ကင်ဆာရောဂါနဲ့ ယနေ့မှာပဲ ကွယ်လွန်သွားပြီဖြစ်တဲ့ မီးမီးခဲ

အဆိုတော် မီးမီးခဲကတော့ ကင်ဆာရောဂါခံစားနေခဲ့ရတာ နှစ်ကာလ ကြာမြင့်နေခဲ့ပြီ ဖြစ်ပါတယ်။ ကင်ဆာနောက်ဆုံးအဆင့်ကို ခံစားနေခဲ့ရပေမဲ့ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ရှိနေခဲ့တာကြောင့် အားလုံးက ချီးကျူးအားပေးခဲ့ကြပါတယ်။

မီးမီးခဲကတော့ သူနေထိုင်ရာ သြစတေးလျနိုင်ငံမှာပဲ ယနေ့ သြစတေးလျစံတော်ချိန် ည ၉ နာရီ ၃၁ မိနစ်မှာ ဆုံးပါးကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ဆုံးပါးခဲ့တဲ့ သတင်းနဲ့ ပက်သက်ပြီး သူမရဲ့ ခင်ပွန်းဖြစ်သူကတော့ အခုလိုပဲ အသိပေးခဲ့ပါတယ်။

” ကျွန်တော်တို့ ချစ်တဲ့ မီးမီးခဲ Australia Time 9:31 pm မှာ ခရစ်တော်၌ အိပ်ပျော်သွားပါပြီ။ မဆုံးခင် ဆုတောင်းပေးခွင့်ရခဲ့ပါတယ် ” ဆိုကာ မီးမီးခဲရဲ့ ပရိတ်သတ်တွေကို အသိပေး ပြောကြားခဲ့ပါတယ်။

အဆိုတော် မီးမီခဲရဲ့ ဆုံးပါးကွယ်လွန်မှုအတွက် များစွာပဲ ဝမ်းနည်းကြေကွဲရပါတယ်။ မီးမီခဲရဲ့ ပရိတ်သတ်တွေလည်း မီးမီးခဲအတွက် ဆုတောင်းစကားလေး ပြောခဲ့ပါဦးနော်။ အားလုံးကို ကျေးဇူးတင်ရှိပါတယ်ရှင်။