ရွှေတိဂုံစေတီတော် အရိပ်ထွက်ခြင်း မထွက်ခြင်းနဲ့ ပက်သက်ပြီး ပြန်လည်ဖြေရှင်းလိုက်တဲ့ နက္ခတ်

MRTV 4 ဇာတ်လမ်းတွဲများနဲ့ ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားသူကတော့ မင်းသားချော နက္ခတ်ပဲ ဖြစ်ပါတယ်။ ” ကျွန်တော် အမုန်းဆုံး ကျွန်တော် ” ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ အတူ ပရိတ်သတ်အားပေးမှုကို ပိုမိုရရှိလာခဲ့တာ ဖြစ်ပြီး အောင်မြင်တဲ့ မင်းသားချောအဖြစ် ရပ်တည်နေသူပါ။

ရွှေတိဂုံစေတီတော် အရိပ်ထွက်ခြင်း မထွက်ခြင်း အကြောင်းအရာနဲ့ ပက်သက်ပြီး မင်းသားချော နက္ခတ်ကတော့ သူ့ရဲ့ အမြင်ကို ပရိတ်သတ်တွေထံ လွန်ခဲ့တဲ့ ရက်ပိုင်းက မျှဝေခဲ့ပါတယ်။ အဆိုပါ ထင်မြင်ချက်နဲ့ ပက်သက်ပြီး မင်းသားချော နက္ခတ်ကတော့ ဝေဖန်မှုများ တိုက်ခိုက်မှုများနဲ့ ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။ ယနေ့မှာတော့ အဆိုပါ ဝေဖန်ပြောဆိုမှုတွေနဲ့ ပက်သက်ပြီး အခုလိုပဲ ပြတ်ပြတ်သားသား ဖြေရှင်းခဲ့ပါတယ်။

နက္ခတ်ပြောခဲ့တာကတော့ ” ကျွန်တော် တင်တဲ့ ပိုစ့်နဲ့ ပတ်သတ်ပြီး ဓာတ်ပုံဆရာတွေနဲ့ အသိပညာရှင်တို့ရဲ့လာရောက်ဝေဖန်ပြောကြားချက်များ အရ အလင်းပြန်ခြင်း တွေနဲ့ ပုံရိပ်တွေပေါ်ပြီး ဓာတ်ပုံရိုက်တဲ့ အခါ ကျွန်တော် တင်ထားတဲ့ ပုံလို မြင်ရမှာဖြစ် ပြီး ပုံက အမှန် ဖြစ် ပါတယ် တဲ့ မှားယွင်းစွာ တင်မိတဲ့ အတွက် တောင်းပန်ပါ တယ်

ဒါပေမယ့် တစ်ခုတော့ ပြောခဲ့ ပါရစေ စေတီရဲ့ အရိပ် ဟာ ကောင်းကင်မှာပေါ်တယ် မြစ်မှာ ပေါ်တယ်လို့ ပြောတဲ့ သူတွေကို ပိန်းတယ် တို့ ဘာတို့ဝေဖန် စရာမလို ပါ ခေတ်နောက်ကျတယ်ပဲပြောပြော ရှေးရိုးစွဲ တယ်လို့ပဲပြောပြောပါ မိဘတွေ အဘိုးအဘွားတွေပြောပြကြတဲ့ ရွှေတိဂုံ စေတီကြီးရဲ့ အရိပ်က မြေပြင်မှာဘယ်တော့မှ မကျဘူးဆိုပြီး တန်ခိုးကြီးမားကြောင်းပြောတဲ့ အခါ ဂုဏ်ယူလို့မဆုံးပါ ကျွန်တော် တို့ ဗုဒ္ဓဘာသာမှာ တန်ခိုးကြီးဘုရားစေတီ ပုထိုးတွေ ရှိတဲ့ အတွက် ဘုရားစေတီပုထိုးတွေကို အလေးအမြတ်တန်ဖိုးထားပြီး တန်ခိုးကြီးမားရတဲ့ အကြောင်းတွေ ကို ပြောဆိုနေတာကလှောင်စရာမဟုတ်ပါ

ကျွန်တော်တင်တဲ့ရည်ရွယ်ချက် က လဲရှင်းပါတယ် စေတီရင်ပြင်မှာ သွားလာကြတဲ့ ဘုရားဖူးပြည်သူတွေနဲ့သန့်ရှင်းရေးကုသိုလ်ယူကြတဲ့ သူတွေကျ အပြစ်မရှိဘူးလားလို့ခိုင်းနှိုင်းပြောဆို ကြတာတွေ တွေ့လို့ ရွှေတိဂုံစေတီ အရိပ်မပေါ်သည့်အကြောင်းရေးပြီးဗုဒ္ဓဘာသာမြန်မာလူမျိုးတစ်ယောက်အနေနဲ့ထပ်မံ မစ်ာကားခံရအောင် ကာကွယ်ပေးတဲ့ ရည်ရွယ်ချက်ပဲ ရှိ ပါတယ် ကျွန်တော့်ရည်ရွယ်ချက်ကတော့ပြည့်သွားပါတယ် ခိုင်းနှိုင်းပြောဆိုတဲ့ သူတွေ မရှိတော့ဘဲ ရွှေတိဂုံစေတီအရိပ်မပေါ်ကြောင်းရေးမိတဲ့ ကျွန်တော့်ကိုဝေဖန်ဆဲဆို တိုက်ခိုက်မှုက ပိုအရေးကြီးသွားတဲ့ အတွက် ဝမ်းသာပါတယ်

ကျွန်တော် social media ပေါ်မှာ နာမည်ကြီးအောင်လဲ မနေဖူးသလို ခေတ်ရေစီးကြောင်းနောက်တောင်လိုက်တဲ့ သူမဟုတ်ပါရိုးရိုးအေးအေးနေတတ်တာကို ကိုယ့်ကိုယ်တိုင်ရယ် ကိုယ့်မိသားစုဝင်တွေရယ် ကိုယ့်ကိုအားပေးကြတဲ့အမာခံ ပရိတ်သတ်တွေ လဲသိပါတယ် ဒီလိုမျိုး ဘုရားအကြောင်းကို ခုတုံး လုပ်ပြီးနာမည်ကြီးအောင်လုပ်တယ်ဆိုတဲ့ ပြောဆိုမှုများအတွက်တော့ တကယ်စိတ်မကောင်းဖြစ်ရပါတယ် ဓာတ်ပုံကမှန်ကြောင်းပြောဆိုပြီးပြီ ဖြစ်တဲ့ အတွက် လာရောက် ဆဲဆို ဝေဖန်ခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် ” ဆိုကာ သူ့ရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း ပြောခဲ့တာ ဖြစ်ပါတယ်။