႐ုပ္ရွင္တေလာကလုံး ျမင့္ျမတ္ဘက္မွာ ရွိတဲ့အေၾကာင္းကို ပရိတ္သတ္ေတြသိေအာင္ ေျပာၾကားလိုက္တဲ့ ေဇာ္ေဇာ္ေအာင္

Advertisements

မေန႔ကနဲ႔ ဒီကေန႔မွာ ပရိသတ္ေတြၾကား သတင္းႀကီးေနတာကေတာ့ ႏိုင္ငံေက်ာ္မင္းသား အကယ္ဒမီျမင့္ျမတ္ရဲ႕ ဖခင္ကိုယ္တိုင္ေျဖၾကားခဲ့တဲ့ အင္တာဗ်ဴးဗီဒီယိုပဲ ျဖစ္ပါတယ္။ ျမင့္ျမတ္ရဲ႕ ဖခင္ကိုယ္တိုင္ေျပာၾကားခဲ့တဲ့ စကားေတြက ပရိသတ္ေတြကို အထင္အျမင္လြဲမွားေစတာေၾကာင့္ တခ်ိဳ႕ေသာပရိသတ္ေတြက ျမင့္ျမတ္ကို ေဝဖန္ေနၾကသလို တခ်ိဳ႕ကလည္း ျမင့္ျမတ္ရဲ႕ စိတ္ရင္းကိုသိေနတာေၾကာင့္ ဒီကိစၥက မိသားစုခ်င္း နားလည္မႈလြဲေနတယ္လို႔ ေျပာေနၾကတာပဲ ျဖစ္ပါတယ္။

ျမင့္ျမတ္ကိုယ္တိုင္ကေတာ့ သူ႔ရဲ႕မိသားစုနဲ႔ ပက္သတ္ၿပီး ဘာကိုမွ ျပန္လည္ေျဖၾကားျခင္းမရွိေပမယ့္ ျမင့္ျမတ္ကိုခ်စ္ၾကတဲ့ နီးစပ္ရာ အသိုင္းအဝိုင္းကေတာ့ ျမင့္ျမတ္ရဲ႕စိတ္ေနသေဘာထားကို ေျပာျပေနၾကတာပဲ ျဖစ္ပါတယ္။ အထူးသျဖင့္ ျမင့္ျမတ္နဲ႔ အနီးကပ္အလုပ္ေတြလုပ္ၾကတဲ့ အႏုပညာအသိုင္းအဝိုင္းက ျမင့္ျမတ္ရဲ႕ အေၾကာင္းေတြကို ေျပာျပၾကၿပီး ႏိုင္ငံေက်ာ္ ဇာတ္ပို႔သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ေဇာ္ေဇာ္ေအာင္ကလည္း သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာကေန အခုလိုပဲ ေျပာလာပါတယ္။

ေဇာ္ေဇာ္ေအာင္ကေတာ့ ” ျမင့္ျမတ္အေၾကာင္းမသိပဲ မထိနဲ႔။ ႐ုပ္ရွင္တစ္ေလာကလုံး ျမင့္ျမတ္ဘက္မွာရွိတယ္” ဆိုၿပီး ျမင့္ျမတ္ရဲ႕ အတြင္းေရးကို ေသေသခ်ာခ်ာမသိပဲ သြားပုပ္ေလလြင့္မေျပာဖို႔ ေျပာလာခဲ့တာပဲ ျဖစ္ပါတယ္။

ေဇာ္ေဇာ္ေအာင္ေျပာသလိုပဲ ျမင့္ျမတ္ကေတာ့ အႏုပညာတစ္ေလာကလုံးသာမက ပရိသတ္ေတြရဲ႕အားေပးဝန္းရံမႈကို ရရွိထားတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ျမင့္ျမတ္အေပၚ သံသယေတြရွိခဲ့ရင္ ေျဖေဖ်ာက္ဖို႔ ေတာင္းဆိုပါရေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Unicode

ရုပ်ရှင်တလောကလုံး မြင့်မြတ်ဘက်မှာ ရှိတဲ့အကြောင်းကို ပရိတ်သတ်တွေသိအောင် ပြောကြားလိုက်တဲ့ ဇော်ဇော်အောင်

မနေ့ကနဲ့ ဒီကနေ့မှာ ပရိသတ်တွေကြား သတင်းကြီးနေတာကတော့ နိုင်ငံကျော်မင်းသား အကယ်ဒမီမြင့်မြတ်ရဲ့ ဖခင်ကိုယ်တိုင်ဖြေကြားခဲ့တဲ့ အင်တာဗျူးဗီဒီယိုပဲ ဖြစ်ပါတယ်။ မြင့်မြတ်ရဲ့ ဖခင်ကိုယ်တိုင်ပြောကြားခဲ့တဲ့ စကားတွေက ပရိသတ်တွေကို အထင်အမြင်လွဲမှားစေတာကြောင့် တချို့သောပရိသတ်တွေက မြင့်မြတ်ကို ဝေဖန်နေကြသလို တချို့ကလည်း မြင့်မြတ်ရဲ့ စိတ်ရင်းကိုသိနေတာကြောင့် ဒီကိစ္စက မိသားစုချင်း နားလည်မှုလွဲနေတယ်လို့ ပြောနေကြတာပဲ ဖြစ်ပါတယ်။

မြင့်မြတ်ကိုယ်တိုင်ကတော့ သူ့ရဲ့မိသားစုနဲ့ ပက်သတ်ပြီး ဘာကိုမှ ပြန်လည်ဖြေကြားခြင်းမရှိပေမယ့် မြင့်မြတ်ကိုချစ်ကြတဲ့ နီးစပ်ရာ အသိုင်းအဝိုင်းကတော့ မြင့်မြတ်ရဲ့စိတ်နေသဘောထားကို ပြောပြနေကြတာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မြင့်မြတ်နဲ့ အနီးကပ်အလုပ်တွေလုပ်ကြတဲ့ အနုပညာအသိုင်းအဝိုင်းက မြင့်မြတ်ရဲ့ အကြောင်းတွေကို ပြောပြကြပြီး နိုင်ငံကျော် ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဇော်ဇော်အောင်ကလည်း သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ အခုလိုပဲ ပြောလာပါတယ်။

ဇော်ဇော်အောင်ကတော့ ” မြင့်မြတ်အကြောင်းမသိပဲ မထိနဲ့။ ရုပ်ရှင်တစ်လောကလုံး မြင့်မြတ်ဘက်မှာရှိတယ်” ဆိုပြီး မြင့်မြတ်ရဲ့ အတွင်းရေးကို သေသေချာချာမသိပဲ သွားပုပ်လေလွင့်မပြောဖို့ ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

ဇော်ဇော်အောင်ပြောသလိုပဲ မြင့်မြတ်ကတော့ အနုပညာတစ်လောကလုံးသာမက ပရိသတ်တွေရဲ့အားပေးဝန်းရံမှုကို ရရှိထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မြင့်မြတ်အပေါ် သံသယတွေရှိခဲ့ရင် ဖြေဖျောက်ဖို့ တောင်းဆိုပါရစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။