

Unicode
ချစ်ဇနီးသက်သခင်နဲ့ တစ်ထေရာတည်းချွတ်စွပ်တူတဲ့ သားသားလေးကို မျက်စိအောက်က အပျောက်မခံနိုင်အောင် အချစ်ပိုနေတဲ့ စိုးရန်အောင်
နာမည်ကြီး အနုပညာရှင် ဇနီးမောင်နှံဖြစ်ကြတဲ့ စိုးရန်အောင်နဲ့ သက်သခင်တို့ကတော့ အောင်မြင်မှုတွေ အသီးသီးရရှိပိုင်ဆိုင်ထားကြတာပဲ ဖြစ်ပါတယ်။ စိုးရန်အောင်နဲ့ သက်သခင်တို့ကတော့ အနုပညာအလုပ်တွေကို အတူတူတွဲဖက်ရင်း ဖူးစာဆုံခဲ့ကြတာမို့ စိတ်တူကိုယ်တူရှိပြီး အပေးအယူမျှတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားကြတာပဲ ဖြစ်ပါတယ်။
ပရိသတ်တွေကလည်း နွေးထွေးပြီး ကြင်နာမှုတွေအမြဲပြည့်နှက်နေတဲ့ စိုးရန်အောင်နဲ့ သက်သခင်တို့ရဲ့ အိမ်ထောင်ရေးလေးကို အမြဲတမ်း စိတ်ဝင်တစားရှိကြတာပဲ ဖြစ်ပါတယ်။ စိုးရန်အောင်နဲ့ သက်သခင်တို့ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၄) ရက်နေ့မှာပဲ သူတို့ရဲ့ ဘဝထဲကို ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက် ပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
စိုးရန်အောင်နဲ့ သက်သခင်တို့ရဲ့သားလေးက ဒီနေ့ဆိုရင် (၁၀) ရက်သားအရွယ်သာရှိသေးပေမယ့် မျက်လုံးလေးတွေပွင့်ပြီး အရမ်းချစ်စရာကောင်းတာကို ပရိသတ်ကြီးလည်း တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ စိုးရန်အောင်ကလည်း ချစ်ဇနီး သက်သခင်နဲ့ ချွတ်စွတ်တူတဲ့သားလေးကို မျက်စိအောက်ကနေ အပျောက်မခံနိုင်ပဲ အမြဲတမ်း အရိပ်တကြည့်ကြည့်ချစ်နေရှာတာပဲ ဖြစ်ပါတယ်။
စိုးရန်အောင်နဲ့ သက်သခင်တို့ကတော့ အိမ်ထောင်သက်သုံးနှစ်ကျော်အတွင်းမှာ နှစ်ယောက်တည်းဘဝလေးတည်ဆောက်ခဲ့ပြီး အခုလို သားလေးတစ်ယောက် ရရှိလာချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးလေးက ပိုလို့တောင် ပြီးပြည့်စုံသွားခဲ့တာပဲ ဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း စိုးရန်အောင်နဲ့ သက်သခင်တို့ရဲ့ သားသားလေးကိုကြည့်ပြီး အရမ်းချစ်နေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။