
Advertisements





Unicode

သရုပ်ဆောင်ရဲမွန်ဆီမှာလှူထားတဲ့ အလှူခံဘောင်ချာကနေ အဲကွန်းမဲပေါက်ခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်

ပရိသတ်ကြီးရေ နှိုင်းယှဉ်မြင့်မိုရ်ကတော့ လတ်တလောမှာ အောင်မြင်ပျော်ရွှင်တဲ့ ဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားတယ်လို့ဆိုရမှာပါ ။ Live Sale ရောင်းချရင်း ပရိသတ်တွေရဲ့ အားပေးမှုကြောင့် အောင်မြင်လာပြီး ခမ်းနားကြီးကျယ်တဲ့ အိမ်တစ်လုံးကိုတောင် ဝယ်ယူနိုင်ခဲ့တာဖြစ်ပြီး အလှူအတန်းတွေလည်း မကြာခဏ ပြုလုပ်နေတာတွေ့ရပါတယ် ။

တူသောအကျိုးပေးတယ်ပြောရမလား လတ်တလောမှာလည်း ကံကောင်းမှုတစ်ခုက သူမဆီထပ်မံရောက်ရှိလာပြန်ပါပြီ ။ ဇာတ်ပို့သရုပ်ဆောင် ကိုရဲမွန်ဆီမှာ လှူထားတဲ့ အလှူခံ ဘောက်ချာထဲကနေ နှိုင်းယှဉ် Aircon မဲပေါက်တယ်…ပျော်လိုက်တာ ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ကံကောင်းခြင်းတွေကို ပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ် ။

ပရိသတ်တွေကတော့ နှိုင်းယှဉ်အတွက် ဝမ်းသာကြောင်းနဲ့ ဒီထက်မက ကံကောင်းခြင်းတွေ ရောက်လာဖို့အတွက် ဆုမွန်ကောင်းတွေ ပေးခဲ့ကြပါတယ် ။ နှိုင်းယှဉ်ရဲ့ပရိသတ်ကြီးလည်း သူမနဲ့ထပ်တူ ဝမ်းသာနေကြမယ်လို့ထင်ပါတယ်နော် ။

ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ သာယာလှပတဲ့ နေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။