
ခ်စ္စရာေကာင္းၿပီး တည္ၿငိမ္တဲ့ အလွပိုင္ရွင္ေလးတစ္ဦးျဖစ္သူ အလွမယ္ေအးခ်မ္းမိုးကေတာ့ ပရိသတ္နဲ႔ မစိမ္းတဲ့ အႏုပညာရွင္တစ္ဦးပဲ ျဖစ္ပါလိမ့္မယ္ေနာ္။အရင္တစ္ေခတ္မွာ ျမဝတီ႐ုပ္သံကေန ထုတ္လႊင့္ခဲ့တဲ့ ပေဟဠိနန္းေတာ္ တီဗီအစီအစဥ္ကေနတစ္ဆင့္ နာမည္ရလာၿပီး Miss ၿပိဳင္ပြဲေတြ ဝင္ၿပိဳင္ရင္းကေန ပရိသတ္ေတြရဲ႕ ရင္ထဲမွာ ေနရာေပးျခင္းခံခဲ့ရတဲ့ ေအးခ်မ္းမိုးဟာ ႏိုင္ငံတကာ အလွမယ္ၿပိဳင္ပြဲေတြက္ိုလည္း သြားေရာက္ယွဥ္ၿပိဳင္ခဲ့ရသူ တစ္ဦးပဲ ျဖစ္ပါတယ္။
အဲ့ဒီလိုမ်ိဳး အလွမယ္တစ္ဦးအေနနဲ႔ အရည္အခ်င္း ျပည့္ဝလွတဲ့အတြက္ ပရိသတ္ရဲ႕ ခ်စ္ခင္အားေပးမႈကို ရရွိထားတဲ့ ခ်မ္းမိုးေလးဟာ လြန္ခဲ့တဲ့ ရက္အနည္းငယ္ကပဲ သူမရဲ႕ ခ်စ္သူက ခ်စ္သူသက္တမ္း ရက္(၃၀၀)ျပည့္အထိန္းအမွတ္အေနနဲ႔ လက္ထပ္ခြင့္ေတာင္းတာကို ခံလိုက္ရၿပီပဲ ျဖစ္ပါတယ္။ ေအးခ်မ္းမိုးဟာ သူမရဲ႕ ခ်စ္သူနဲ႔ ရက္(၃၀၀)ျပည့္ အထိမ္းအမွတ္အျဖစ္ စားေသာက္ဆိုင္ႀကီးတစ္ခုမွာ ညစာစားဖို႔ ခ်ိန္းထားရင္းကေန အခုလို လက္ထပ္ခြင့္ ေတာင္းခံလိုက္ရတာပဲ ျဖစ္ပါတယ္။

ဒီအင္တာဗ်ဴးေလးမွာေတာ့ ေအးခ်မ္းမိုးက သူမရဲ႕ခ်စ္သူဟာ သူမကို လက္ထပ္ခြင့္ေတာင္းခံရာမွာ ကမာၻမွာ တစ္ခုတည္းေသာ လက္စြပ္အျဖစ္ သူကိုယ္တိုင္ ဒီဇိုင္းဆြဲထားတဲ့ လက္စြပ္ေလးနဲ႔ လက္ထပ္ခြင့္ေတာင္းခံခဲ့တာ ျဖစ္ေၾကာင္း ထုတ္ေျပာလာခဲ့တာပဲ ျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ လူအမ်ားစုဟာ လက္ထပ္လက္စြပ္ေတြကို ရတနာဆိုင္ေတြမွာ အသင့္ျပဳလုပ္ေရာင္းခ်ထားတဲ့ လက္စြက္ေတြကို ဝယ္ယူၿပီးေတာ့သာ မိမိရဲ႕ခ်စ္ရသူေတြကို လက္ထပ္ခြင့္ေတာင္းခံေလ့ရွိေပမယ့္ ေအးခ်မ္းမိုးရဲ႕ခ်စ္သူကေတာ့ သူကိုယ္တိုင္ ဒီဇိုင္းဆြဲထားတဲ့ လက္စြပ္ေလးကို သူရဲ႕သူငယ္ခ်င္း ပန္းတိမ္ဆရာဆီမွာ ေသခ်ာ customize လုပ္၊ အပ္ႏွံေပးခဲ့တဲ့အတြက္ အတိုင္းမသိ ဝမ္းသာတယ္လို႔ ေအးခ်မ္းမိုးက ဆိုပါတယ္။
လက္စြပ္ေလးဟာ စိန္ကို ေ႐ႊကြပ္ကာ အေပၚကေန ေ႐ႊျဖဴေရာင္ ျပန္ေျပာင္းထားတဲ့ အေရာင္ရွိၿပီး ေ႐ႊထည္၊ စိန္ထည္ေတြအေၾကာင္းကို ခင္ပြန္းေလာင္းက နားမလည္တဲ့အတြက္ ေယာကၼမေလာင္းကိုယ္တိုင္က လိုအပ္တဲ့ပစၥည္းေတြ သြားဝယ္ေပးခဲ့ရတာျဖစ္တယ္လို႔ ေအးခ်မ္းမိုးက ဆိုပါတယ္။ ခင္ပြန္းေလာင္းက သူမကို လက္ထပ္ခြင့္ေတာင္းၿပီး ေနာက္ရက္မွာ ေယာကၡမေလာင္းျဖစ္သူက “သမီးလက္စြပ္ေလး ႀကိဳက္ရဲ႕လား” လို႔ ဖုန္းဆက္ကာ ဂ႐ုတစိုက္ ေမးျမန္းလာခဲ့ၿပီး အခုလို ခင္ပြန္းေလာင္းရဲ႕ အေမသာမက၊ ခင္ပြန္းေလာင္းရဲ႕ ညီျဖစ္သူရဲ႕ ဇနီး(ခယ္မေလး) ကပါ သူမကို ဂ႐ုတစိုက္ ခ်စ္ခင္ေပးၾကတဲ့အတြက္ အရမ္းဝမ္းသာရပါတယ္လို႔ ေအးခ်မ္းမိုးက ၾကည္ၾကည္ႏူးႏူး ေျပာျပခဲ့ပါတယ္။
သူမရဲ႕ ေယာကၡမေလာင္းဟာ သူမကို အရမ္းကို အေရးတယူရွိလွၿပီး ယခင္တည္းက သားေတာ္ေမာင္ မ်က္ႏွာမေကာင္းရင္ေတာင္ “သားခ်စ္သူနဲ႔ အဆင္ေျပလား” လို႔ ေမးျမန္းတတ္ၿပီး ခ်မ္းမိုးေလးကို ေလးေလးစားစားဆက္ဆံေပးဖို႔ အၿမဲဆိုဆုံးမေလ့ရွိတယ္လို႔ သိရပါတယ္။ သူမတို႔စုံတြဲဟာ တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္ခ်စ္ခင္ခင္နဲ႔ ဂ႐ုတစိုက္ရွိလွၿပီး ခ်စ္သူသက္တမ္းတစ္ေလွ်ာက္ မနက္မိုးလင္းလို႔ မ်က္စိႏွစ္လုံးပြင့္တာနဲ႔ ဗီဒီယိုေကာလ္ေခၚၿပီး စကားေျပာၾကတာ ခုခ်ိန္ထိ တစ္ရက္မွ မျပတ္ၾကေသးဘူးလို႔ ေအးခ်မ္းမိုးက ဆိုပါတယ္။
ပရိသတ္ႀကီးတို႔ေရ ေအးခ်မ္းမိုးတို႔ စုံတြဲဟာ တစ္ဦးကိုတစ္ဦး ခ်စ္ခင္လာတာ အခုဆိုရင္ ရက္ေပါင္း(၃၀၀)ေက်ာ္ ၾကာျမင္ခဲ့ၿပီပဲ ျဖစ္ပါတယ္။ အခုလို ခ်စ္သူနဲ႔ ခ်စ္သူမိသားစုဝင္ေတြရဲ႕ ဂ႐ုတစိုက္ခ်စ္ေပးမႈကို ခံေနရတဲ့ ခ်မ္းမိုးေလးတစ္ေယာက္ မဂၤလာေဆာင္၊ လက္ထပ္ထိမ္းျမားတဲ့ အခါမွာလည္း သာယာေျဖာင့္ျဖဴးတဲ့ အိမ္ေထာင္ေရး ခရီးလမ္းကို ေလွ်ာက္လွမ္းရပါေစလို႔ ဆုမြန္ေကာင္း ေတာင္းအပ္ပါတယ္။အခ်ိန္ေပးၿပီး ဖတ္ရႈေပးတဲ့ ပရိသတ္အားလုံးကိုလည္း ေက်းဇူးအထူးပဲတင္ရွိပါတယ္။
Unicode
တစ်ကမ္ဘာလုံးမှာ တစ်ခုပဲရှိတဲ့ လက်စွပ်နဲ့ ခင်ပွန်းလောင်းက လက်ထပ်ခွင့်တောင်းခဲ့ကြောင်း ပြောပြခဲ့တဲ့ အေးချမ်းမိုး
ချစ်စရာကောင်းပြီး တည်ငြိမ်တဲ့ အလှပိုင်ရှင်လေးတစ်ဦးဖြစ်သူ အလှမယ်အေးချမ်းမိုးကတော့ ပရိသတ်နဲ့ မစိမ်းတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါလိမ့်မယ်နော်။အရင်တစ်ခေတ်မှာ မြဝတီရုပ်သံကနေ ထုတ်လွှင့်ခဲ့တဲ့ ပဟေဠိနန်းတော် တီဗီအစီအစဉ်ကနေတစ်ဆင့် နာမည်ရလာပြီး Miss ပြိုင်ပွဲတွေ ဝင်ပြိုင်ရင်းကနေ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာပေးခြင်းခံခဲ့ရတဲ့ အေးချမ်းမိုးဟာ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေကိုလည်း သွားရောက်ယှဉ်ပြိုင်ခဲ့ရသူ တစ်ဦးပဲ ဖြစ်ပါတယ်။
အဲ့ဒီလိုမျိုး အလှမယ်တစ်ဦးအနေနဲ့ အရည်အချင်း ပြည့်ဝလှတဲ့အတွက် ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ ချမ်းမိုးလေးဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ သူမရဲ့ ချစ်သူက ချစ်သူသက်တမ်း ရက်(၃၀၀)ပြည့်အထိန်းအမှတ်အနေနဲ့ လက်ထပ်ခွင့်တောင်းတာကို ခံလိုက်ရပြီပဲ ဖြစ်ပါတယ်။ အေးချမ်းမိုးဟာ သူမရဲ့ ချစ်သူနဲ့ ရက်(၃၀၀)ပြည့် အထိမ်းအမှတ်အဖြစ် စားသောက်ဆိုင်ကြီးတစ်ခုမှာ ညစာစားဖို့ ချိန်းထားရင်းကနေ အခုလို လက်ထပ်ခွင့် တောင်းခံလိုက်ရတာပဲ ဖြစ်ပါတယ်။
ဒီအင်တာဗျူးလေးမှာတော့ အေးချမ်းမိုးက သူမရဲ့ချစ်သူဟာ သူမကို လက်ထပ်ခွင့်တောင်းခံရာမှာ ကမ္ဘာမှာ တစ်ခုတည်းသော လက်စွပ်အဖြစ် သူကိုယ်တိုင် ဒီဇိုင်းဆွဲထားတဲ့ လက်စွပ်လေးနဲ့ လက်ထပ်ခွင့်တောင်းခံခဲ့တာ ဖြစ်ကြောင်း ထုတ်ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။
များသောအားဖြင့် လူအများစုဟာ လက်ထပ်လက်စွပ်တွေကို ရတနာဆိုင်တွေမှာ အသင့်ပြုလုပ်ရောင်းချထားတဲ့ လက်စွက်တွေကို ဝယ်ယူပြီးတော့သာ မိမိရဲ့ချစ်ရသူတွေကို လက်ထပ်ခွင့်တောင်းခံလေ့ရှိပေမယ့် အေးချမ်းမိုးရဲ့ချစ်သူကတော့ သူကိုယ်တိုင် ဒီဇိုင်းဆွဲထားတဲ့ လက်စွပ်လေးကို သူရဲ့သူငယ်ချင်း ပန်းတိမ်ဆရာဆီမှာ သေချာ customize လုပ်၊ အပ်နှံပေးခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာတယ်လို့ အေးချမ်းမိုးက ဆိုပါတယ်။
လက်စွပ်လေးဟာ စိန်ကို ရွှေကွပ်ကာ အပေါ်ကနေ ရွှေဖြူရောင် ပြန်ပြောင်းထားတဲ့ အရောင်ရှိပြီး ရွှေထည်၊ စိန်ထည်တွေအကြောင်းကို ခင်ပွန်းလောင်းက နားမလည်တဲ့အတွက် ယောက္မမလောင်းကိုယ်တိုင်က လိုအပ်တဲ့ပစ္စည်းတွေ သွားဝယ်ပေးခဲ့ရတာဖြစ်တယ်လို့ အေးချမ်းမိုးက ဆိုပါတယ်။ ခင်ပွန်းလောင်းက သူမကို လက်ထပ်ခွင့်တောင်းပြီး နောက်ရက်မှာ ယောက္ခမလောင်းဖြစ်သူက “သမီးလက်စွပ်လေး ကြိုက်ရဲ့လား” လို့ ဖုန်းဆက်ကာ ဂရုတစိုက် မေးမြန်းလာခဲ့ပြီး အခုလို ခင်ပွန်းလောင်းရဲ့ အမေသာမက၊ ခင်ပွန်းလောင်းရဲ့ ညီဖြစ်သူရဲ့ ဇနီး(ခယ်မလေး) ကပါ သူမကို ဂရုတစိုက် ချစ်ခင်ပေးကြတဲ့အတွက် အရမ်းဝမ်းသာရပါတယ်လို့ အေးချမ်းမိုးက ကြည်ကြည်နူးနူး ပြောပြခဲ့ပါတယ်။
သူမရဲ့ ယောက္ခမလောင်းဟာ သူမကို အရမ်းကို အရေးတယူရှိလှပြီး ယခင်တည်းက သားတော်မောင် မျက်နှာမကောင်းရင်တောင် “သားချစ်သူနဲ့ အဆင်ပြေလား” လို့ မေးမြန်းတတ်ပြီး ချမ်းမိုးလေးကို လေးလေးစားစားဆက်ဆံပေးဖို့ အမြဲဆိုဆုံးမလေ့ရှိတယ်လို့ သိရပါတယ်။
သူမတို့စုံတွဲဟာ တစ်ယောက်ကိုတစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ ဂရုတစိုက်ရှိလှပြီး ချစ်သူသက်တမ်းတစ်လျှောက် မနက်မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်တာနဲ့ ဗီဒီယိုကောလ်ခေါ်ပြီး စကားပြောကြတာ ခုချိန်ထိ တစ်ရက်မှ မပြတ်ကြသေးဘူးလို့ အေးချမ်းမိုးက ဆိုပါတယ်။
ပရိသတ်ကြီးတို့ရေ အေးချမ်းမိုးတို့ စုံတွဲဟာ တစ်ဦးကိုတစ်ဦး ချစ်ခင်လာတာ အခုဆိုရင် ရက်ပေါင်း(၃၀၀)ကျော် ကြာမြင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ အခုလို ချစ်သူနဲ့ ချစ်သူမိသားစုဝင်တွေရဲ့ ဂရုတစိုက်ချစ်ပေးမှုကို ခံနေရတဲ့ ချမ်းမိုးလေးတစ်ယောက် မင်္ဂလာဆောင်၊ လက်ထပ်ထိမ်းမြားတဲ့ အခါမှာလည်း သာယာဖြောင့်ဖြူးတဲ့ အိမ်ထောင်ရေး ခရီးလမ်းကို လျှောက်လှမ်းရပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးအထူးပဲတင်ရှိပါတယ်။