ေနမေကာင္းျဖစ္ေနေပမဲ့လည္း နာရီဝက္နဲ႔တင္ ကား ၁၅ စီးထိ ေရာင္းခ်ႏိုင္ခဲ့တဲ့အေၾကာင္း ေဖာက္သည္ခ်လာတဲ့ ထက္ထက္မိုးဦး

Advertisements

ထက္ထက္မိုးဦးကေတာ့ ဆယ္စုႏွစ္တစုစာ ပရိတ္သတ္ေတြရင္ထဲကို သိမ္းပိုက္ႏိုင္ခဲ့တဲ့ မင္းသမီးတဦးျဖစ္သလို အႏုပညာေလာကထဲကို ျပန္လည္ဝင္ေရာက္လာတဲ့အခါမွာလည္း အားလုံးရဲ႕ ခ်စ္ခင္မႈကို အရင္အတိုင္း ျပန္လည္ရရွိခဲ့တဲ့ ထူးျခားတဲ့ လူခ်စ္လူခင္မႈကို ပိုင္ဆိုင္ထားသူပါ။

လက္ရွိမွာေတာ့ တန္ဖိုးႀကီး လက္ဝတ္ရတနာမ်ား ကားမ်ားကိုသာမက အျခားပစၥည္းမ်ားကိုလည္း လူမႈကြန္ရက္ကေနတဆင့္ Live လႊင့္ကာ ေရာင္းခ်ေနတာပဲ ျဖစ္ပါတယ္။ အခုတေခါက္မွာလည္း နာရီဝက္နဲ႔တင္ ကားအစီးေရ ၁၅ စီးထိ ေရာင္းထြက္ခဲ့ေၾကာင္းကို အခုလိုပဲ ေျပာျပခဲ့ပါတယ္။

ထက္ထက္ ေျပာခဲ့တာကေတာ့ ” ဒီေန႔ေလ အရမ္းေပ်ာ္တာပဲ မနက္က ထက္ ေဆးစစ္ၿပီး အလုပ္ေနရာကိုသြားရတာ စိတ္ထဲမွာေတာ့ ငါအဆင္ေျပပါ့မလားဆိုတဲ့ စိတ္နဲ႔ သြားရတာ။ ဒါေပမယ့္လည္း အားလုံးအဆင္ေျပေအာင္ ႀကိဳးစားခဲ့တယ္။

မိနစ္ ၃၀ အတြင္းမွာတင္ ကား ၁၅ စီးေရာင္းရၿပီး ေနာက္ဆုံးစာရင္းခ်ဳပ္မွာ ကားအစီး ၅၀ ေတာင္ ေရာင္းရေတာ့ ေနမေကာင္းတဲ့စိတ္ေတာင္ ဘယ္ေရာက္သြားျမန္းမသိေအာင္ ေပ်ာ္႐ႊင္ရတယ္။ တကယ္ ဘယ္လိုမွ ထင္မွတ္ထားဘူး ဒီေလာက္ထိေရာင္းရမယ္လို႔ ဝယ္ယူသူေတြကလည္း ထက္ကိုခ်စ္လို႔ဝယ္တာ ထက္နဲ႔ BAIC ကို ယုံၾကည္လို႔ ဝယ္တာဆိုၿပီးေျပာၾကေတာ့ ပိုပိုၿပီး ဝမ္းသာရတယ္။ ခ်စ္ရသူေတြအတြက္ ထက္လည္း ဒီထက္အမ်ားႀကီး ႀကိဳးစားေနဦးမွာပါ။ ” ဆိုကာ သူမရဲ႕ ႀကိဳးစားမႈ ရလဒ္ေတြကို ေျပာျပခဲ့ပါတယ္။ ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကို အထူးပဲ ေက်းဇူးတင္ရွိပါတယ္ရွင္။

Unicode

နေမကောင်းဖြစ်နေပေမဲ့လည်း နာရီဝက်နဲ့တင် ကား ၁၅ စီးထိ ရောင်းချနိုင်ခဲ့တဲ့အကြောင်း ဖောက်သည်ချလာတဲ့ ထက်ထက်မိုးဦး

ထက်ထက်မိုးဦးကတော့ ဆယ်စုနှစ်တစုစာ ပရိတ်သတ်တွေရင်ထဲကို သိမ်းပိုက်နိုင်ခဲ့တဲ့ မင်းသမီးတဦးဖြစ်သလို အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့အခါမှာလည်း အားလုံးရဲ့ ချစ်ခင်မှုကို အရင်အတိုင်း ပြန်လည်ရရှိခဲ့တဲ့ ထူးခြားတဲ့ လူချစ်လူခင်မှုကို ပိုင်ဆိုင်ထားသူပါ။

လက်ရှိမှာတော့ တန်ဖိုးကြီး လက်ဝတ်ရတနာများ ကားများကိုသာမက အခြားပစ္စည်းများကိုလည်း လူမှုကွန်ရက်ကနေတဆင့် Live လွှင့်ကာ ရောင်းချနေတာပဲ ဖြစ်ပါတယ်။ အခုတခေါက်မှာလည်း နာရီဝက်နဲ့တင် ကားအစီးရေ ၁၅ စီးထိ ရောင်းထွက်ခဲ့ကြောင်းကို အခုလိုပဲ ပြောပြခဲ့ပါတယ်။

ထက်ထက် ပြောခဲ့တာကတော့ ” ဒီနေ့လေ အရမ်းပျော်တာပဲ မနက်က ထက် ဆေးစစ်ပြီး အလုပ်နေရာကိုသွားရတာ စိတ်ထဲမှာတော့ ငါအဆင်ပြေပါ့မလားဆိုတဲ့ စိတ်နဲ့ သွားရတာ။ ဒါပေမယ့်လည်း အားလုံးအဆင်ပြေအောင် ကြိုးစားခဲ့တယ်။

မိနစ် ၃၀ အတွင်းမှာတင် ကား ၁၅ စီးရောင်းရပြီး နောက်ဆုံးစာရင်းချုပ်မှာ ကားအစီး ၅၀ တောင် ရောင်းရတော့ နေမကောင်းတဲ့စိတ်တောင် ဘယ်ရောက်သွားမြန်းမသိအောင် ပျော်ရွှင်ရတယ်။ တကယ် ဘယ်လိုမှ ထင်မှတ်ထားဘူး ဒီလောက်ထိရောင်းရမယ်လို့ ဝယ်ယူသူတွေကလည်း ထက်ကိုချစ်လို့ဝယ်တာ ထက်နဲ့ BAIC ကို ယုံကြည်လို့ ဝယ်တာဆိုပြီးပြောကြတော့ ပိုပိုပြီး ဝမ်းသာရတယ်။ ချစ်ရသူတွေအတွက် ထက်လည်း ဒီထက်အများကြီး ကြိုးစားနေဦးမှာပါ။ ” ဆိုကာ သူမရဲ့ ကြိုးစားမှု ရလဒ်တွေကို ပြောပြခဲ့ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။