိုးကြာဖြူခင်

Advertisements

ပရိတ်သတ်ကြီးရေ လက်ရှိပြသနေတဲ့ MRTV 4 ဇာတ်လမ်းတွဲဖြစ်တဲ့ မာယာလှည့်ကွက် ဇာတ်လမ်းတွဲရဲ့ မင်းသမီးလေး အဏ္ဏဝါမုန်း အဖြစ် တွေ့ရတဲ့ သူလေးကတော့ မင်းသမီးချောလေး ပိုးကြာဖြူခင် ပဲ ဖြစ်ပါတယ်။ သူမကတော့ လွန်ခဲ့တဲ့ ၃ နှစ်က ဆိုင်းမိုင် ဆိုတဲ့ ဇာတ်ရုပ်လေးနဲ့ ပက်သက်ပြီး အမှတ်တရလေးတွေကို အခုလို ပြောပြခဲ့ပါတယ်။

ပိုးကြာဖြူခင် ပြောခဲ့တာကတော့ ” လွန်ခဲ့တဲ့ ၃ နှစ်က ဆိုင်းမိုင်လေးရဲ့ မိုးကောင်းကင်အိပ်မက် ရိုက်ကူးခဲ့စဉ်အမှတ်တရ ❤️ အဲ့ဒီ့တုန်းကတော့ X factor ပြိုင်ပွဲရဲ့ စင်မြင့်ပေါ်မှာပေါ့ ? ငယ်ငယ်လေးကတည်းက အဆိုတော်သိပ်ဖြစ်ချင်ခဲ့တာ ? ပရိတ်သတ်တွေ အများကြီးရှေ့မှာ ဖျော်ဖြေချင်ခဲ့တာက ဘဝရဲ့ အကြီးမားဆုံး အိပ်မက်တစ်ခုပဲ ?

ဆိုင်းမိုင်ဆိုတဲ့ အဆိုတော်ကာရိုက်တာကို သရုပ်ဆောင်ပြီးတဲ့နောက်ပိုင်း ၂၀၁၈ ,၂၀၁၉ နဲ့ ၂၀၂၀ ၃လပိုင်းထိ သီချင်းပွဲ ၂၀၀ ကျော် ဖျော်ဖြေခွင့်ရခဲ့တယ် အခွင့်အရေးတွေ ရအောင် ပရိတ်သတ်ဆီ ဆွဲခေါ်ပေးခဲ့တဲ့ ဆိုင်းမိုင်လေးကို ကျေးဇူးတင်တယ် ❤️” ဆိုကာ ပြောခဲ့တာပါ။

ပိုးကြာဖြူခင်ရဲ့ ဆိုင်းမိုင်ဆိုတဲ့ ဇာတ်ရုပ်လေးကတော့ ပရိတ်သတ်တွေအတွက် သူမရဲ့ နာမည်အရင်းကို ပျောက်ပြီး ဆိုင်းမိုင်ဆိုတဲ့ နာမည်လေး တွင်ကျန်ရစ်တဲ့အထိ အောင်မြင်ခဲ့တဲ့ ကာရိုက်တာလေး ဖြစ်ပါတယ်။ ပိုးကြာဖြူခင်လေးကို အားပေးတဲ့ ပရိတ်သတ်တွေလည်း အခုလက်ရှိ အဏ္ဏဝါမုန်း ဆိုတဲ့ ဇာတ်ရုပ်လေးကိုရော သဘောကျရဲ့လားဆိုတာ ပြောခဲ့ပါဦးနော်။