
Unicode
မဟုတ်မမှန်လုပ်ကြံပြီး ဖန်တီးကြတဲ့ သတင်းတွေကြောင့် အဆဲခံရဖို့ အဆင်သင့်ဖြစ်နေပါပြီဆိုပြီး စိတ်မကောင်းစွာ ပြောလာတဲ့ ဇေရဲထက်
နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဇေရဲထက်ကတော့ သရုပ်ဆောင်တစ်ယောက်ပီပီ လူတကာအာရုံစိုက်ခံရပြီး ချစ်တဲ့ ပရိသတ်တွေများစွာ ရရှိထားသလို မနာလို ဝေဖန်သူတွေကြောင့်လည်း စိတ်အနှောက်အယှက်တွေများစွာ ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဇေရဲထက်ကတော့ သူ့ကို တစ်ဖက်စောင်းနင်းတိုက်ခိုက်သူတွေရဲ့ ဝေဖန်မှုတွေကို မကြာခဏခံရလေ့ရှိတာမို့ သူကိုယ်တိုင်တောင်မှ နေသားကျနေပြီလို့ ဆိုနိုင်ပါတယ်။
ဒီတစ်ခေါက်မှာလည်း ဇေရဲထက်က မဟုတ်မမှန်လုပ်ကြံပြီး ဖန်တီးကြတဲ့ သတင်းတွေကြောင့် ” များမကြာမှီ သတင်းထပ်လာဖို့ အစီစဉ်ရှိပါကြောင်း အဆဲခံရဖို့အသင့်ဖြစ်နေပါပြီ လုပ်ကြံပြီး မဟုတ်မဟတ်တွေ ဝင်မန့်ပါတော့မယ်???
သိက္ခါလည်းမရှိတော့ပါဘူး ကုန်ပါပြီ ထပ်ပြီးလည်းကျစရာမရှိတော့ဘူး ကဲ fighting ကို့ကိုယ်ကို ပြောလိုက်တယ် ” ဆိုပြီး မကြာခင်မှာ အဆဲခံရတော့မယ့်အကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။
ဇေရဲထက်ကတော့ သူကိုယ်တိုင် မဟုတ်တဲ့ သတင်းတွေအပေါ် မကြာခဏ ဖြေရှင်းရလေ့ရှိပြီး သူ့ကိုချစ်တဲ့ ပရိသတ်တွေကတော့ ဇေရဲထက်ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးကြတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ဇေရဲထက်တစ်ယောက် ပရိသတ်တွေပေးတဲ့ မေတ္တာနဲ့ အားအင်တွေဖြစ်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။