ခယ္မေလးျဖစ္တဲ့ ေငြမႈန္ရတီနဲ႔ စုံတြဲသီဆိုထားတဲ့ သီခ်င္းအသစ္နဲ႔ ပက္သက္ၿပီး စိတ္မေကာင္းစရာ ႀကဳံေတြ႕ခဲ့ရေၾကာင္း ေျပာျပလာတဲ့ ေ႐ႊထူး

Advertisements

ေ႐ႊထူးကေတာ့ ႏိုဝင္ဘာလ(၂၇) ရက္ေန႔တုန္းက ထြက္ရွိခဲ့တဲ့ “ ေျဖ” သီခ်င္းအသစ္ေလးနဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕ သေဘာထားကို ေျပာျပလာပါတယ္။ ဒါက ေငြမႈံရတီအတြက္ ပထမဆုံး သီခ်င္းလည္း ျဖစ္သလို သီခ်င္းမထြက္ခင္အခ်ိန္မွာ အြန္လိုင္းေပၚ ေရာက္သြားခဲ့ရတယ္လို႔ ဆိုပါတယ္။

“ ေျဖ သီခ်င္းက ေငြမႈံရတီ ပထမဆုံး ဆိုဖူးတဲ့ သီခ်င္းပါ။ သူ႔မွာလည္း အမွားအယြင္းေလးေတြ ရွိမွာပါ။ ေနာက္ထပ္ပိုၿပီးေတာ့လည္း သူ႔ကို ဒီ့ထက္ပိုေကာင္းေအာင္ ေရးေပးပါဦးမယ္။ ကြၽန္ေတာ္ ကိုယ္တိုင္လည္း သီခ်င္းေကာင္းေလးေတြ ထပ္ေရးပါဦးမယ္။ ေျဖ သီခ်င္းတုန္းက Live လႊင့္ၿပီး တစ္ပတ္ေလာက္ၾကာမွ တင္ေပးပါလို႔ေျပာထားတာကို တခ်ိဳ႕က ေစာင့္ေပးၾကတယ္၊ တခ်ိဳ႕က မေနႏိုင္လို႔ တင္လိုက္ၾကတယ္။ ဘာပဲျဖစ္ျဖစ္ Support ေပးလို႔ ေက်းဇူးတင္ပါတယ္။ တကယ္လို႔မ်ား ေနာက္ထပ္သီခ်င္းေတြ ထြက္လာရင္ (၃) ရက္ေလာက္ေတာ့ ေစာင့္ေပးၾကပါ။ ကြၽန္ေတာ့္ ေပ့ခ်္မွာ တင္ၿပီး (၃) ရက္ေလာက္အထိ ပရိသတ္ေတြ ဘယ္ေလာက္ အားေပးၾကတယ္ဆိုတာကိုလည္း ၾကည့္ခ်င္ပါေသးတယ္” လို႔ သူက ဆိုပါတယ္။

ေ႐ႊထူးဟာ Facebook မွာ Live လႊင့္တိုင္း သူ႔ရဲ႕ သီခ်င္းေလးေတြကို အျမည္းသေဘာအေနနဲ႔ မၾကာခဏ မိတ္ဆက္ေပးေလ့ရွိသူ တစ္ေယာက္ပါ။ ဒါေပမယ့္ “ ေျဖ” သီခ်င္းတုန္းကလို ႀကဳံရမွာစိုးရိမ္တဲ့အတြက္ Live လႊင့္ရင္ သီခ်င္းေတြကို မဖြင့္ျပေတာ့ဘူးလို႔လည္း ပရိသတ္ကို စိတ္မေကာင္းစြာ ေျပာျပလိုက္ပါတယ္။

“ Live မွာ ကြၽန္ေတာ္ သီခ်င္းအသစ္ေတြကို မဖြင့္ျပရဲေတာ့ဘူး။ ၿပီးေတာ့ တစ္ခု Request လုပ္ခ်င္တာက Music Video လုပ္ရင္ သီခ်င္းအသစ္ေတြကို Facebook မွာ ဗီဒီယို မတင္ပဲနဲ႔ YouTube Link ေလး တင္ေပးပါမယ္။ YouTube Link ေလးကို ႏွိပ္ၿပီး အျပည့္အဝ အားေပးဖို႔လည္း ကြၽန္ေတာ္ ေတာင္းဆိုပါရေစ။ Share ရင္လည္း YouTube Link ေလးကို Share ေပးၾကပါ။ ဘာေၾကာင့္လဲ ဆိုေတာ့ ကဲကဲ နဲ႔ ဆိုထားတဲ့ ” ေျဖ” သီခ်င္းေလးကို ကြၽန္ေတာ္က Live မွာ မိတ္ဆက္ေပးလိုက္တာကို Screen Record ယူၿပီး Facebook မွာ ခ်က္ခ်င္းျပန္တင္လိုက္ၾကတဲ့ ပရိသတ္ေတြ ရွိေတာ့ သီခ်င္းမထြက္ခင္မွာ အဲဒီလိုႀကဳံရေတာ့ စိတ္မေကာင္းျဖစ္ရပါတယ္” ဆိုၿပီးေတာ့ ဒီဇင္ဘာလ (၅) ရက္ေန႔ေန႔လယ္ (၃) နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ Live လႊင့္ရင္း ေျပာခဲ့တာပါ။

အဲဒီေနာက္ ေ႐ႊထူးဟာ သီခ်င္းေတြလည္း ေရးေနသလို သူကိုယ္တိုင္ဆိုထားတဲ့ တစ္ကိုယ္ေတာ္ အေခြလည္း ထြက္လာဖို႔ ျပင္ဆင္ေနၿပီလို႔ ပရိသတ္ကို သတင္းေကာင္းပါးခဲ့ပါေသးတယ္။ “ ကြၽန္ေတာ္ Album အသစ္ထြက္ဖို႔ရွိပါေသးတယ္။ သီခ်င္းေတြကေတာ့ ေန႔တိုင္းလုပ္ျဖစ္ေနတယ္။ အသစ္ထြက္လာရင္လည္း ပရိသတ္ေတြ အားေပးၾကဖို႔ ေမွ်ာ္လင့္ပါတယ္။ ပရိသတ္အႀကိဳက္နဲ႔ ထပ္တူက်တဲ့ သီခ်င္းေတြလည္း ထြက္ထားၿပီးၿပီ ေနာက္ထပ္ ထြက္လာမယ့္ သီခ်င္းေတြမွာလည္း ပရိသတ္ေတြ အႀကိဳက္ထပ္ ကြၽန္ေတာ့္ အႀကိဳက္ပိုလုပ္ထားတာမ်ားတယ္။ ဒါကိုလည္း ႀကိဳက္ရင္ အားေပးၾကပါ၊ မႀကိဳက္ရင္လည္း မၾကည့္ပါနဲ႔လို႔ ႀကိဳေတာင္းဆိုပါရေစ” လို႔ ဆိုပါတယ္။

လက္ရွိမွာ ေ႐ႊထူးကိုေတာ့ အခ်စ္သီခ်င္းေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိလာတာ ျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ ဂီတနဲ႔ပတ္သက္ၿပီး ‘’စိတ္ကူးယဥ္စာအုပ္’’ ၊ ‘’I’’ ဆိုတဲ့ တစ္ကိုယ္ေတာ္အေခြ ၂ ေခြထြက္ရွိခဲ့ပါတယ္။ အဲဒီေနာက္ သူ႔ရဲ႕ Single Song အသစ္ေလးေတြကိုလည္း အြန္လိုင္း စာမ်က္ႏွာေပၚမွာ တင္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။ သူဟာ သ႐ုပ္ေဆာင္အလုပ္ေတြလည္း တစိုက္မတ္မတ္လုပ္ေဆာင္လာ တာျဖစ္သလို သီခ်င္းေတြအသစ္ေတြလည္း ကိုယ္တိုင္ဖန္တီးေနတယ္လို႔ သိရပါတယ္။

Unicode

ခယ်မလေးဖြစ်တဲ့ ငွေမှုန်ရတီနဲ့ စုံတွဲသီဆိုထားတဲ့ သီချင်းအသစ်နဲ့ ပက်သက်ပြီး စိတ်မကောင်းစရာ ကြုံတွေ့ခဲ့ရကြောင်း ပြောပြလာတဲ့ ရွှေထူး

ရွှေထူးကတော့ နိုဝင်ဘာလ(၂၇) ရက်နေ့တုန်းက ထွက်ရှိခဲ့တဲ့ “ ဖြေ” သီချင်းအသစ်လေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။ ဒါက ငွေမှုံရတီအတွက် ပထမဆုံး သီချင်းလည်း ဖြစ်သလို သီချင်းမထွက်ခင်အချိန်မှာ အွန်လိုင်းပေါ် ရောက်သွားခဲ့ရတယ်လို့ ဆိုပါတယ်။

“ ဖြေ သီချင်းက ငွေမှုံရတီ ပထမဆုံး ဆိုဖူးတဲ့ သီချင်းပါ။ သူ့မှာလည်း အမှားအယွင်းလေးတွေ ရှိမှာပါ။ နောက်ထပ်ပိုပြီးတော့လည်း သူ့ကို ဒီ့ထက်ပိုကောင်းအောင် ရေးပေးပါဦးမယ်။ ကျွန်တော် ကိုယ်တိုင်လည်း သီချင်းကောင်းလေးတွေ ထပ်ရေးပါဦးမယ်။ ဖြေ သီချင်းတုန်းက Live လွှင့်ပြီး တစ်ပတ်လောက်ကြာမှ တင်ပေးပါလို့ပြောထားတာကို တချို့က စောင့်ပေးကြတယ်၊ တချို့က မနေနိုင်လို့ တင်လိုက်ကြတယ်။ ဘာပဲဖြစ်ဖြစ် Support ပေးလို့ ကျေးဇူးတင်ပါတယ်။ တကယ်လို့များ နောက်ထပ်သီချင်းတွေ ထွက်လာရင် (၃) ရက်လောက်တော့ စောင့်ပေးကြပါ။ ကျွန်တော့် ပေ့ချ်မှာ တင်ပြီး (၃) ရက်လောက်အထိ ပရိသတ်တွေ ဘယ်လောက် အားပေးကြတယ်ဆိုတာကိုလည်း ကြည့်ချင်ပါသေးတယ်” လို့ သူက ဆိုပါတယ်။

ရွှေထူးဟာ Facebook မှာ Live လွှင့်တိုင်း သူ့ရဲ့ သီချင်းလေးတွေကို အမြည်းသဘောအနေနဲ့ မကြာခဏ မိတ်ဆက်ပေးလေ့ရှိသူ တစ်ယောက်ပါ။ ဒါပေမယ့် “ ဖြေ” သီချင်းတုန်းကလို ကြုံရမှာစိုးရိမ်တဲ့အတွက် Live လွှင့်ရင် သီချင်းတွေကို မဖွင့်ပြတော့ဘူးလို့လည်း ပရိသတ်ကို စိတ်မကောင်းစွာ ပြောပြလိုက်ပါတယ်။

“ Live မှာ ကျွန်တော် သီချင်းအသစ်တွေကို မဖွင့်ပြရဲတော့ဘူး။ ပြီးတော့ တစ်ခု Request လုပ်ချင်တာက Music Video လုပ်ရင် သီချင်းအသစ်တွေကို Facebook မှာ ဗီဒီယို မတင်ပဲနဲ့ YouTube Link လေး တင်ပေးပါမယ်။ YouTube Link လေးကို နှိပ်ပြီး အပြည့်အဝ အားပေးဖို့လည်း ကျွန်တော် တောင်းဆိုပါရစေ။ Share ရင်လည်း YouTube Link လေးကို Share ပေးကြပါ။ ဘာကြောင့်လဲ ဆိုတော့ ကဲကဲ နဲ့ ဆိုထားတဲ့ ” ဖြေ” သီချင်းလေးကို ကျွန်တော်က Live မှာ မိတ်ဆက်ပေးလိုက်တာကို Screen Record ယူပြီး Facebook မှာ ချက်ချင်းပြန်တင်လိုက်ကြတဲ့ ပရိသတ်တွေ ရှိတော့ သီချင်းမထွက်ခင်မှာ အဲဒီလိုကြုံရတော့ စိတ်မကောင်းဖြစ်ရပါတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ (၅) ရက်နေ့နေ့လယ် (၃) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ Live လွှင့်ရင်း ပြောခဲ့တာပါ။

အဲဒီနောက် ရွှေထူးဟာ သီချင်းတွေလည်း ရေးနေသလို သူကိုယ်တိုင်ဆိုထားတဲ့ တစ်ကိုယ်တော် အခွေလည်း ထွက်လာဖို့ ပြင်ဆင်နေပြီလို့ ပရိသတ်ကို သတင်းကောင်းပါးခဲ့ပါသေးတယ်။ “ ကျွန်တော် Album အသစ်ထွက်ဖို့ရှိပါသေးတယ်။ သီချင်းတွေကတော့ နေ့တိုင်းလုပ်ဖြစ်နေတယ်။ အသစ်ထွက်လာရင်လည်း ပရိသတ်တွေ အားပေးကြဖို့ မျှော်လင့်ပါတယ်။ ပရိသတ်အကြိုက်နဲ့ ထပ်တူကျတဲ့ သီချင်းတွေလည်း ထွက်ထားပြီးပြီ နောက်ထပ် ထွက်လာမယ့် သီချင်းတွေမှာလည်း ပရိသတ်တွေ အကြိုက်ထပ် ကျွန်တော့် အကြိုက်ပိုလုပ်ထားတာများတယ်။ ဒါကိုလည်း ကြိုက်ရင် အားပေးကြပါ၊ မကြိုက်ရင်လည်း မကြည့်ပါနဲ့လို့ ကြိုတောင်းဆိုပါရစေ” လို့ ဆိုပါတယ်။

လက်ရှိမှာ ရွှေထူးကိုတော့ အချစ်သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဂီတနဲ့ပတ်သက်ပြီး ‘’စိတ်ကူးယဉ်စာအုပ်’’ ၊ ‘’I’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေ ၂ ခွေထွက်ရှိခဲ့ပါတယ်။ အဲဒီနောက် သူ့ရဲ့ Single Song အသစ်လေးတွေကိုလည်း အွန်လိုင်း စာမျက်နှာပေါ်မှာ တင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ သူဟာ သရုပ်ဆောင်အလုပ်တွေလည်း တစိုက်မတ်မတ်လုပ်ဆောင်လာ တာဖြစ်သလို သီချင်းတွေအသစ်တွေလည်း ကိုယ်တိုင်ဖန်တီးနေတယ်လို့ သိရပါတယ်။