ဖခင္ရွိရာ ျမန္မာႏိုင္ငံကို ျပန္လည္ေရာက္ရွိလာတဲ့ ဒိုရာအဲလက္စ္

Advertisements

အဆိုေတာ္ အဲလက္စ္ရဲ႕ သမီးငယ္ေလး ဒိုရာ အဲလက္စ္ကေတာ့ ဆြစ္ဇလန္ႏိုင္ငံမွာ ပညာသင္ၾကား ေနတာျဖစ္ၿပီး အခုဆိုရင္ ျမန္မာႏိုင္ငံကို ျပန္လည္ေရာက္ရွိေနၿပီလို႔ ေျပာပါတယ္။ “ အေဖက လြမ္းလို႔ ျပန္လာရတာပါ။ အေဖက မရေတာ့ဘူးတဲ့ သူ႔ သမီးေလးကို အရမ္းလြမ္းေနပါၿပီတဲ့ေလ။ ကြာရန္တင္း တစ္ႏွစ္လုံးမွာ ဒိုရာ ကြာရန္တင္း ဝင္ရတာ (၃) ေခါက္ရွိၿပီ။ တစ္ခါက ဖေလာ္ရီဒါကေန ျမန္မာျပည္ကို ျပန္လာတုန္းက၊ ဒုတိယတစ္ခါက ကိုဗစ္ ကူးခံရတုန္းက၊ ေနာက္ဆုံး တစ္ခုကေတာ့ အခုေပါ့။ ျပန္လာၿပီဆိုေတာ့ ေနာက္ထပ္ သီခ်င္း အသစ္ေလးေတြ ျမင္ရဦးမွာပါ” ဆိုၿပီးေတာ့ ဒီဇင္ဘာလ (၁၅) ရက္ေန႔ ညေနပိုင္းက သူ႔ရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ Live လႊင့္ၿပီး ပရိသတ္ကို အသိေပးခဲ့တာျဖစ္ပါတယ္။

ဒိုရာ အဲလက္စ္ဟာ ျမန္မာႏိုင္ငံကို ျပန္ေရာက္တဲ့ အခ်ိန္မွာ ကိုဗစ္ကာကြယ္ေရးအတြက္ ကြာရန္တင္း ဝင္ခဲ့ရတယ္လို႔ အဆိုပါ Live ထဲမွာ ေျပာခဲ့ပါတယ္။ ဒီဇင္ဘာလ (၁၆) ရက္ေန႔မွာေတာ့ ကြာရန္တင္း ရက္ျပည့္သြားလို႔ အိမ္ျပန္ရၿပီလို႔လည္း သိရပါတယ္။

“ အခု ဒိုရာက ျမန္မာျပည္မွာပါ။ ကြာရန္တင္း ဝင္ေနတာပါ အေျဖက Negative ျဖစ္ေနၿပီ ေပးမထြက္ေသးဘူး။ Negative ျဖစ္တာေတာင္ (၇) ရက္ ထပ္ေနရဦးမယ္တဲ့ေလ။ ဆြစ္ဇလန္မွာဆိုရင္ အေျဖေစာင့္ေနရတဲ့ အခ်ိန္မွာ ကြာရန္တင္းဝင္ရတယ္၊ အေျဖက Negative ျဖစ္တယ္ဆိုရင္ တစ္ခါတည္း ထြက္လို႔ရတယ္။ positive ဆိုရင္ ကြာရန္တင္း (၁၀) ရက္ထပ္ဝင္ခိုင္းတယ္။ မနက္ျဖန္ဆိုရင္ ကြာရန္တင္း ထြက္ပါေတာ့မယ္။ ဘာပဲျဖစ္ျဖစ္ ကိုယ့္ႏိုင္ငံကို ကိုယ္ျပန္ေရာက္ေနတာပဲ ေပ်ာ္လြန္းလွပါၿပီ” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။

ဒိုရာအဲလက္စ္ဟာ ဆြစ္ဇလန္ႏိုင္ငံ Lausanne ၿမိဳ႕မွာ ပညာသင္ၾကားေနရင္း ေအာက္တိုဘာလ (၁၉) ရက္ေန႔ ကေန (၃၀) ရက္ေန႔ အထိ ကိုဗစ္ေရာဂါပိုးကူးစက္ခံခဲ့ရလို႔ Quarantine ဝင္ခဲ့ရသူျဖစ္ပါတယ္။ သူမကိုေတာ့ အဆိုေတာ္ အဲလက္စ္ရဲ႕ သမီးငယ္ေလးအျဖစ္ ပရိသတ္ေတြ သတိထားမိခဲ့ၾကတာပါ။ ဒါ့အျပင္ ဂီတနဲ႔ ပတ္သက္ၿပီး ၂၀၁၈ ခုႏွစ္တုန္းက First Things First ဆိုတဲ့ Album ေလး ထြက္ရွိခဲ့ပါတယ္။ ၂၀၂၀ ခုႏွစ္ မွာေတာ့ ဂီတလႈပ္ရွားမႈ အေနနဲ႔ ” ေနဝင္ခ်ိန္” ဆိုတဲ့ Single Song ေလး ထြက္ရွိခဲ့တာျဖစ္ပါတယ္။

Unicode

ဖခင်ရှိရာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ ဒိုရာအဲလက်စ်

အဆိုတော် အဲလက်စ်ရဲ့ သမီးငယ်လေး ဒိုရာ အဲလက်စ်ကတော့ ဆွစ်ဇလန်နိုင်ငံမှာ ပညာသင်ကြား နေတာဖြစ်ပြီး အခုဆိုရင် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီလို့ ပြောပါတယ်။ “ အဖေက လွမ်းလို့ ပြန်လာရတာပါ။ အဖေက မရတော့ဘူးတဲ့ သူ့ သမီးလေးကို အရမ်းလွမ်းနေပါပြီတဲ့လေ။ ကွာရန်တင်း တစ်နှစ်လုံးမှာ ဒိုရာ ကွာရန်တင်း ဝင်ရတာ (၃) ခေါက်ရှိပြီ။ တစ်ခါက ဖလော်ရီဒါကနေ မြန်မာပြည်ကို ပြန်လာတုန်းက၊ ဒုတိယတစ်ခါက ကိုဗစ် ကူးခံရတုန်းက၊ နောက်ဆုံး တစ်ခုကတော့ အခုပေါ့။ ပြန်လာပြီဆိုတော့ နောက်ထပ် သီချင်း အသစ်လေးတွေ မြင်ရဦးမှာပါ” ဆိုပြီးတော့ ဒီဇင်ဘာလ (၁၅) ရက်နေ့ ညနေပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ Live လွှင့်ပြီး ပရိသတ်ကို အသိပေးခဲ့တာဖြစ်ပါတယ်။

ဒိုရာ အဲလက်စ်ဟာ မြန်မာနိုင်ငံကို ပြန်ရောက်တဲ့ အချိန်မှာ ကိုဗစ်ကာကွယ်ရေးအတွက် ကွာရန်တင်း ဝင်ခဲ့ရတယ်လို့ အဆိုပါ Live ထဲမှာ ပြောခဲ့ပါတယ်။ ဒီဇင်ဘာလ (၁၆) ရက်နေ့မှာတော့ ကွာရန်တင်း ရက်ပြည့်သွားလို့ အိမ်ပြန်ရပြီလို့လည်း သိရပါတယ်။

“ အခု ဒိုရာက မြန်မာပြည်မှာပါ။ ကွာရန်တင်း ဝင်နေတာပါ အဖြေက Negative ဖြစ်နေပြီ ပေးမထွက်သေးဘူး။ Negative ဖြစ်တာတောင် (၇) ရက် ထပ်နေရဦးမယ်တဲ့လေ။ ဆွစ်ဇလန်မှာဆိုရင် အဖြေစောင့်နေရတဲ့ အချိန်မှာ ကွာရန်တင်းဝင်ရတယ်၊ အဖြေက Negative ဖြစ်တယ်ဆိုရင် တစ်ခါတည်း ထွက်လို့ရတယ်။ positive ဆိုရင် ကွာရန်တင်း (၁၀) ရက်ထပ်ဝင်ခိုင်းတယ်။ မနက်ဖြန်ဆိုရင် ကွာရန်တင်း ထွက်ပါတော့မယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံကို ကိုယ်ပြန်ရောက်နေတာပဲ ပျော်လွန်းလှပါပြီ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

ဒိုရာအဲလက်စ်ဟာ ဆွစ်ဇလန်နိုင်ငံ Lausanne မြို့မှာ ပညာသင်ကြားနေရင်း အောက်တိုဘာလ (၁၉) ရက်နေ့ ကနေ (၃၀) ရက်နေ့ အထိ ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရလို့ Quarantine ဝင်ခဲ့ရသူဖြစ်ပါတယ်။ သူမကိုတော့ အဆိုတော် အဲလက်စ်ရဲ့ သမီးငယ်လေးအဖြစ် ပရိသတ်တွေ သတိထားမိခဲ့ကြတာပါ။ ဒါ့အပြင် ဂီတနဲ့ ပတ်သက်ပြီး ၂၀၁၈ ခုနှစ်တုန်းက First Things First ဆိုတဲ့ Album လေး ထွက်ရှိခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် မှာတော့ ဂီတလှုပ်ရှားမှု အနေနဲ့ ” နေဝင်ချိန်” ဆိုတဲ့ Single Song လေး ထွက်ရှိခဲ့တာဖြစ်ပါတယ်။