အာရှနိုင်ငံတွေထဲမှာမှ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအတွက် လျာထားခြင်းခံရတာကြောင့် ပျော်ရွှင်နေတဲ့ ပန်းရောင်ခြယ်

ပရိတ်သတ်ကြီးရေ အဆိုတော် မင်းသမီးချောလေး ပန်းရောင်ခြယ်ကတော့ အဆိုတော် ဂရေဟမ်ရဲ့ သမီးကြီးတယောက်ဖြစ်ပြီး အဆိုတော်အပြင် သရုပ်ဆောင်ကောင်းတယောက်အဖြစ် အောင်မြင်နေသူလေး ဖြစ်ပါတယ်။ ဂီတအနုပညာဘက်မှာလည်း ဖခင်ရဲ့ ခြေရာကို နင်းနိုင်တဲ့အထိ အောင်မြင်နေပြီ ဖြစ်သလို သရုပ်ဆောင်အနုပညာဘက်မှာလည်း သူမတူအောင် ထူးချွန်နေတဲ့သူလေးပါနော်။

သူမရဲ့ ပထမဆုံး ခေါင်းဆောင်မင်းသမီးတယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ ” လိပ်ပြာ ” ဆိုတဲ့ ဇာတ်လမ်းတွဲလေးက အခုဆိုရင် အာရှအနုပညာတီထွင်ဖန်တီးမှု အကယ်ဒမီဆုပေးပွဲမှာ ဆု ၄ ဆုအထိ ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် သူမဟာလည်း အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ သတင်းကောင်းလေးကို အခုလိုပဲ မျှဝေပေးခဲ့ပါတယ်။

” ဒီနှစ် Asian Academy Creative Awards အတွက် ပန်း​​ရောင် Best Actress In A Leading Role (အ​ကောင်းဆုံးအမျိုးသမီးဇတ်​ဆောင်ဆု) National Winner ဖြစ်ခွင့်ရတဲ့အတွက် အရမ်း​ပျော်ရွှင်မိပါတယ် ဒီ အာရှအနုပညာတီထွင်ဖန်တီးမှုအကယ်ဒမီဆု​ချီးမြှင့်ပွဲ မှာ “လိပ်ပြာ” က 4 National Wins ရရှိထားပါတယ် – Best Drama Series, Best Cinematography, Best Theme Song နဲ့ Best Actress In A Leading Role ပါ။

တခြား​​သော အာရှနိုင်ငံမှ ရုပ်သံဇတ်လမ်းများနဲ့အတူ ပန်း​ရောင်တို့က အာရှမှာ အ​ကောင်းဆုံးဇတ်လမ်းတွဲဆု၊ အ​ကောင်းဆုံးရုပ်ရှင်ဓါတ်ပုံဆု၊ အ​ကောင်းဆုံးရုပ်ရှင်ဇတ်ဝင်​တေးဆု နဲ့ အ​ကောင်းဆုံးအမျိုးသမီးဇတ်​ဆောင်ဆု တို့ကို မြန်မာနိုင်ငံကိုယ်စားပြုရင်း ဆန်ကာတင်စာရင်းဝင်သွားပြီဖြစ်ပါတယ်။ ဆု​ပေးပွဲကို ဒီဇင်ဘာလမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ “လိပ်ပြာ” အဖွဲ့သား​တွေနဲ့အတူ ဂုဏ်ယူရပါတယ် 🦋 အားလုံးကို ​ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ ဒါ ပန်း​ရောင်ရဲ့ ပထမဦးဆုံးရုပ်ရှင် နဲ့ ပထမဦးဆုံး nomination ပါ။ အများကြီးဆက်ကြိုးစားရပါဦးမယ် ” ဆိုကာ ပီတိများနဲ့အတူ ပရိတ်သတ်ကို အသိပေးခဲ့တာပါ။

ပရိတ်သတ်ကြီးရေ ဂီတဘက်မှာသာမက သရုပ်ဆောင်အနုပညာမှာပါ ထူးချွန်တဲ့ အဆိုတော် မင်းသမီးလေး ပန်းရောင်ခြယ်အတွက် ချီးကျူးစကားလေး ပြောခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်တွေ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။