

Unicode
လွန်ခဲ့တဲ့ ၇ နှစ်က ဒါရိုက်တာ ဏကြီးရဲ့ ချစ်ရေးဆိုခံခဲ့ရတဲ့ အမှတ်တရ အဖြစ်အပျက်လေးကို ပြောပြလာတဲ့ ပိုင်ဖြိုးသု
ဒါရိုက်တာ ဏကြီးနဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုတို့ကတော့ အားလုံးက အားကျချစ်ခင်ရပြီး လိုက်ဖက်လွန်းလှတဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုကတော့ ကိုဏကြီးကို ဦးရေခဲလို့ ချစ်စနိုးခေါ်ဝေါ်ပြီး သူမတို့ရဲ့ ချစ်စရာကောင်းတဲ့ အမှတ်တရလေးတွေကို အမြဲလိုလို ပြောပြလေ့ရှိတဲ့သူပါ။ အခုတခေါက်မှာလည်း လွန်ခဲ့တဲ့ ၇ နှစ်က ပထမဆုံး ချစ်ရေးဆိုတဲ့ အဖြစ်အပျက်လေးကို အခုလိုပဲ ပြောပြခဲ့ပါတယ်။
ပိုင်ဖြိုးသု ပြောခဲ့တာကတော့ ” လွမ်းချင်း……❤️လွန်ခဲ့တဲ့(၇)နှစ် ဒီလိုChristmasနေ့လေးမှာအသက်(၃၂)နှစ်အရွယ်အကိုကြီးတစ်ယောက်…အသက်(၂၃)နှစ်အရွယ်ချာတိတ်မလေးတစ်ယောက်ကိုရည်းစားစကားပြောဖို့အရေး coffeeဆိုင်လေးရဲ့အပေါ်ထပ်မှာ စိတ်လှုပ်ရှားစွာနဲ့စောင့်နေလေရဲ့…..?ပြောဖို့စကားတွေစာစီနေတုန်း ဆိုင်ကနေမနက်စောစောထဖွင့်လိုက်တဲ့တရားခွေကြောင့် သူ့ခမျာလန့်ဖြန့်သွားခဲ့ရသေးတာ….
ရည်းစားစကားပြောတာကိုအနောက်ကတရားသံ dubbingနဲ့ဆိုတော့ စဉ်းစားကြည့်လေ ?ဒါပေမယ့်အဲဒီ့နေ့ကသူကံကောင်းသွားခဲ့တယ်….သူ့ချာတိတ်မ ဆိုင်ထဲလှမ်းအဝင်….တရားခွေကအဆုံးကွက်တိ ☺️အောင်မြင်စွာနဲ့ ကောင်မလေးကိုရည်းစားစကားပြောခဲ့လိုက်နိုင်တယ်ပေါ့…..?ဒီလိုနဲ့ပဲ…..(၇)နှစ်ခန့်ကြာသောအခါ……
အသက်(၃၉)နှစ်အရွယ်ဦးလေးစခေါ်ခံနေရတဲ့တစ်ခါကအကိုကြီးဟာ အသက်(၃၀)အရွယ်အစ်မကြီးစခေါ်ခံလာရတဲ့တစ်ခါကချာတိတ်မလေးကို အာရုံတွေနောက်လာလွန်းလို့ တစ်ချိန်ကအချိန်ကိုက်ပြီးသွားပေးတဲ့တရားခွေကိုပဲစိတ်နာရမလား အောင်မြင်စွာရည်းစားစကားပြောနိုင်ခဲ့တဲ့ကိုယ့်ကိုယ်ကိုပဲခပ်နာနာလေးရိုက်ပစ်ရမလားဝေခွဲမရဖြစ်နေရင်းနဲ့”မိန်းမပစ်ရန်အမှိုက်ပုံး”တီထွင်မယ့်နေ့ကိုစောင့်မျှော်နေရရှာတယ်တဲ့ကွယ် ?????” ဆိုကာ ခင်ပွန်းဖြစ်သူနဲ့ ပက်သက်ပြီး အမှတ်တရလေးတွေကို ပြောပြခဲ့ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။