သူမရဲ႕ ခႏၶာကိုယ္အခ်ိဳးအစားနဲ႔ ပက္သက္ၿပီး ေဝဖန္ကဲ့ရဲ႕ေနသူေတြကို ပြင့္ပြင့္လင္းလင္း တုန္႔ျပန္လိုက္တဲ့ ပိုင္ၿဖိဳးသု

Advertisements

ဆရာဝန္၊ အကယ္ဒမီ မင္းသမီး ပိုင္ၿဖိဳးသုဟာ ႏိုင္ငံေက်ာ္တစ္ေယာက္ျဖစ္ေပမယ့္ ဘဝကို ေအးေအးေဆးေဆး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္သာ ျဖတ္သန္းေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ အကယ္ဒမီဆုရွင္တစ္ေယာက္လည္းျဖစ္သလို ဂုဏ္ပညာႀကီးတဲ့ ဆရာဝန္တစ္ေယာက္ျဖစ္ေပမယ့္ မာန္မာနမႀကီးတတ္တဲ့ ပိုင္ၿဖိဳးသုကို ပရိသတ္ေတြကလည္း ခ်စ္ခင္ၾကတာပဲ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ပိုင္ၿဖိဳးသုက အႏုပညာအလုပ္ေတြလုပ္ကိုင္ရင္း ဒါ႐ိုက္တာဏႀကီးနဲ႔အတူတူ သာယာေအးခ်မ္းတဲ့ အိမ္ေထာင္တစ္ခုကိုလည္း တည္ေဆာက္ထားပါေသးတယ္။

အေနေအးေပမယ့္ စိတ္ထဲရွိသလို ပြင့္ပြင့္လင္းလင္းေျပာဆိုတတ္တဲ့ ပိုင္ၿဖိဳးသုကေတာ့ ဒီကေန႔မွာလည္း သူမကို Publicမွာ Body shaming လုပ္တဲ့သူေတြကို ေျပာလာပါတယ္။ ပိုင္ၿဖိဳးသုက ” က်ယ္မဝလာတာက်ယ္မသိတယ္ေနာ္ ?

က်ယ္မခ်စ္ဖို႔ေကာင္းတာလည္း က်ယ္မကသိတယ္ ? က်ယ္မကို ဝၿပဲကြဲေနတာပဲ လို႔ publicမွာbodyshamingလုပ္တဲ့အယ္မတို႔ကေရာကိုယ္စိတ္ပုပ္တာကိုယ္သိရဲ႕လား?????? မသိဘူး က်ယ္မကဝလည္းခ်စ္စရာေကာင္းတယ္ ???” ဆိုၿပီး ေျပာလာတာပဲ ျဖစ္ပါတယ္။

ပိုင္ၿဖိဳးသုကေတာ့ သူမကို ဝတယ္ဆိုၿပီး Publicမွာ Body shaming လုပ္တဲ့သူေတြကို ကိုယ့္စိတ္ဓာတ္ကိုယ္သိဖို႔ေျပာလာတာပဲ ျဖစ္ပါတယ္။ ပိုင္ၿဖိဳးသုကို ခ်စ္ၿပီးသားသူေတြကေတာ့ ပိုင္ၿဖိဳးသုတစ္ေယာက္ ဘယ္လိုခႏၶာကိုယ္ေလးပဲျဖစ္ျဖစ္ ဆက္ခ်စ္ေပးေနၾကဦးမွာဆိုတာ ေသခ်ာပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Unicode

သူမရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ပက်သက်ပြီး ဝေဖန်ကဲ့ရဲ့နေသူတွေကို ပွင့်ပွင့်လင်းလင်း တုန့်ပြန်လိုက်တဲ့ ပိုင်ဖြိုးသု

ဆရာဝန်၊ အကယ်ဒမီ မင်းသမီး ပိုင်ဖြိုးသုဟာ နိုင်ငံကျော်တစ်ယောက်ဖြစ်ပေမယ့် ဘဝကို အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင်သာ ဖြတ်သန်းနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အကယ်ဒမီဆုရှင်တစ်ယောက်လည်းဖြစ်သလို ဂုဏ်ပညာကြီးတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပေမယ့် မာန်မာနမကြီးတတ်တဲ့ ပိုင်ဖြိုးသုကို ပရိသတ်တွေကလည်း ချစ်ခင်ကြတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပိုင်ဖြိုးသုက အနုပညာအလုပ်တွေလုပ်ကိုင်ရင်း ဒါရိုက်တာဏကြီးနဲ့အတူတူ သာယာအေးချမ်းတဲ့ အိမ်ထောင်တစ်ခုကိုလည်း တည်ဆောက်ထားပါသေးတယ်။

အနေအေးပေမယ့် စိတ်ထဲရှိသလို ပွင့်ပွင့်လင်းလင်းပြောဆိုတတ်တဲ့ ပိုင်ဖြိုးသုကတော့ ဒီကနေ့မှာလည်း သူမကို Publicမှာ Body shaming လုပ်တဲ့သူတွေကို ပြောလာပါတယ်။ ပိုင်ဖြိုးသုက ” ကျယ်မဝလာတာကျယ်မသိတယ်နော် ?

ကျယ်မချစ်ဖို့ကောင်းတာလည်း ကျယ်မကသိတယ် ? ကျယ်မကို ဝပြဲကွဲနေတာပဲ လို့ publicမှာbodyshamingလုပ်တဲ့အယ်မတို့ကရောကိုယ်စိတ်ပုပ်တာကိုယ်သိရဲ့လား?????? မသိဘူး ကျယ်မကဝလည်းချစ်စရာကောင်းတယ် ???” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

ပိုင်ဖြိုးသုကတော့ သူမကို ဝတယ်ဆိုပြီး Publicမှာ Body shaming လုပ်တဲ့သူတွေကို ကိုယ့်စိတ်ဓာတ်ကိုယ်သိဖို့ပြောလာတာပဲ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုကို ချစ်ပြီးသားသူတွေကတော့ ပိုင်ဖြိုးသုတစ်ယောက် ဘယ်လိုခန္ဓာကိုယ်လေးပဲဖြစ်ဖြစ် ဆက်ချစ်ပေးနေကြဦးမှာဆိုတာ သေချာပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။