
Advertisements





Unicode

မျက်နှာကျက်ကနေ ပြုတ်ကျခဲ့တာကြောင့် ဦးနှောက်လှုပ်သွားခဲ့ပြီး ဆေးရုံတင်ထားရတဲ့ သမီးလေးအခြေအနေကို ပြောပြလာတဲ့ မင်းညီ

ဝါရင့်အနုပညာရှင်တယောက်ဖြစ်တဲ့ မင်းညီကိုတော့ ပရိတ်သတ်ကြီးနဲ့ အထူးမိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူးနော်။ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး အနုပညာလုပ်ငန်းများကိုလည်း တစိုက်မတ်မတ်လုပ်ကိုင်နေသူပါ။

မင်းညီရဲ့ သမီးလေးကတော့ မျက်နှာကျက်ကနေ ပြုတ်ကျခဲ့ပြီး ဦးနှောက်လှုပ်သွားခဲ့တာကြောင့် ဆေးရုံတင်ထားခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါ အခြေအနေနဲ့ ပက်သက်ပြီး မင်းညီကတော့ အခုလိုပဲ ပြောပြခဲ့ပါတယ်။ ” သမီးမှုံအတွက် စိတ်ပူပေးကြသော မိတ်ဆွေ များအားလုံးကို ကျေးဇူးပါ…ဖြစ်ဖြစ်ချင်း လူနာတင်ကားနဲ့လာခေါ်ပြီး

အရေးပေါ်မှ ဆေးရုံတတ်သည်အထိအစစကူညီပေးသော ကိုမျိုးထွန်း ကိုဗေဒါနှင့် ပြည်သူအပေါင်းလူရွှင်တော်အဖွဲ့သားများအားလုံး…အရေးပေါ်မှ ဆရာဝန် သူနာပြုဝန်ထမ်းများ… ဦးနှောက် နှင့် အာရုံကြောခွဲစိတ်ကုသဆောင်မှ ဆရာဝန် သူနာပြုဝန်ထမ်းများ အားလုံး…လိုသမျလုပ်ပေးတဲ့ကိုအာရစ်… တို့နဲ့တကွ… အားလုံးကိုအထူးကျေးဇူးတင်ပါတယ် …..

သမီးဘယ်လိုဖြစ်တာလဲ သိချင်သူများ… ကိုဖြေပေးပါမယ်…သမီးက ကြောင်ချစ်တတ်တော့… သူ့ကြောင် မျက်နှာကြက်ထဲဝင်နေတာကို မိဘတွေမသိအောင် ရေချိုးခန်းကနေ တတ်ပြီး… ကြောင်ဆီခိုးသွားတာ..မျက်နှာကျက် ကျွံကျ.. တာပါ.. အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ပေမယ့်.. အမြင့်ကကျတဲ့ဒဏ်ကြောင့်ဦးနှောက်လှုပ်သွားလို့.. မူးပြီးစားသမျအန်နေရှာတာပါ… သမီးကိုချစ်ပေးကြတဲ့ တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးပါ.. ..အားလုံးက….ဆုတောင်းပေးသလို အမြန်ဆုံးသက်သာ ပျောက်ကင်းစေချင်မိပါတယ်… သမီးရေ ” ဆိုကာ လက်ရှိအခြေအနေကို ပြောပြခဲ့ပါတယ်။ ပရိတ်သတ်ကြီးလည်း သမီးလေးအတွက် ဆုတောင်းပေးခဲ့ပါဦးနော်။