
Unicode
လူတွေအကြောင်း ပိုသိလာပြီး အရာရာ နားလည်ခွင့်လွှတ်ပေးတတ်လာတယ်ဆိုတဲ့ ထက်ထက်မိုးဦး
ထက်ထက်မိုးဦးကတော့ အနုပညာလောကရဲ့ ကြော်ညာဘုရင်မတဦးအဖြစ် ပရိတ်သတ်ကသာမက အနုပညာရှင်တွေကပါ သတ်မှတ်ခံထားရသူပါ။ သရုပ်ဆောင်လောကနဲ့ အချိန်ကြာမြင့်စွာ ဝေးကွာခဲ့ပေမဲ့လည်း အနုပညာလောကထဲကို ပြန်လည်ရောက်ရှိလာတဲ့အခါမှာတော့ အားလုံးရဲ့ ချစ်ခင်အားပေးမှုကို အရင်လိုပဲ ရရှိခဲ့တဲ့သူ ဖြစ်ပါတယ်။
လောကဓံ အနိမ့်အမြင့် အတက်အကျ များကို ကြုံခဲ့ရပြီးနောက်မှာတော့ သူမရဲ့ လက်ရှိစိတ်နေသဘောထားကို အခုလိုပဲ ပြောပြခဲ့ပါတယ်။ ” ငယ်ငယ်တုန်းက လမင်းကြီးကိုမော့ကြည့်ပြီးစကားပြောခဲ့ဘူးတယ်။အိပ်ယာကနိုးရင်နေမင်းကြီးကိုကြည့်ပြီးတော့လဲဆုတောင်းခဲ့ဘူးတယ်။
တိမ်တွေကိုကြည့်ပြီးတော့ ရင်ထဲမှာခံစားနေရတာတွေကိုမျက်ရည်တွေနဲ့စိတ်ကူးယဉ်ပြီး ရူးခဲ့ဘူးတယ်။အခုတော့လဲ လူတွေအကြောင်းပိုသိလာပြီးအရာရာနားလည်ပေး ခွင့်လွတ်ပေးတတ်လာတယ်။ ” ဆိုကာ လူတွေအကြောင်း ပိုသိလာတာနဲ့ အမျှ အရာရာကို ခွင့်လွှတ်ပေးနိုင်တဲ့ အကြောင်း မျှဝေခဲ့ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။