က်ဴးေက်ာ္အိမ္ယာမ်ားနဲ႔ ကုန္တင္ဆိပ္ကမ္းမ်ားမွာ ေငြက်ပ္ ၄ သိန္းေက်ာ္ကို ပံ့သကူျပစ္မယ့္အေၾကာင္း ေျပာခဲ့တဲ့ ခိုင္ႏွင္းေဝ

Advertisements

ပရဟိတမင္းသမီး ခိုင္ႏွင္းေဝကေတာ့ အႏုပညာအလုပ္မ်ားအျပင္ ပရဟိတလုပ္ငန္းမ်ားကိုလည္း အစဥ္တစိုက္ လုပ္ကိုင္ေနတဲ့သူျဖစ္ပါတယ္။ မိဘမဲ့ကေလးငယ္မ်ားကို ေစာင့္ေရွာက္ေရးေဂဟာဖြင့္ၿပီး ေစာင့္ေရွာက္ထားကာ တဖက္တလွမ္းမွာလည္း ေငြေၾကးခ်ိဳ႕တဲ့သူမ်ားကိုလည္း ကူညီေပးေနခဲ့တာပါ။ ခ်စ္စရာေကာင္းတဲ့ သမီးငယ္ေလးနဲ႔အတူ ေပ်ာ္စရာေကာင္းတဲ့ သူမရဲ႕ ေန႔စဥ္ျဖတ္သန္းပုံမ်ားကိုလည္း ေဖ့ဘုတ္မွတဆင့္ မွ်ေဝေပးေနသူပါ။

ယေန႔ တန္ေဆာင္မုန္းလျပည့္ညမွာေတာ့ ေငြေၾကးခ်ိဳ႕တဲ့သူမ်ားအတြက္ ေငြက်ပ္ ၄ သိန္းေက်ာ္ဖိုးကို ပံ့သကူျပစ္မယ့္အေၾကာင္းကို အခုလိုပဲ မွ်ေဝခဲ့ပါတယ္။ ” က်ဳးေက်ာ္အိမ္ယာမ်ား ၊ သံလမ္းႏွင့္ ကုန္တင္ဆိပ္ကမ္းေနရာမ်ားတြင္ ပံ့သကူ သြားပစ္ပါမယ္ရွင္…ပံ့သကူ အလႉေငြ (၄)သိန္း (၆) ေသာင္းက်ပ္ ျဖစ္ၿပီး

ခုႏွစ္ရက္သားသမီး အလႉရွင္မ်ားရဲ႕ အလႉေငြမ်ား ႏွင့္ က်မ၏ သန႔္ရွင္းေသာ လုပ္အားခမ်ား ပါဝင္ပါတယ္ရွင္….ခုႏွစ္ရက္သားသမီး အလႉရွင္မ်ားႏွင့္ ပံ့သကူရေသာ သူမ်ား က်န္းမာ ခ်မ္းသာ၍ ေဘးရန္ကင္းရွင္း ၾကပါေစရွင္…???” ဆိုကာ ေျပာခဲ့ပါတယ္။

ခိုင္ႏွင္းေဝရဲ႕ ပံ့သကူအလႉေငြမ်ားကို အမွန္တကယ္ လိုအပ္ေနသူမ်ား ရၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကို အထူးပဲ ေက်းဇူးအထူးပဲ တင္ရွိပါတယ္ရွင္။

Unicode

ကျူးကျော်အိမ်ယာများနဲ့ ကုန်တင်ဆိပ်ကမ်းများမှာ ငွေကျပ် ၄ သိန်းကျော်ကို ပံ့သကူပြစ်မယ့်အကြောင်း ပြောခဲ့တဲ့ ခိုင်နှင်းဝေ

ပရဟိတမင်းသမီး ခိုင်နှင်းဝေကတော့ အနုပညာအလုပ်များအပြင် ပရဟိတလုပ်ငန်းများကိုလည်း အစဉ်တစိုက် လုပ်ကိုင်နေတဲ့သူဖြစ်ပါတယ်။ မိဘမဲ့ကလေးငယ်များကို စောင့်ရှောက်ရေးဂေဟာဖွင့်ပြီး စောင့်ရှောက်ထားကာ တဖက်တလှမ်းမှာလည်း ငွေကြေးချို့တဲ့သူများကိုလည်း ကူညီပေးနေခဲ့တာပါ။ ချစ်စရာကောင်းတဲ့ သမီးငယ်လေးနဲ့အတူ ပျော်စရာကောင်းတဲ့ သူမရဲ့ နေ့စဥ်ဖြတ်သန်းပုံများကိုလည်း ဖေ့ဘုတ်မှတဆင့် မျှဝေပေးနေသူပါ။

ယနေ့ တန်ဆောင်မုန်းလပြည့်ညမှာတော့ ငွေကြေးချို့တဲ့သူများအတွက် ငွေကျပ် ၄ သိန်းကျော်ဖိုးကို ပံ့သကူပြစ်မယ့်အကြောင်းကို အခုလိုပဲ မျှဝေခဲ့ပါတယ်။ ” ကျုးကျော်အိမ်ယာများ ၊ သံလမ်းနှင့် ကုန်တင်ဆိပ်ကမ်းနေရာများတွင် ပံ့သကူ သွားပစ်ပါမယ်ရှင်…ပံ့သကူ အလှူငွေ (၄)သိန်း (၆) သောင်းကျပ် ဖြစ်ပြီး

ခုနှစ်ရက်သားသမီး အလှူရှင်များရဲ့ အလှူငွေများ နှင့် ကျမ၏ သန့်ရှင်းသော လုပ်အားခများ ပါဝင်ပါတယ်ရှင်….ခုနှစ်ရက်သားသမီး အလှူရှင်များနှင့် ပံ့သကူရသော သူများ ကျန်းမာ ချမ်းသာ၍ ဘေးရန်ကင်းရှင်း ကြပါစေရှင်…???” ဆိုကာ ပြောခဲ့ပါတယ်။

ခိုင်နှင်းဝေရဲ့ ပံ့သကူအလှူငွေများကို အမှန်တကယ် လိုအပ်နေသူများ ရကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးအထူးပဲ တင်ရှိပါတယ်ရှင်။