

Unicode
ကိုရီးယားနိုင်ငံက ချီးမြှင့်တဲ့ Asia Special Award ဆုကို ရရှိခဲ့တဲ့ ဖွေးဖွေး
ပရိတ်သတ်ကြီးရေ အကယ်ဒမီများရှင် နိုင်ငံကျော်မင်းသမီး ဖွေးဖွေးကတော့ ယနေ့မှာပဲ ကိုရီးယားနိုင်ငံက ချီးမြှင့်တဲ့ Asia Special Award ဆုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ ဆုကို ၂၀၁၉ ခုနှစ်ကတော့ နိုင်ငံကျော်မင်းသမီး အကယ်ဒမီ ဝတ်မှုန်ရွှေရည်က ရရှိခဲ့ပြီး ယခု ၂၀၂၀ မှာတော့ ဖွေးဖွေးက ဆွတ်ခူးရရှိခဲ့ပါတယ်။
ကိုဗစ်ကာလဖြစ်တဲ့အတွက် ကိုရီးယားနိုင်ငံမှာ ဆုလက်ခံရယူလို့ မရခဲ့ပဲ ယနေ့ ဒီဇင်ဘာ ၅ ရက်နေ့မှ ဆုရောက်ရှိတဲ့အကြောင်းကို ဖွေးဖွေးက အခုလိုပဲ ပြောပြခဲ့ပါတယ်။ ” Thank You untact 2020 Asia Model Awards in Seoul ! Thank You For choosing me !?✨?? Covid 19 ကာလ ဖြစ်လို့ Seoul ကို မသွားရတော့ပဲAsia Special Award ဆုကတော့ Korea ကလှမ်းပို့လိုက်လို့ ဖွေးလက်ထဲရောက်နေပါပြီရှင့်
နောက်နေ့မှ ကျေးဇူးတင်စကားကို စာရှည်ရှည်ရေးပြီး အမှတ်တရပုံရိုက်ပြီးတင်တော့မယ်ရှင့် Heeeee so happyyyy ❄️❄️❄️❄️❄️☃️??????? ဖွေးကို ဒီ Career တလျှောက်လုံးချစ်ပေး အားပေးခဲ့ကြတဲ့ ဆရာ,မိဘ,ဖွေးကို ချစ်ပေးသူ Darlings, Oopsies တဦးတယောက်ချင်းစီ တိုင်း အတွက် ယူတဲ့ ဆုလေးပါရှင်… I hope you are proud of me …
It’s all love… ” ဆိုကာ သူမရဲ့ ဆိုရှယ်မီဒီယာကနေတဆင့် ပြောကြားခဲ့ပါတယ်။
ကိုရီးယားနိုင်ငံက ချီးမြှင့်တဲ့ Asia Special Award ဆုကို ၂ နှစ်ဆက်တိုက် မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးများ ရရှိခဲ့တာဟာ တကယ်ကို ဂုဏ်ယူစရာ ကောင်းလှပါတယ်ရှင်။ ဆုရရှိခဲ့တဲ့ သရုပ်ဆောင် ဖွေးဖွေးအတွက် ဂုဏ်ပြုစကားလေး ပြောခဲ့ပါဦးနော်။