




Unicode
နှိုင်းယှဉ်မြင့်မိုရ်ကတော့ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေမှာ အရေးပါတဲ့ ဇာတ်ပို့ကာရိုက်တာတွေမှာ အများဆုံးသရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်ကတော့ လက်ရှိ ကိုဗစ်ကာလ အနုပညာအလုပ်တွေပါးနေချိန်မှာ အွန်လိုင်းကနေ Live Sale တွေရောင်းချပေးနေပြီး
သမာအာဇီဝကျကျ စီးပွားရှာနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ စကားပြောကောင်းပြီး ရောင်းတတ်ဝယ်တတ်တဲ့အပြင် စေတနာကလည်းအပြည့်ထားတာကြောင့် ဝယ်သူတွေအားပေးကြရုံသာမက စီးပွားရှင်တွေကပါ နှိုင်းယှဉ်မြင့်မိုရ်ကို စိတ်ချလက်ချနဲ့ အလုပ်အပ်နှံကြတာ

ပရိသတ်ကြီးတွေ့မြင်ရမျာပဲ ဖြစ်ပါတယ်။ Live Sale တွေကို လက်မလည်အောင်ရောင်းပေးနေရတဲ့အပြင် ရက်ချိန်းတွေလည်းရှိနှင့်နေပြီးသားဖြစ်နေတဲ့ နှိုင်းယှဉ်မြင့်မိုရ်က အလုပ်တွေပိနေတာကြောင့် သူမရိုက်ကူးလက်စ ဇာတ်လမ်းတွဲလေးကိုတောင် ငြင်းဆိုလိုက်ရကြောင်း ပြောလာပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်က “ကိုဗစ်မတိုင်ခင်က
လင်မယားနှစ်ယောက်ရိုက်ထားတဲ့ ရိုက်လက်စ ဇာတ်လမ်းတွဲ ပြန်ရိုက်ရတော့မယ်တဲ့??ရင်နာနာနဲ့ပဲ မရိုက်တော့ဘူးလို့ ရဲရဲဝံ့ဝံ့ ပြောလိုက်တယ်။ သမီးဆိုး တစ်ဖွဲ့လုံးနဲ့ ဒါရိုက်တာညမလေး မယ်မင်းဘုံ အောင်သီရိက ပရိုဂျုဆာအကိုတို့တွေကိုလည်း တောင်းပန်ပါတယ်??ဈေးရောင်းရင်း တစ်ဖွဲ့လုံးကို သတိရနေပါ့မယ်???” ဆိုပြီး စိတ်မကောင်းစွာ ပြောလာတာပဲ

ဖြစ်ပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်ကတော့ နေ့ရောညပါ Live Sale တွေ ရောင်းနေရတာကြောင့် ရိုက်လက်စ ဇာတ်လမ်းတွဲလေးကိုတောင် ရင်နာနာနဲ့ မရိုက်တော့ဘူးလို့ ငြင်းဆိုခဲ့ရကြောင်း စိတ်မကောင်းစွာနဲ့ ပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း လက်ခံပြီးသားအလုပ်တွေကြောင့် ကိုယ်ချစ်တဲ့အနုပညာအလုပ်လေးအပေါ် တာဝန်မကျေသလိုဖြစ်သွားခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်ရဲ့ ခံစားချက်ကို နားလည်နိုင်မယ် ထင်ပါတယ်နော်။ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။