
ေခ်ာေမာေျပျပစ္တဲ့ ႐ုပ္ရည္အျပင္ ခ်စ္စရာေကာင္းတဲ့ အၿပဳံးနဲ႔ ခ်ိဳသာတဲ့ အသံေလးကို ပိုင္ဆိုင္ထားတဲ့ အဆိုေတာ္ အုပ္စိုးခန႔္ကေတာ့ အမိုက္စားသီခ်င္းေတြကိုလည္း အထာက်က်သီဆိုေလ့ရွိတာေၾကာင့္ ႏႈတ္ခမ္းနီမေလးေတြရဲ႕ႏွလုံးသားကို ပိုင္ဆိုင္ထားသူေလးပဲ ျဖစ္ပါတယ္။
ေနာက္ပိုင္းမွာေတာ့ အုပ္စိုးခန႔္က သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္လည္း ျပဳလုပ္လာခဲ့ၿပီး ” အိပ္မက္ေတြမိုးထားတဲ့အိမ္” ဇာတ္လမ္းတြဲမွာလည္း ေနျခည္ဦး၊ မိုရီဆာကီဝင္းတို႔နဲ႔အတူတူ အတြဲညီညီ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါေသးတယ္။ အသက္ (၁၈) ႏွစ္စြန္းစြန္းသာ ရွိေသးတဲ့ အုပ္စိုးခန႔္ကေတာ့ သူ႔ရဲ႕ႀကိဳးစားမႈေၾကာင့္ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ေအာင္ျမင္မႈရရွိေနၿပီပဲ ျဖစ္ပါတယ္။
အလုပ္ေတြဆက္တိုက္ႀကိဳးစားေနတဲ့ အုပ္စိုးခန႔္က ဒီတစ္ခါမွာလည္း ႏိုင္ငံေက်ာ္ အကယ္ဒမီထက္ထက္မိုးဦးနဲ႔အတူတူ နာမည္ႀကီးကားအမွတ္တံဆိပ္ကို အြန္လိုင္းကေန ေရာင္းခ်ေပးခဲ့တာပဲ ျဖစ္ပါတယ္။ အုပ္စိုးခန႔္ကေတာ့ ထက္ထက္မိုးဦးနဲ႔ ပထမဦးဆုံးအႀကိမ္ ဆုံေတြ႕စဥ္မွာပဲ သင္ယူစရာေတြရရွိခဲ့ေၾကာင္းကို ” အျပင္မွာအရမ္းခ်စ္ဖို႔ေကာင္းတဲ့ မထက္ ! ပညာေတြမ်ားႀကီး သင္ေပးတယ္။ ၿပီးေတာ့ မ်ားႀကီး လဲ ဆုံးမစကားေတြေျပာသြားတယ္??? Cutestttt ?????” ဆိုၿပီး ထက္ထက္မိုးဦးအေၾကာင္း ေျပာလာတာပဲ ျဖစ္ပါတယ္။
ထက္ထက္မိုးဦးကေတာ့ တစ္ခါမွမျမင္ဖူး၊ မဆုံဖူးေပမယ့္ အႏုပညာမ်ိဳးဆက္သစ္ေတြအေပၚကိုလည္း ပညာေတြသင္ေပး၊ ဆုံးမစကားေတြေျပာေပးတာ တကယ့္ကို ေလးစားစရာ အခ်က္တစ္ခ်က္ပါပဲ။ အုပ္စိုးခန႔္ကလည္း ထက္ထက္မိုးဦးလို အႏုပညာရွင္ႀကီးနဲ႔ ဆုံေတြ႕ရလို႔ အဖိုးမျဖတ္ႏိုင္တဲ့ ပညာေတြရရွိမွာ အေသအခ်ာပါပဲ။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။
Unicode
ထက်ထက်မိုးဦးနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံရတဲ့အချိန်မှာပဲ သူမဆီကနေ ပညာတွေအများကြီးရလိုက်ကြောင်း ပြောပြခဲ့တဲ့ အုပ်စိုးခန့်
ချောမောပြေပြစ်တဲ့ ရုပ်ရည်အပြင် ချစ်စရာကောင်းတဲ့ အပြုံးနဲ့ ချိုသာတဲ့ အသံလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် အုပ်စိုးခန့်ကတော့ အမိုက်စားသီချင်းတွေကိုလည်း အထာကျကျသီဆိုလေ့ရှိတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့နှလုံးသားကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ အုပ်စိုးခန့်က သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ပြုလုပ်လာခဲ့ပြီး ” အိပ်မက်တွေမိုးထားတဲ့အိမ်” ဇာတ်လမ်းတွဲမှာလည်း နေခြည်ဦး၊ မိုရီဆာကီဝင်းတို့နဲ့အတူတူ အတွဲညီညီ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ အသက် (၁၈) နှစ်စွန်းစွန်းသာ ရှိသေးတဲ့ အုပ်စိုးခန့်ကတော့ သူ့ရဲ့ကြိုးစားမှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်မှုရရှိနေပြီပဲ ဖြစ်ပါတယ်။
အလုပ်တွေဆက်တိုက်ကြိုးစားနေတဲ့ အုပ်စိုးခန့်က ဒီတစ်ခါမှာလည်း နိုင်ငံကျော် အကယ်ဒမီထက်ထက်မိုးဦးနဲ့အတူတူ နာမည်ကြီးကားအမှတ်တံဆိပ်ကို အွန်လိုင်းကနေ ရောင်းချပေးခဲ့တာပဲ ဖြစ်ပါတယ်။ အုပ်စိုးခန့်ကတော့ ထက်ထက်မိုးဦးနဲ့ ပထမဦးဆုံးအကြိမ် ဆုံတွေ့စဉ်မှာပဲ သင်ယူစရာတွေရရှိခဲ့ကြောင်းကို ” အပြင်မှာအရမ်းချစ်ဖို့ကောင်းတဲ့ မထက် ! ပညာတွေများကြီး သင်ပေးတယ်။ ပြီးတော့ များကြီး လဲ ဆုံးမစကားတွေပြောသွားတယ်??? Cutestttt ?????” ဆိုပြီး ထက်ထက်မိုးဦးအကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။
ထက်ထက်မိုးဦးကတော့ တစ်ခါမှမမြင်ဖူး၊ မဆုံဖူးပေမယ့် အနုပညာမျိုးဆက်သစ်တွေအပေါ်ကိုလည်း ပညာတွေသင်ပေး၊ ဆုံးမစကားတွေပြောပေးတာ တကယ့်ကို လေးစားစရာ အချက်တစ်ချက်ပါပဲ။ အုပ်စိုးခန့်ကလည်း ထက်ထက်မိုးဦးလို အနုပညာရှင်ကြီးနဲ့ ဆုံတွေ့ရလို့ အဖိုးမဖြတ်နိုင်တဲ့ ပညာတွေရရှိမှာ အသေအချာပါပဲ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။