႐ုရွားႏိုင္ငံေမာ္စကိုၿမိဳ႕မွာက်င္းပတဲ့ ႏိုင္ငံတကာ႐ုပ္ရွင္ပြဲေတာ္တြင္ ဆုရရွိခဲ့ျပန္တဲ့ ႏို႔ဘီလူး႐ုပ္ရွင္ဇာတ္ကားႀကီး

Advertisements

ပရိသတ္ေတြႀကိဳက္ႏွစ္သက္ခဲ့တဲ့ႏို႔ဘီလူး႐ုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ႏိုင္ငံတကာ႐ုပ္ရွင္ပြဲေတြေတြမွာ ဆုေတြတစ္ဆုၿပီးတစ္ဆုရရွိေနတာပါ။ ဒီဇာတ္ကားႀကီးကိုေတာ့ (၂၀၁၉)ခုႏွစ္မတ္လမွာ႐ုံတင္ခဲ့တာျဖစ္ၿပီး လူမင္းကိုယ္တိုင္ဒါ႐ိုက္တာအျဖစ္႐ိုက္ကူးခဲ့သလို ကိုယ္တိုင္ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ဇာတ္ကားေကာင္းလည္း ျဖစ္ပါတယ္။

ဒီဇာတ္ကားႀကီးကေတာ့ ႏိုင္ငံတကာ႐ုပ္ရွင္ပြဲေတာ္ေတြမွာဆုေတြရရွိခဲ့ၿပီး အခုလည္း ဒါ႐ိုက္တာဆုကို ထပ္မံဆြတ္ခူးႏိုင္ခဲ့ ျပန္ပါတယ္။ ေအာင္သီရိ ႐ုပ္ရွင္ထုတ္လုပ္ေရးမွ ထုတ္လုပ္တဲ့ ႏို႔ဘီလူး ႐ုပ္ရွင္ဇာတ္ကားႀကီးဟာ ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕ေတာ္တြင္ က်င္းပေသာ ႏိုင္ငံတကာ႐ုပ္ရွင္ပြဲေတာ္ျဖစ္တဲ့

6th Year “ Eurasia International Monthly Film Festival “ (October 2020) Competition တြင္ Best Director Winner အေကာင္းဆုံးဒါ႐ိုက္တာဆုရွင္ အျဖစ္ လူမင္း အား ေ႐ြးခ်ယ္ခ်ီးျမႇင့္ခံရပါတယ္။ 2021 တြင္ ေမာ္စကို၌ ထပ္မံက်င္းပမယ့္ Eurasia Festival live screening event ႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲအတြက္လည္း ဆန္ကာတင္ Nominee အျဖစ္ ဆက္လက္ေ႐ြးခ်ယ္ခံထားရပါတယ္။

ယခု ႐ုရွားႏိုင္ငံတြင္ ရရွိခဲ့ေသာဆုမွာ ႏိုင္ငံတကာမွ႐ုပ္ရွင္ကားမ်ားစြာႏွင့္ ယွဥ္ၿပိဳင္ၿပီး ဂုဏ္ယူစြာျဖင့္ ရရွိခဲ့ေသာ ႏို႔ဘီလူး႐ုပ္ရွင္အတြက္ တတိယအႀကိမ္ေျမာက္ ဆုျဖစ္ပါသည္။ ဒီဇာတ္ကားဟာ ဘူတန္ႏိုင္ငံတြင္ ထူးခြၽန္ဆု ေလးဆု ရရွိခဲ့သည့္အျပင္ အိႏၵိယႏိုင္ငံတြင္လည္း ထူးခြၽန္ဆု ငါးဆု ရရွိခဲ့ၿပီး ျဖစ္ပါတယ္။ တကယ့္ကိုဂုဏ္ယူစရာပါပဲေနာ္…

Unicode

ရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပတဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ဆုရရှိခဲ့ပြန်တဲ့ နို့ဘီလူးရုပ်ရှင်ဇာတ်ကားကြီး

ပရိသတ်တွေကြိုက်နှစ်သက်ခဲ့တဲ့နို့ဘီလူးရုပ်ရှင်ဇာတ်ကားကြီးကတော့ နိုင်ငံတကာရုပ်ရှင်ပွဲတွေတွေမှာ ဆုတွေတစ်ဆုပြီးတစ်ဆုရရှိနေတာပါ။ ဒီဇာတ်ကားကြီးကိုတော့ (၂၀၁၉)ခုနှစ်မတ်လမှာရုံတင်ခဲ့တာဖြစ်ပြီး လူမင်းကိုယ်တိုင်ဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့သလို ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ဇာတ်ကားကောင်းလည်း ဖြစ်ပါတယ်။

ဒီဇာတ်ကားကြီးကတော့ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာဆုတွေရရှိခဲ့ပြီး အခုလည်း ဒါရိုက်တာဆုကို ထပ်မံဆွတ်ခူးနိုင်ခဲ့ ပြန်ပါတယ်။ အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်တဲ့ နို့ဘီလူး ရုပ်ရှင်ဇာတ်ကားကြီးဟာ ရုရှားနိုင်ငံ မော်စကိုမြို့တော်တွင် ကျင်းပသော နိုင်ငံတကာရုပ်ရှင်ပွဲတော်ဖြစ်တဲ့

6th Year “ Eurasia International Monthly Film Festival “ (October 2020) Competition တွင် Best Director Winner အကောင်းဆုံးဒါရိုက်တာဆုရှင် အဖြစ် လူမင်း အား ရွေးချယ်ချီးမြှင့်ခံရပါတယ်။ 2021 တွင် မော်စကို၌ ထပ်မံကျင်းပမယ့် Eurasia Festival live screening event ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက်လည်း ဆန်ကာတင် Nominee အဖြစ် ဆက်လက်ရွေးချယ်ခံထားရပါတယ်။

ယခု ရုရှားနိုင်ငံတွင် ရရှိခဲ့သောဆုမှာ နိုင်ငံတကာမှရုပ်ရှင်ကားများစွာနှင့် ယှဉ်ပြိုင်ပြီး ဂုဏ်ယူစွာဖြင့် ရရှိခဲ့သော နို့ဘီလူးရုပ်ရှင်အတွက် တတိယအကြိမ်မြောက် ဆုဖြစ်ပါသည်။ ဒီဇာတ်ကားဟာ ဘူတန်နိုင်ငံတွင် ထူးချွန်ဆု လေးဆု ရရှိခဲ့သည့်အပြင် အိန္ဒိယနိုင်ငံတွင်လည်း ထူးချွန်ဆု ငါးဆု ရရှိခဲ့ပြီး ဖြစ်ပါတယ်။ တကယ့်ကိုဂုဏ်ယူစရာပါပဲနော်…