သ႐ုပ္ေဆာင္ထူးခန္႔ေက်ာ္က အႏုပညာသရဲႀကီးလို႔ တင္စားလိုက္တဲ့ သ႐ုပ္ေဆာင္ေနမ်ိဳးေအာင္

Advertisements

ပရိတ္အခ်စ္ေတာ္ မင္းသားႀကီးေနမ်ိဳးေအာင္ ရဲ႕အႏုပညာကိုခ်စ္ခင္ ေလးစားေသာအားျဖင့္ သ႐ုပ္ေဆာင္ထူးခန္႔ေက်ာ္က စာေလးတစ္ေစာင္ေရးသားေဖာ္ျပခဲ့ပါတယ္ ။ ဦေက်ာ္ဟိန္းကိုေတာ့အႏုပညာဘီလူးႀကီးလို႔တင္စားသလို႔ ေနမ်ိဳးေအာင္ရဲ႕အႏုပညာကို ေလးစားစြာျဖင့္ အႏုပညာသရဲႀကီးလို႔တင္စားပါရေစ လို႔ ဆိုလာခဲ့ပါတယ္ ။ ေနမ်ိဳးေအာင္ကို အိုက္တင္နဲ႔ပတ္သက္တဲ့ အရာမွန္သမွ်ႀကိဳက္တာလာခဲ့ သနားတယ္ဆိုတဲ့သရဲႀကီး တစ္ေယာက္ပါတဲ့ ပရိသတ္ႀကီးေရ ..။

မမွီဝဲနဲ႔ကင္းေအာင္ေနဆိုတဲ့ ဇာတ္လမ္းတြဲမွာ ဆရာဦးဟိန္းစိုး ဆရာဦးေမာင္သီတို႔နဲ႔ ေပါင္းဖက္ၿပီးဦးခင္ေဖအျဖစ္ သ႐ုပ္ေဆာင္ထားတာ အရမ္းပီျပင္လြန္းတဲ့ ရွားပါးသ႐ုပ္ေဆာင္ႀကီးအျဖစ္ မထင္မွတ္ဘဲ ဒီဇာတ္လမ္းတြဲမွ ေနမ်ိဳးေအာင္ႏွင့္အတူ ပါဝင္သ႐ုပ္ေဆာင္ခြင့္ရလို႔လဲ ပီတိျဖစ္ခဲ့ရတယ္လို႔ဆိုပါတယ္ ။

ဒီေလာကမွာဦးေက်ာ္ ဦးေက်ာ္သူ ကိုသားႀကီး ကိုလူမင္း ကိုေက်ာ္ရဲေအာင္ ကိုေနမ်ိဳးေအာင္ စတဲ့ သ႐ုပ္ေဆာင္ေတြဟာ အႏုပညာေလာကမွာေတာ့ ရွားပါးရတနာမ်ိဳးေတြပါ အကိုေနမ်ိဳးေအာင္နဲ႔ အႏုပညာလုပ္ငန္းမွာဆုံးဖူးတယ္ဆိုေပမယ့္ ယခုျပသေနေသာမမွီဝဲနဲ႔ကင္းေအာင္ေနဇာတ္လမ္းတြဲမွာေတာ့ေနတိုင္းဆုံးဖူးၾကခဲ့တဲ့အတြက္ အခုလို ေတာ္တဲ့သ႐ုပ္ေဆာင္ဆိုတာ သိခြင့္ရခဲ့တာျဖစ္တယ္လို႔ဆိုပါတယ္

အႏုပညာနဲ႔ပတ္သက္လာရင္ အရမ္းႀကိဳးစားတယ္ သူ႔ကိုယ္သူမသနားဘူး သူဘာျဖစ္သြားမလဲဆိုတာလဲ သူမေတြးမိဘူး အႏုပညာနဲ႔သာဆိုရင္ ေသေသေၾကေၾကဆိုတဲ့ အႏုပညာသမားစစ္ေပါ့ စိတ္ရင္းအင္မတန္ေကာင္းသလိုအႏုပညာအေျခကလဲခိုင္လြန္းလွတယ္ေလ မည္သူ႔ကိုမဆိုအႏုပညာနဲ႔ပတ္သက္လာရင္သြန္သင္ျပသၿပီးလက္ဆြဲေခၚေဆာင္သူ ဘာသာတရားကိုင္းရႈိင္းသူလည္းျဖစ္တယ္လို႔ ထူးခန္႔ေက်ာ္က သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္မွာ ေရးသားခဲ့တာပဲျဖစ္ပါတယ္ ။

Unicode

သရုပ်ဆောင်ထူးခန့်ကျော်က အနုပညာသရဲကြီးလို့ တင်စားလိုက်တဲ့ သရုပ်ဆောင်နေမျိုးအောင်

ပရိတ်အချစ်တော် မင်းသားကြီးနေမျိုးအောင် ရဲ့အနုပညာကိုချစ်ခင် လေးစားသောအားဖြင့် သရုပ်ဆောင်ထူးခန့်ကျော်က စာလေးတစ်စောင်ရေးသားဖော်ပြခဲ့ပါတယ် ။ ဦကျော်ဟိန်းကိုတော့အနုပညာဘီလူးကြီးလို့တင်စားသလို့ နေမျိုးအောင်ရဲ့အနုပညာကို လေးစားစွာဖြင့် အနုပညာသရဲကြီးလို့တင်စားပါရစေ လို့ ဆိုလာခဲ့ပါတယ် ။ နေမျိုးအောင်ကို အိုက်တင်နဲ့ပတ်သက်တဲ့ အရာမှန်သမျှကြိုက်တာလာခဲ့ သနားတယ်ဆိုတဲ့သရဲကြီး တစ်ယောက်ပါတဲ့ ပရိသတ်ကြီးရေ ..။

မမှီဝဲနဲ့ကင်းအောင်နေဆိုတဲ့ ဇာတ်လမ်းတွဲမှာ ဆရာဦးဟိန်းစိုး ဆရာဦးမောင်သီတို့နဲ့ ပေါင်းဖက်ပြီးဦးခင်ဖေအဖြစ် သရုပ်ဆောင်ထားတာ အရမ်းပီပြင်လွန်းတဲ့ ရှားပါးသရုပ်ဆောင်ကြီးအဖြစ် မထင်မှတ်ဘဲ ဒီဇာတ်လမ်းတွဲမှ နေမျိုးအောင်နှင့်အတူ ပါဝင်သရုပ်ဆောင်ခွင့်ရလို့လဲ ပီတိဖြစ်ခဲ့ရတယ်လို့ဆိုပါတယ် ။

ဒီလောကမှာဦးကျော် ဦးကျော်သူ ကိုသားကြီး ကိုလူမင်း ကိုကျော်ရဲအောင် ကိုနေမျိုးအောင် စတဲ့ သရုပ်ဆောင်တွေဟာ အနုပညာလောကမှာတော့ ရှားပါးရတနာမျိုးတွေပါ အကိုနေမျိုးအောင်နဲ့ အနုပညာလုပ်ငန်းမှာဆုံးဖူးတယ်ဆိုပေမယ့် ယခုပြသနေသောမမှီဝဲနဲ့ကင်းအောင်နေဇာတ်လမ်းတွဲမှာတော့နေတိုင်းဆုံးဖူးကြခဲ့တဲ့အတွက် အခုလို တော်တဲ့သရုပ်ဆောင်ဆိုတာ သိခွင့်ရခဲ့တာဖြစ်တယ်လို့ဆိုပါတယ် ။

အနုပညာနဲ့ပတ်သက်လာရင် အရမ်းကြိုးစားတယ် သူ့ကိုယ်သူမသနားဘူး သူဘာဖြစ်သွားမလဲဆိုတာလဲ သူမတွေးမိဘူး အနုပညာနဲ့သာဆိုရင် သေသေကြေကြေဆိုတဲ့ အနုပညာသမားစစ်ပေါ့ စိတ်ရင်းအင်မတန်ကောင်းသလိုအနုပညာအခြေကလဲခိုင်လွန်းလှတယ်လေ မည်သူ့ကိုမဆိုအနုပညာနဲ့ပတ်သက်လာရင်သွန်သင်ပြသပြီးလက်ဆွဲခေါ်ဆောင်သူ ဘာသာတရားကိုင်းရှိုင်းသူလည်းဖြစ်တယ်လို့ ထူးခန့်ကျော်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားခဲ့တာပဲဖြစ်ပါတယ် ။