
မင္သားေခ်ာေလး စြမ္းဇာနည္ကေတာ့ ပ်ိဳပ်ိဳေမေလးေတြရဲ႕ ခ်စ္ခင္ျခင္းကို ခံထားရသူပဲ ျဖစ္ပါတယ္။ ဇာတ္ပြဲေပါင္းမ်ားစြာကို ကျပေဖ်ာ္ေျဖခဲ့တဲ့ မင္းသားေလးစြမ္းဇာနည္ဟာ အကပညာတြင္သာမက အဆိုပညာမွာလည္း အသံေကာင္းသူလို႔ လူသိမ်ားတာေၾကာင့္ သူ႔ရဲ႕ပြဲတိုင္းဟာ အားေပးၾကည့္ရႈသူေတြနဲ႔ အၿမဲတမ္း ႐ုံျပည့္႐ုံလွ်ံလို႔ ေနပါတယ္။ စြမ္းက ရတနာပစၥည္းေတြဆိုရင္ ေ႐ႊတို႔၊ ေက်ာက္စိမ္းတို႔ ဝတ္ဆင္ရတာ မႏွစ္သက္ေပမယ့္ စိန္နားကပ္ကိုေတာ့ သိန္းသုံး၊ေလး၊ ငါးရာတန္ေလာက္ထိ ဝတ္ဖူးပါတယ္လို႔ ေျပာပါတယ္။ အခုခ်ိန္မွာေတာ့ အခိုးခံလိုက္ရတဲ့အတြက္ သူ႔ဆီမွာ အဲ့ဒီစိန္နားကပ္ေတြ မရွိေတာ့ဘူးလို႔ စြမ္းက စိတ္မေကာင္းစြာနဲ႔ပဲ ေအာက္ပါအတိုင္း ရင္ဖြင့္လာခဲ့ပါတယ္။
မရွိေတာ့ဘူး၊ အကုန္ခိုးခံလိုက္ရၿပီ။ ဟိုဟာေလ၊ ခိုးတဲ့သူက ကြၽန္ေတာ့္ရဲ႕ မန္ေနဂ်ာေပါ့။ သူက မင္းသားမန္ေနဂ်ာေပါ့။ ကြၽန္ေတာ့္ဆီမွာက ဇာတ္မန္ေနဂ်ာရယ္၊ ရႉတင္မန္ေနဂ်ာရယ္၊ မင္းသားမန္ေနဂ်ာရယ္ဆိုၿပီး ရွိတဲ့အထဲမွာမွ သူက မင္းသားမန္ေနဂ်ာေပါ့။ မင္သားအနားမွာ အၿမဲေနၿပီး မင္းသားလက္ခံရမယ့္ အလုပ္ေတြကို အၿမဲစီစဥ္ေပးရတဲ့လူ။ အဲ့လိုလူက မီးခံေသတၱာ password ေတြေရာ၊ အိမ္ေသာ့ေတြေရာ သူ႔ဆီမွာရွိေနတာ။ အိမ္ေသာ့က အဓိကေသာ့ သုံးေခ်ာင္းရွိတာ။ သုံးေခ်ာင္းရွိရာမွာ သူက ႏွစ္ေခ်ာင္းပဲ အစစ္ေပးၿပီးေတာ့ တစ္ေခ်ာင္းကို အတုလုပ္ၿပီး အစစ္တစ္ေခ်ာင္းကို သူယူထားတယ္။ ကြၽန္ေတာ္တို႔က ရန္ကုန္ၿမိဳ႕ေပၚ ပြဲကရင္ ညဆယ္နာရီကေန မနက္(၆)နာရီအထိ အိမ္မွာမရွိဘူးဆိုေတာ့ ဒီေကာင္က ညဆယ္နာရီလာၿပီး မနက္(၆)နာရီထိ အိမ္မွာ ေနလို႔ရတယ္။ ေအးေဆးခိုးလို႔ ရတယ္ေပါ့ေနာ္။ ဒီေကာင္ခိုးသြားတာ အကုန္ ကုန္သြားတာပါပဲ။ လက္ဝတ္ရတနာေတြေရာ၊ ပိုက္ဆံေတြေရာ၊ နာရီဘာညာ အကုန္ေပါ့ေလ၊ တန္ဖိုးႀကီးတာေတြ အကုန္ပါသြားတယ္။

အဆိုပါမန္ေနဂ်ာျဖစ္သူဟာဆိုရင္ စြမ္းဇာနည္ဆီကေန ခိုးယူခဲ့တဲ့ ေငြေၾကးပမာဏဟာဆိုရင္ စုစုေပါင္း သိန္း(၇၀၀)ေက်ာ္ တန္ဖိုးနီးပါးရွိမယ္လို႔ စြမ္းဇာနည္ရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။ ဒီကိစၥျဖစ္ေပၚခဲ့တာဟာ အခုဆိုရင္ (၂)ႏွစ္ေက်ာ္၊ (၃)ႏွစ္ခန႔္ ၾကာျမင့္ခဲ့ၿပီ ျဖစ္ၿပီး ခိုးသူဟာ တစ္ၿပိဳင္နက္တည္းနဲ႔ အကုန္လုံးကို ခိုးယူခဲ့တာ မဟုတ္ပဲ တစ္စတစ္စနဲ႔ နည္းနည္းဆီ ခိုးယူခဲ့တာလို႔ စြမ္းဇာနည္က ေျပာျပပါတယ္။
ကြၽန္ေတာ္က အစက မသိဘူး။ သူက အတြင္းလူလည္း ျဖစ္ေနေတာ့ ကြၽန္ေတာ့္ မီးခံေသတၱာထဲမွာ သိန္း(၅၀၀)ရွိရင္ (၁၀၀)ေလာက္ပဲ ခိုးတာ။ (၄၀၀)ေလာက္ကို ခ်န္ခဲ့တာ။ ကြၽန္ေတာ္ကလည္း ပြဲကၿပီး ျပန္လာေတာ့ မီးခံေသတၱာထဲကို ပိုက္ဆံထည့္ရင္း ေလွ်ာ့ေနတာေတြ႕ေတာ့ ကြၽန္ေတာ္ပဲ ထည့္တာမွားတယ္ ထင္ေနတာ။ အဲ့လိုမ်ိဳး မသိမသာေလး တျဖည္းျဖည္းနဲ႔ ေလ်ာ့ေနတာ ေပါ့ေနာ္။ ဒီေန႔ နာရီတစ္လုံးယူရင္ ေနာက္ေန႔က် လက္စြပ္ယူမယ္၊ အဲ့လိုမ်ိဳး မသိမသာေလး ေလ်ာ့ေလ်ာ့သြားတာ။ အဲ့တာကို စသိတဲ့အခ်ိန္က အဆိုေတာ္ဆိုေတး ေမြးေန႔အတြက္ ေမြးေန႔လက္ေဆာင္အေနနဲ႔ ကြၽန္ေတာ့္မွာရွိတဲ့ လက္စြပ္တစ္ကြင္း လက္ေဆာင္ေပးမယ္ဆိုၿပီး မီးခံေသတၱာထဲမွာ ၾကည့္ၾကည့္ေတာ့ လက္စြပ္ေတြ မရွိေတာ့ဘူး။
အဲ့တာနဲ႔ ငါပဲ အထားမွားတာလား ဆိုၿပီး နာရီလက္ေဆာင္ပဲ ေပးေတာ့မယ္ ဆိုျပန္ေတာ့လည္း နာရီေတြလည္း တစ္လုံးမွ မရွိေတာ့ဘူး။ ကြၽန္ေတာ္ ဝတ္တဲ့ နာရီေတြက သိန္း(၅၀)၊ သိန္း(၁၀၀) စသည္ျဖင့္ တန္ဖိုးႀကီးတာေတြ မ်ားတယ္။ ႂကြားတာေတာ့ မဟုတ္ဘူး။ အနိမ့္ဆုံး ကြၽန္ေတာ္ပတ္တဲ့ နာရီဆို သိန္း(၂၀) တန္ပဲ။ အဲ့ဒီအခ်ိန္တုန္းက Sevenfriday ေတြဘာေတြ ေခတ္စားတဲ့ အခ်ိန္ေလ။ Sevenfriday ဆို ဘန္ေကာက္မွာေတာင္ ရွားလို႔ စင္ကာပူတို႔၊ ဘာတို႔ကေန လွမ္းမွာရတာ။ အဲ့တာေတြ ေပ်ာက္ေနကာမွ ငါ့ပိုက္ဆံေတြလည္း ၾကည့္ဦးမွ ဆိုၿပီး ၾကည့္ေတာ့ ပိုက္ဆံေတြကလည္း ေလ်ာ့ေနတယ္။ အဲ့က်မွ ေပ်ာက္မွန္းသိတာ။
ဒီကိစၥနဲ႔ပတ္သတ္လို႔ သက္ဆိုင္ရာနဲ႔ ပူးေပါင္းေဆာင္႐ြက္ျဖစ္ခဲ့ပုံကိုလည္း စြမ္းဇာနည္က အခုလို ရွင္းျပပါတယ္။ရဲတိုင္လိုက္ေတာ့ ရဲေတြက Star City ရဲ႕ CCTV ကို လာၿပီးေတာ့ ၾကည့္တာေပါ့။ CCTV ၾကည့္တဲ့အခ်ိန္မွာ အဝင္အထြက္ေတြက တအားမ်ားေနတယ္။ ဘယ္ေကာင္က သူခိုးမွန္း မသိဘူး။ ဘယ္လိုမွ လုပ္မရဘူး။ သူတို႔ သံသယရွိလို႔ စိတ္မေကာင္းစရာက အိမ္မွာေနတဲ့သူေတြပါ တစ္ရက္ အစစ္ခံရတာ။ အိမ္မွာကလည္း ကြၽန္ေတာ္က အမ်ိဳးေတြနဲ႔ ေနတာ မဟုတ္ဘူး။ ကြၽန္ေတာ္က Star City မွာ တစ္ေယာက္တည္းေနတာ။ ကြၽန္ေတာ့ တပည့္ေတြရယ္၊ ခ်က္ျပဳတ္ေကြၽးသူေတြရယ္နဲ႔ အတူေနတာ။
ဒီေကာင္ေတြလည္း အခ်ဳပ္ခန္းထဲမွာ တစ္ရက္ အစစ္ခံရတယ္။ အဲ့လိုစစ္ေနရင္းက CCTV မွာလည္း လူအဝင္အထြက္က မ်ားေနေတာ့ ဘယ္ေကာင္က သူခိုးမွန္း မသိဘူး။ အဲ့တာနဲ႔ ဒီအတိုင္းပဲ ထားလိုက္တယ္။ ထားလိုက္ၿပီးမွ အဲ့ဒီအခ်ိန္က အခုထိမထြက္ေသးတဲ့ ရန္ကုန္ၿမိဳ႕ျပဆိုတဲ့ ႐ုပ္ရွင္ကားကို ဦးလူမင္း၊ မင္းရာဇာ၊ ဘုဏ္းသိုက္၊ တိုင္႐ြန္တို႔နဲ႔ ႐ိုက္ကူးေနခ်ိန္ ေပါ့ေနာ္။ မင္းသမီးက မိုးေဟကိုနဲ႔ ေဘဘီေမာင္။ ကြၽန္ေတာ္က အၿမဲတမ္း ဓာတ္ပုံတင္ရင္ up-to-date တင္တာ။ အခုခ်က္ခ်င္း ႐ိုက္တယ္၊ အခုတင္တယ္။ အရင္တုန္းကပုံကို ျပန္တင္ေလ့တင္ထမရွိဘူး။ အဲ့တာကို ကြၽန္ေတာ့္ရဲ႕ မန္ေနဂ်ာသူခိုးက သိထားတယ္။ အဲ့ေန႔က ျဖစ္ခ်င္ေတာ့ ရႉတင္ မင္းသားေတြ အမ်ားႀကီးဆိုေတာ့ ကြၽန္ေတာ့္အကန႔္က မနက္ (၉) နာရီေလာက္က ႐ိုက္လိုက္တာ ေန႔ခင္း (၂)နာရီေလာက္မွာ ၿပီးတယ္။
မွတ္မွတ္ရရ အဲ့ကားက ကြၽန္ေတာ္ မိုးေဟကိုနဲ႔ ပထမဆုံး စဆုံတဲ့ကားဆိုေတာ့ မိုးေဟကိုနဲ႔ ဓာတ္ပုံ႐ိုက္ၿပီး ရႈတင္မွာ မတင္ျဖစ္ေသးပဲ ညေန(၄)နာရီေလာက္ အိမ္ျပန္ေရာက္မွ Today Shooting ဆိုၿပီး တင္လိုက္တာ။ အဲ့မွာတင္ သူခိုးက ကြၽန္ေတာ္ ဓာတ္ပုံတင္ထားတဲ့ အခ်ိန္ကိုၾကည့္ၿပီး ကြၽန္ေတာ့္အေနနဲ႔ အခုခ်ိန္ေလာက္ဆို ရႈတင္မွာပဲ ရွိလိမ့္ဦးမယ္ အမွတ္နဲ႔ အိမ္ေသာ့ကို လာဖြင့္ေရာ။ တိုက္ဆိုင္ခ်င္ေတာ့ အဲ့ဒီေန႔က ကြၽန္ေတာ့္ကားကလည္း ကားပါကင္မွာ မရွိဘူး။ ကြၽန္ေတာ္က ေျမေအာက္ခန္းထဲ သြားထိုးထားတာ။ သူက ကားလည္း မရွိဘူး ဆိုေတာ့ ကြၽန္ေတာ္ ရႉတင္မွာ ရွိလိမ့္ဦးမယ္အမွတ္နဲ႔ အိမ္ေသာ့ကို လာဖြင့္တာ။ အဲ့အခ်ိန္မွာ ကြၽန္ေတာ္က ရႉတင္ၿပီးၿပီးခ်င္း ဧည့္ခန္းမွာ ဂစ္တာတီးေနတာ။ အဲ့မွာ သူက ကြၽန္ေတာ္ေသာ့ကို လာဖြင့္တယ္။
အဓိကေသာ့ သုံးေခ်ာင္းရွိရာမွာ အစစ္တစ္ေခ်ာင္းကို သူကယူထားတာေလ။ ဒါေပမယ့္ ကြၽန္ေတာ္ကလည္း ဒီေကာင့္ကို မသက္ာလို႔ သူမသိတုန္း ေသာ့လဲထားတာ။ လဲထားေတာ့ ဒီေကာင္ ဖြင့္မရဘူး။ အျပင္ဘက္ကို ေခ်ာင္းတဲ့ မွန္ဘီလူးေလးကေန ေခ်ာင္းၾကည့္လိုက္ေတာ့ ဒီေကာင္က Hoodie အနက္ေရာင္ကို ေခါင္းစြပ္ဝတ္ထားၿပီး Mask လည္း အုပ္ထားတယ္။ ကြၽန္ေတာ္က ဘယ္သူမွန္းေသခ်ာမသိတာနဲ႔ ဘယ္သူလဲလို႔ ေမးျမန္းလိုက္ေရာ ထြက္ေျပးသြားေရာ။ အဲ့ဒီအခ်ိန္ ကြၽန္ေတာ့္အိမ္မွာ ေရာက္ေနတဲ့ ကြၽန္ေတာ့္ရဲ႕ Fan ေကာင္မေလးေတြလည္း ရွိေနတာနဲ႔ သူတို႔လည္း ထြက္ေျပးသြားတဲ့ ဒီေကာင့္ကို ဝိုင္းလိုက္ၾကတာ။ ကြၽန္ေတာ္လည္း ဝရံတာက ထြက္ၾကည့္လိုက္တဲ့အခ်ိန္မွာ ေအာက္မွာ အဲ့မန္ေနဂ်ာရဲ႕ ကားေတြ႕တယ္။ အဲ့တာကို သူက ဓာတ္ေလွကားကေန ေအာက္အထိ ဆင္းမသြားပဲနဲ႔ အျခားအလႊာမွာ ပုန္းေနတယ္။ ၄နာရီေက်ာ္၊ ၅နာရီေလာက္တည္းက ျဖစ္လိုက္တာ ဒီေကာင့္ကိုမိတာ ည၁၂နာရီေလာက္မွ မိတယ္။ ရဲေတြနဲ႔ ဒီေကာင့္ကို မိသြားေတာ့ ဒီေကာင့္ကို ရမန္ႀကီး ၂ ပတ္ၾကာ စစ္ေဆးေမးျမန္းတာ သူမခိုးပါဘူးလို႔ပဲ ျငင္းတယ္။ အဲ့တာနဲ႔ လႊတ္ေပးလိုက္ရတယ္။
သံသယရွိသူကို လႊတ္ေပးလိုက္ရၿပီး ေနာက္ပိုင္း CCTV မွတ္တမ္းမ်ားအရ ထိုသူဟာ သူခိုးျဖစ္ေၾကာင္း အတည္ျပဳေပးတဲ့ မွတ္တမ္းတစ္စုံတစ္ရာ ေပၚေပါက္ခဲ့ေသာ္ျငား ထိုအခ်ိနိမွေတာ့ သူခိုးကို ဖမ္းလို႔မမိေတာ့ပဲ တာခ်ီလိတ္ဖက္မွာလိုလို၊ ေတာင္ႀကီးဖက္မွာလိုလို၊ မြန္ျပည္နယ္မွာလိုလို တိမ္းေရွာင္ေနတယ္လို႔ေတာ့ သတင္းရတယ္လို႔ သိရပါတယ္။ ေနာက္ဆက္တြဲ စုံစမ္းမႈအေနနဲ႔ ဝရမ္းထုတ္ထားၿပီျဖစ္ၿပီး ဒီဘက္က ရဲေတြက အဲ့ဒီေဒသက ရဲေတြနဲ႔ ခ်ိတ္ဆက္ဖမ္းဆီးဖို႔ လုပ္ေဆာင္ခဲ့ေပမယ့္ အခုထိေတာ့ မဖမ္းရေသးဘူးလို႔ စြမ္းက ဆိုပါတယ္။ အခုလို ကိုယ္ပင္ပင္ပန္းပန္း ရွာေဖြခဲ့တဲ့ ဥစၥာပစၥည္းေတြကို ဆုံးရႈံးလိုက္ရတာဟာ ကိုယ္ထိန္းသိမ္းတာ ညံလို႔ျဖစ္ရတာပါလို႔ပဲေျပာၾကားရင္း ဒီအင္တာဗ်ဴးေလးကို အဆုံးသတ္ေျဖၾကားေပးခဲ့ပါတယ္။ပရိသတ္ႀကီးေရ ဒီအေၾကာင္းေလးနဲ႔ ပတ္သတ္ၿပီး ပရိသတ္ႀကီး ထင္ျမင္ယူခ်က္ေလးေတြလဲ မွ်ေဝသြားၾကပါဦးေနာ္။
Unicode
အတွင်းလူကိုယ်တိုင် သူ့ဆီက သိန်းပေါင်း(၇၀၀)ကျော် ခိုးယူတာခံခဲ့ရကြောင်း ပြောပြခဲ့တဲ့ စွမ်းဇာနည်
မင်သားချောလေး စွမ်းဇာနည်ကတော့ ပျိုပျိုမေလေးတွေရဲ့ ချစ်ခင်ခြင်းကို ခံထားရသူပဲ ဖြစ်ပါတယ်။ ဇာတ်ပွဲပေါင်းများစွာကို ကပြဖျော်ဖြေခဲ့တဲ့ မင်းသားလေးစွမ်းဇာနည်ဟာ အကပညာတွင်သာမက အဆိုပညာမှာလည်း အသံကောင်းသူလို့ လူသိများတာကြောင့် သူ့ရဲ့ပွဲတိုင်းဟာ အားပေးကြည့်ရှုသူတွေနဲ့ အမြဲတမ်း ရုံပြည့်ရုံလျှံလို့ နေပါတယ်။ စွမ်းက ရတနာပစ္စည်းတွေဆိုရင် ရွှေတို့၊ ကျောက်စိမ်းတို့ ဝတ်ဆင်ရတာ မနှစ်သက်ပေမယ့် စိန်နားကပ်ကိုတော့ သိန်းသုံး၊လေး၊ ငါးရာတန်လောက်ထိ ဝတ်ဖူးပါတယ်လို့ ပြောပါတယ်။ အခုချိန်မှာတော့ အခိုးခံလိုက်ရတဲ့အတွက် သူ့ဆီမှာ အဲ့ဒီစိန်နားကပ်တွေ မရှိတော့ဘူးလို့ စွမ်းက စိတ်မကောင်းစွာနဲ့ပဲ အောက်ပါအတိုင်း ရင်ဖွင့်လာခဲ့ပါတယ်။
မရှိတော့ဘူး၊ အကုန်ခိုးခံလိုက်ရပြီ။ ဟိုဟာလေ၊ ခိုးတဲ့သူက ကျွန်တော့်ရဲ့ မန်နေဂျာပေါ့။ သူက မင်းသားမန်နေဂျာပေါ့။ ကျွန်တော့်ဆီမှာက ဇာတ်မန်နေဂျာရယ်၊ ရှူတင်မန်နေဂျာရယ်၊ မင်းသားမန်နေဂျာရယ်ဆိုပြီး ရှိတဲ့အထဲမှာမှ သူက မင်းသားမန်နေဂျာပေါ့။ မင်သားအနားမှာ အမြဲနေပြီး မင်းသားလက်ခံရမယ့် အလုပ်တွေကို အမြဲစီစဉ်ပေးရတဲ့လူ။ အဲ့လိုလူက မီးခံသေတ္တာ password တွေရော၊ အိမ်သော့တွေရော သူ့ဆီမှာရှိနေတာ။ အိမ်သော့က အဓိကသော့ သုံးချောင်းရှိတာ။ သုံးချောင်းရှိရာမှာ သူက နှစ်ချောင်းပဲ အစစ်ပေးပြီးတော့ တစ်ချောင်းကို အတုလုပ်ပြီး အစစ်တစ်ချောင်းကို သူယူထားတယ်။ ကျွန်တော်တို့က ရန်ကုန်မြို့ပေါ် ပွဲကရင် ညဆယ်နာရီကနေ မနက်(၆)နာရီအထိ အိမ်မှာမရှိဘူးဆိုတော့ ဒီကောင်က ညဆယ်နာရီလာပြီး မနက်(၆)နာရီထိ အိမ်မှာ နေလို့ရတယ်။ အေးဆေးခိုးလို့ ရတယ်ပေါ့နော်။ ဒီကောင်ခိုးသွားတာ အကုန် ကုန်သွားတာပါပဲ။ လက်ဝတ်ရတနာတွေရော၊ ပိုက်ဆံတွေရော၊ နာရီဘာညာ အကုန်ပေါ့လေ၊ တန်ဖိုးကြီးတာတွေ အကုန်ပါသွားတယ်။
အဆိုပါမန်နေဂျာဖြစ်သူဟာဆိုရင် စွမ်းဇာနည်ဆီကနေ ခိုးယူခဲ့တဲ့ ငွေကြေးပမာဏဟာဆိုရင် စုစုပေါင်း သိန်း(၇၀၀)ကျော် တန်ဖိုးနီးပါးရှိမယ်လို့ စွမ်းဇာနည်ရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒီကိစ္စဖြစ်ပေါ်ခဲ့တာဟာ အခုဆိုရင် (၂)နှစ်ကျော်၊ (၃)နှစ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ခိုးသူဟာ တစ်ပြိုင်နက်တည်းနဲ့ အကုန်လုံးကို ခိုးယူခဲ့တာ မဟုတ်ပဲ တစ်စတစ်စနဲ့ နည်းနည်းဆီ ခိုးယူခဲ့တာလို့ စွမ်းဇာနည်က ပြောပြပါတယ်။
ကျွန်တော်က အစက မသိဘူး။ သူက အတွင်းလူလည်း ဖြစ်နေတော့ ကျွန်တော့် မီးခံသေတ္တာထဲမှာ သိန်း(၅၀၀)ရှိရင် (၁၀၀)လောက်ပဲ ခိုးတာ။ (၄၀၀)လောက်ကို ချန်ခဲ့တာ။ ကျွန်တော်ကလည်း ပွဲကပြီး ပြန်လာတော့ မီးခံသေတ္တာထဲကို ပိုက်ဆံထည့်ရင်း လျှော့နေတာတွေ့တော့ ကျွန်တော်ပဲ ထည့်တာမှားတယ် ထင်နေတာ။ အဲ့လိုမျိုး မသိမသာလေး တဖြည်းဖြည်းနဲ့ လျော့နေတာ ပေါ့နော်။ ဒီနေ့ နာရီတစ်လုံးယူရင် နောက်နေ့ကျ လက်စွပ်ယူမယ်၊ အဲ့လိုမျိုး မသိမသာလေး လျော့လျော့သွားတာ။ အဲ့တာကို စသိတဲ့အချိန်က အဆိုတော်ဆိုတေး မွေးနေ့အတွက် မွေးနေ့လက်ဆောင်အနေနဲ့ ကျွန်တော့်မှာရှိတဲ့ လက်စွပ်တစ်ကွင်း လက်ဆောင်ပေးမယ်ဆိုပြီး မီးခံသေတ္တာထဲမှာ ကြည့်ကြည့်တော့ လက်စွပ်တွေ မရှိတော့ဘူး။ အဲ့တာနဲ့ ငါပဲ အထားမှားတာလား ဆိုပြီး နာရီလက်ဆောင်ပဲ ပေးတော့မယ် ဆိုပြန်တော့လည်း နာရီတွေလည်း တစ်လုံးမှ မရှိတော့ဘူး။ ကျွန်တော် ဝတ်တဲ့ နာရီတွေက သိန်း(၅၀)၊ သိန်း(၁၀၀) စသည်ဖြင့် တန်ဖိုးကြီးတာတွေ များတယ်။ ကြွားတာတော့ မဟုတ်ဘူး။ အနိမ့်ဆုံး ကျွန်တော်ပတ်တဲ့ နာရီဆို သိန်း(၂၀) တန်ပဲ။ အဲ့ဒီအချိန်တုန်းက Sevenfriday တွေဘာတွေ ခေတ်စားတဲ့ အချိန်လေ။ Sevenfriday ဆို ဘန်ကောက်မှာတောင် ရှားလို့ စင်ကာပူတို့၊ ဘာတို့ကနေ လှမ်းမှာရတာ။ အဲ့တာတွေ ပျောက်နေကာမှ ငါ့ပိုက်ဆံတွေလည်း ကြည့်ဦးမှ ဆိုပြီး ကြည့်တော့ ပိုက်ဆံတွေကလည်း လျော့နေတယ်။ အဲ့ကျမှ ပျောက်မှန်းသိတာ။
ဒီကိစ္စနဲ့ပတ်သတ်လို့ သက်ဆိုင်ရာနဲ့ ပူးပေါင်းဆောင်ရွက်ဖြစ်ခဲ့ပုံကိုလည်း စွမ်းဇာနည်က အခုလို ရှင်းပြပါတယ်။ရဲတိုင်လိုက်တော့ ရဲတွေက Star City ရဲ့ CCTV ကို လာပြီးတော့ ကြည့်တာပေါ့။ CCTV ကြည့်တဲ့အချိန်မှာ အဝင်အထွက်တွေက တအားများနေတယ်။ ဘယ်ကောင်က သူခိုးမှန်း မသိဘူး။ ဘယ်လိုမှ လုပ်မရဘူး။ သူတို့ သံသယရှိလို့ စိတ်မကောင်းစရာက အိမ်မှာနေတဲ့သူတွေပါ တစ်ရက် အစစ်ခံရတာ။ အိမ်မှာကလည်း ကျွန်တော်က အမျိုးတွေနဲ့ နေတာ မဟုတ်ဘူး။ ကျွန်တော်က Star City မှာ တစ်ယောက်တည်းနေတာ။ ကျွန်တော့ တပည့်တွေရယ်၊ ချက်ပြုတ်ကျွေးသူတွေရယ်နဲ့ အတူနေတာ။ ဒီကောင်တွေလည်း အချုပ်ခန်းထဲမှာ တစ်ရက် အစစ်ခံရတယ်။ အဲ့လိုစစ်နေရင်းက CCTV မှာလည်း လူအဝင်အထွက်က များနေတော့ ဘယ်ကောင်က သူခိုးမှန်း မသိဘူး။ အဲ့တာနဲ့ ဒီအတိုင်းပဲ ထားလိုက်တယ်။ ထားလိုက်ပြီးမှ အဲ့ဒီအချိန်က အခုထိမထွက်သေးတဲ့ ရန်ကုန်မြို့ပြဆိုတဲ့ ရုပ်ရှင်ကားကို ဦးလူမင်း၊ မင်းရာဇာ၊ ဘုဏ်းသိုက်၊ တိုင်ရွန်တို့နဲ့ ရိုက်ကူးနေချိန် ပေါ့နော်။ မင်းသမီးက မိုးဟေကိုနဲ့ ဘေဘီမောင်။ ကျွန်တော်က အမြဲတမ်း ဓာတ်ပုံတင်ရင် up-to-date တင်တာ။ အခုချက်ချင်း ရိုက်တယ်၊ အခုတင်တယ်။ အရင်တုန်းကပုံကို ပြန်တင်လေ့တင်ထမရှိဘူး။ အဲ့တာကို ကျွန်တော့်ရဲ့ မန်နေဂျာသူခိုးက သိထားတယ်။ အဲ့နေ့က ဖြစ်ချင်တော့ ရှူတင် မင်းသားတွေ အများကြီးဆိုတော့ ကျွန်တော့်အကန့်က မနက် (၉) နာရီလောက်က ရိုက်လိုက်တာ နေ့ခင်း (၂)နာရီလောက်မှာ ပြီးတယ်။
မှတ်မှတ်ရရ အဲ့ကားက ကျွန်တော် မိုးဟေကိုနဲ့ ပထမဆုံး စဆုံတဲ့ကားဆိုတော့ မိုးဟေကိုနဲ့ ဓာတ်ပုံရိုက်ပြီး ရှုတင်မှာ မတင်ဖြစ်သေးပဲ ညနေ(၄)နာရီလောက် အိမ်ပြန်ရောက်မှ Today Shooting ဆိုပြီး တင်လိုက်တာ။ အဲ့မှာတင် သူခိုးက ကျွန်တော် ဓာတ်ပုံတင်ထားတဲ့ အချိန်ကိုကြည့်ပြီး ကျွန်တော့်အနေနဲ့ အခုချိန်လောက်ဆို ရှုတင်မှာပဲ ရှိလိမ့်ဦးမယ် အမှတ်နဲ့ အိမ်သော့ကို လာဖွင့်ရော။ တိုက်ဆိုင်ချင်တော့ အဲ့ဒီနေ့က ကျွန်တော့်ကားကလည်း ကားပါကင်မှာ မရှိဘူး။ ကျွန်တော်က မြေအောက်ခန်းထဲ သွားထိုးထားတာ။ သူက ကားလည်း မရှိဘူး ဆိုတော့ ကျွန်တော် ရှူတင်မှာ ရှိလိမ့်ဦးမယ်အမှတ်နဲ့ အိမ်သော့ကို လာဖွင့်တာ။ အဲ့အချိန်မှာ ကျွန်တော်က ရှူတင်ပြီးပြီးချင်း ဧည့်ခန်းမှာ ဂစ်တာတီးနေတာ။ အဲ့မှာ သူက ကျွန်တော်သော့ကို လာဖွင့်တယ်။
အဓိကသော့ သုံးချောင်းရှိရာမှာ အစစ်တစ်ချောင်းကို သူကယူထားတာလေ။ ဒါပေမယ့် ကျွန်တော်ကလည်း ဒီကောင့်ကို မသက်ာလို့ သူမသိတုန်း သော့လဲထားတာ။ လဲထားတော့ ဒီကောင် ဖွင့်မရဘူး။ အပြင်ဘက်ကို ချောင်းတဲ့ မှန်ဘီလူးလေးကနေ ချောင်းကြည့်လိုက်တော့ ဒီကောင်က Hoodie အနက်ရောင်ကို ခေါင်းစွပ်ဝတ်ထားပြီး Mask လည်း အုပ်ထားတယ်။ ကျွန်တော်က ဘယ်သူမှန်းသေချာမသိတာနဲ့ ဘယ်သူလဲလို့ မေးမြန်းလိုက်ရော ထွက်ပြေးသွားရော။ အဲ့ဒီအချိန် ကျွန်တော့်အိမ်မှာ ရောက်နေတဲ့ ကျွန်တော့်ရဲ့ Fan ကောင်မလေးတွေလည်း ရှိနေတာနဲ့ သူတို့လည်း ထွက်ပြေးသွားတဲ့ ဒီကောင့်ကို ဝိုင်းလိုက်ကြတာ။ ကျွန်တော်လည်း ဝရံတာက ထွက်ကြည့်လိုက်တဲ့အချိန်မှာ အောက်မှာ အဲ့မန်နေဂျာရဲ့ ကားတွေ့တယ်။ အဲ့တာကို သူက ဓာတ်လှေကားကနေ အောက်အထိ ဆင်းမသွားပဲနဲ့ အခြားအလွှာမှာ ပုန်းနေတယ်။ ၄နာရီကျော်၊ ၅နာရီလောက်တည်းက ဖြစ်လိုက်တာ ဒီကောင့်ကိုမိတာ ည၁၂နာရီလောက်မှ မိတယ်။ ရဲတွေနဲ့ ဒီကောင့်ကို မိသွားတော့ ဒီကောင့်ကို ရမန်ကြီး ၂ ပတ်ကြာ စစ်ဆေးမေးမြန်းတာ သူမခိုးပါဘူးလို့ပဲ ငြင်းတယ်။ အဲ့တာနဲ့ လွှတ်ပေးလိုက်ရတယ်။
သံသယရှိသူကို လွှတ်ပေးလိုက်ရပြီး နောက်ပိုင်း CCTV မှတ်တမ်းများအရ ထိုသူဟာ သူခိုးဖြစ်ကြောင်း အတည်ပြုပေးတဲ့ မှတ်တမ်းတစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့သော်ငြား ထိုအချိနိမှတော့ သူခိုးကို ဖမ်းလို့မမိတော့ပဲ တာချီလိတ်ဖက်မှာလိုလို၊ တောင်ကြီးဖက်မှာလိုလို၊ မွန်ပြည်နယ်မှာလိုလို တိမ်းရှောင်နေတယ်လို့တော့ သတင်းရတယ်လို့ သိရပါတယ်။ နောက်ဆက်တွဲ စုံစမ်းမှုအနေနဲ့ ဝရမ်းထုတ်ထားပြီဖြစ်ပြီး ဒီဘက်က ရဲတွေက အဲ့ဒီဒေသက ရဲတွေနဲ့ ချိတ်ဆက်ဖမ်းဆီးဖို့ လုပ်ဆောင်ခဲ့ပေမယ့် အခုထိတော့ မဖမ်းရသေးဘူးလို့ စွမ်းက ဆိုပါတယ်။ အခုလို ကိုယ်ပင်ပင်ပန်းပန်း ရှာဖွေခဲ့တဲ့ ဥစ္စာပစ္စည်းတွေကို ဆုံးရှုံးလိုက်ရတာဟာ ကိုယ်ထိန်းသိမ်းတာ ညံလို့ဖြစ်ရတာပါလို့ပဲပြောကြားရင်း ဒီအင်တာဗျူးလေးကို အဆုံးသတ်ဖြေကြားပေးခဲ့ပါတယ်။ပရိသတ်ကြီးရေ ဒီအကြောင်းလေးနဲ့ ပတ်သတ်ပြီး ပရိသတ်ကြီး ထင်မြင်ယူချက်လေးတွေလဲ မျှဝေသွားကြပါဦးနော်။