စိတ်ဓာတ်ကျအောင် နှောင့်ယှက်သူတွေအကြောင်းကို ပရိတ်သတ်တွေထံကို ရင်ဖွင့်ခဲ့တဲ့ ထက်ထက်မိုးဦး

Advertisements

ထက်ထက်ကတော့ အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် လောကဓံအလှည့်အပြောင်းတွေအများကြီးနဲ့ ဘဝကို တစ်ယောက်တည်း ရပ်တည်နေရသူပါ။ ဒါပေမယ့်အားပေးချစ်ခင်ကြတဲ့ပရိသတ်တွေကြောင့် အခုလိုကိုဗစ်ကာလ အနုပညာရှင်တော်တော်များများ အလုပ်တွေရပ်နားထားရချိန်မှာတောင် ထက်ထက်ကတော့ နေ့စဉ်နေ့တိုင်း ကုန်ပစ္စည်းမျိုးစုံကို Live လွှင့်ဈေးရောင်းပေးရင်း ကိုဗစ်ကာလကိုဖြတ်သန်းနေနိုင်လျက်ရှိပါတယ်။

အခုလို အလုပ်တွေအများကြီးလုပ်နေရချိန်မှာ မလိုမုန်းထားသူတွေရဲ့ စိတ်ဓာတ်ကျအောင် အမျိုးမျိုးအနှောင့်အယှက်ပေးနေရကြောင်းကို ထက်ထက်ကတော့ ” ဘာမှမလုပ်တော့လည်း အလုပ်မရှိဘူး ဆိုပြီးနှိမ်ကျတယ်.. အလုပ်တွေလုပ်ပြန်တော့လည်း စိတ်ဓာတ်ကျအောင် နှောင့်ယှက်ကြတယ်… ဘာမှကို မလုပ်ချင်တော့အောင် စိတ်ဓာတ်ကျမိတယ်” ဆိုပြီး ရင်ထဲက ခံစားချက်တွေကို မျှဝေလာပါတယ်။

အနုပညာမောင်နှမတွေနဲ့ ပရိသတ်တွေကတော့ ထက်ထက်ကို ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ကိုယ်လုပ်သင့်တဲ့အလုပ်ကို ရှေ့ဆက်လုပ်သွားဖို့ အားပေးစကားတို့ကို မှတ်ချက်ပေးခဲ့ကြပါတယ်။ ပရိသတ်တော်တော်များများကတော့ ထက်ထက်ရဲ့ ဈေးရောင်းတဲ့ Live လေးတွေကို ဝယ်ဝယ်၊ မဝယ်ဝယ် ချစ်ခင်တဲ့စိတ်နဲ့ ထိုင်ကြည့်လေ့ရှိကြသလို Live လွှင့်ဈေးရောင်းတာလေးကို မရပ်လိုက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ် ။

ပရိတ်သတ်ကြီးရေ ထက်ထက်ကတော့ အလုပ်တွေကို အားကြိုးမာန်တက် လုပ်ကိုင်နေခဲ့ပေမဲ့လည်း အမျိုးမျိုးသော အတိုက်အခိုက်တွေ ကြုံနေရတဲ့အကြောင်းကို အခုလို ရင်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။