Shwe FM မွ တစ္ႏွစ္တာအတြင္း ပရိသတ္အမ်ားဆုံး သီခ်င္းေတာင္းဆိုမႈ (အမ်ိဳးသမီး)ဆုကို ရရွိခဲ့တဲ့ ခ်မ္းေျမ့ေမာင္ခ်ိဳရဲ႕ ပီတိစကား

Advertisements

ပရိသတ္ေတြက ေမာင္ခ်ိဳလို႔ခ်စ္စႏိုးနဲ႔ေခၚၾကတဲ့ အဆိုေတာ္ ခ်မ္းေျမ့ေမာင္ခ်ိဳကေတာ့ Myanmar Idol Season (3) ရဲ႕ 1st Runner Up ဆုရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ခ်မ္းေျမ့ေမာင္ခ်ိဳကေတာ့ သူမရဲ႕ ဂီတသက္တမ္း ႏွစ္အနည္းငယ္အတြင္းမွာ ပရိသတ္ေတြရဲ႕ အားေပးမႈကို တစ္ခဲနက္ရရွိခဲ့ၿပီး သူမရဲ႕” Eleven” ဆိုတဲ့ အယ္လ္ဘမ္ကိုလည္း ထုတ္လုပ္ထားခဲ့တာပဲ ျဖစ္ပါတယ္။ အသက္ႏွစ္ဆယ္စြန္းစြန္းအ႐ြယ္သာရွိေသးတဲ့ ခ်မ္းေျမ့ေမာင္ခ်ိဳကေတာ့ ဂီတလမ္းေၾကာင္းမွာ ေအာင္ျမင္မႈေတြမ်ားစြာနဲ႔ ရပ္တည္ေနသူေလးတစ္ေယာက္ဆိုလည္း မမွားပါဘူး။

ဒီကေန႔မွာေတာ့ ခ်မ္းေျမ့ေမာင္ခ်ိဳက Shwe FM မွ တစ္ႏွစ္တာအတြင္း ပရိသတ္အမ်ားဆုံး သီခ်င္းေတာင္းဆိုမႈ (အမ်ိဳးသမီး)ဆုကို ထိုက္ထိုက္တန္တန္ ရရွိခဲ့ၿပီပဲ ျဖစ္ပါတယ္။ ခ်မ္းေျမ့ေမာင္ခ်ိဳကေတာ့ သူမကိုယ္တိုင္လည္း ထင္မထားေလာက္တဲ့ ဆုတံဆိပ္ကို ရရွိခဲ့တာေၾကာင့္ ” ဘာေျပာရမွန္းေတာင္မသိေတာ့ပါဘူး

ေက်းဇူးအမ်ားႀကီးတင္ပါတယ္ milestones ? Shwe FM လဲေက်းဇူးတင္ပါတယ္ ? ဒီသီခ်င္းေလးကိုလက္ေဆာင္ေပးခဲ့တဲ့ ကိုဟဲေလး ကိုလဲေက်းဇူးအရမ္းတင္ပါတယ္ဗ်ာ ??? ဆက္ၿပီးႀကိဳးစားပါဦးမယ္ ?” ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာကေနတဆင့္ ဝမ္းသာစကား ေျပာလာခဲ့ပါတယ္။

ခ်မ္းေျမ့ေမာင္ခ်ိဳကေတာ့ ယခု (၂၀၂၀) ခုႏွစ္အတြင္းမွာပဲ JOOX က ေပးအပ္တဲ့ ဆု(၂) ဆုကို ရရွိခဲ့ၿပီး အခု ႏွစ္ကုန္ခါနီးအခ်ိန္မွာလည္း ပရိသတ္ေတြ ဂုဏ္ယူရေအာင္ ဆုတံဆိပ္တစ္ခုကို ထပ္မံဆြတ္ခူးႏိုင္ခဲ့ၿပီပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ေမာင္ခ်ိဳေလးအတြက္ ထပ္တူဝမ္းသာေနၾကမယ္ဆိုတာ ေသခ်ာပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Unicode

Shwe FM မှ တစ်နှစ်တာအတွင်း ပရိသတ်အများဆုံး သီချင်းတောင်းဆိုမှု (အမျိုးသမီး)ဆုကို ရရှိခဲ့တဲ့ ချမ်းမြေ့မောင်ချိုရဲ့ ပီတိစကား

ပရိသတ်တွေက မောင်ချိုလို့ချစ်စနိုးနဲ့ခေါ်ကြတဲ့ အဆိုတော် ချမ်းမြေ့မောင်ချိုကတော့ Myanmar Idol Season (3) ရဲ့ 1st Runner Up ဆုရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုကတော့ သူမရဲ့ ဂီတသက်တမ်း နှစ်အနည်းငယ်အတွင်းမှာ ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိခဲ့ပြီး သူမရဲ့” Eleven” ဆိုတဲ့ အယ်လ်ဘမ်ကိုလည်း ထုတ်လုပ်ထားခဲ့တာပဲ ဖြစ်ပါတယ်။ အသက်နှစ်ဆယ်စွန်းစွန်းအရွယ်သာရှိသေးတဲ့ ချမ်းမြေ့မောင်ချိုကတော့ ဂီတလမ်းကြောင်းမှာ အောင်မြင်မှုတွေများစွာနဲ့ ရပ်တည်နေသူလေးတစ်ယောက်ဆိုလည်း မမှားပါဘူး။

ဒီကနေ့မှာတော့ ချမ်းမြေ့မောင်ချိုက Shwe FM မှ တစ်နှစ်တာအတွင်း ပရိသတ်အများဆုံး သီချင်းတောင်းဆိုမှု (အမျိုးသမီး)ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုကတော့ သူမကိုယ်တိုင်လည်း ထင်မထားလောက်တဲ့ ဆုတံဆိပ်ကို ရရှိခဲ့တာကြောင့် ” ဘာပြောရမှန်းတောင်မသိတော့ပါဘူး။

ကျေးဇူးအများကြီးတင်ပါတယ် milestones ? Shwe FM လဲကျေးဇူးတင်ပါတယ် ? ဒီသီချင်းလေးကိုလက်ဆောင်ပေးခဲ့တဲ့ ကိုဟဲလေး ကိုလဲကျေးဇူးအရမ်းတင်ပါတယ်ဗျာ ??? ဆက်ပြီးကြိုးစားပါဦးမယ် ?” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ဝမ်းသာစကား ပြောလာခဲ့ပါတယ်။

ချမ်းမြေ့မောင်ချိုကတော့ ယခု (၂၀၂၀) ခုနှစ်အတွင်းမှာပဲ JOOX က ပေးအပ်တဲ့ ဆု(၂) ဆုကို ရရှိခဲ့ပြီး အခု နှစ်ကုန်ခါနီးအချိန်မှာလည်း ပရိသတ်တွေ ဂုဏ်ယူရအောင် ဆုတံဆိပ်တစ်ခုကို ထပ်မံဆွတ်ခူးနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မောင်ချိုလေးအတွက် ထပ်တူဝမ်းသာနေကြမယ်ဆိုတာ သေချာပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။