ဒုတိယအႀကိမ္ ကိုဗစ္ကူးစက္ခံရၿပီးေနာက္ပိုင္း ဇနီးေမာင္ႏွံႏွစ္ေယာက္ရဲ႕ လက္ရွိက်န္းမာေရးအေျခအေနကို ေျပာျပခဲ့တဲ့ ေအာင္ရင္

Advertisements

ႏိုင္ငံေက်ာ္ ေတးသံရွင္တစ္ေယာက္ျဖစ္တဲ့ ေအာင္ရင္ကေတာ့ ထူးျခားေလးနက္တဲ့ အသံေကာင္းတစ္ခုကို ပိုင္ဆိုင္ထားၿပီး ပရိသတ္ေတြအတြက္ သီခ်င္းေကာင္းေတြမ်ားစြာကို သီဆိုခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ လက္ရွိ UK ႏိုင္ငံမွာေနထိုင္ေနတဲ့ ေအာင္ရင္က ၿပီးခဲ့တဲ့ ရက္သတၱပတ္အတြင္းကပဲ ဇနီးေမာင္ႏွံႏွစ္ေယာက္စလုံး Covid-19 ေရာဂါပိုးကူးစက္ခံခဲ့ရၿပီး ဒီကေန႔မွာေတာ့ ေအာင္ရင္က စိတ္ပူေနၾကတဲ့ ပရိသတ္ေတြအတြက္ သူ႔ရဲ႕ လက္ရွိ က်န္းမာေရးအေျခအေနကို အခုလိုပဲ ေျပာျပလာပါတယ္။

ေအာင္ရင္က” Covid positive ျဖစ္ၿပီး ၂ ပါတ္အၾကာမွာ ကြၽန္ေတာ္နဲ႔ေဒၚမိုးလည္း ကံေကာင္းေထာက္မစြာ ေဆး႐ုံမေရာက္ အသက္မေပ်ာက္ပဲ ျပန္သက္သာလာပါတယ္ခင္ဗ်ာ။ အိုျခင္း နာျခင္း ေသျခင္း တရားမ်ားရဲ႕ နီးကပ္မႈကိုပိုျမင္လာရပါတယ္။Covid ျဖစ္တဲ့ ေတာက္ေလွ်ာက္မွာ စိတ္ဓါတ္ကိုခိုင္မာေအာင္ အားတင္းထားပါတယ္၊ ဒီလို ေနမေကာင္းတဲ့အေတာအတြင္းမွာ စိတ္ခြန္အားျဖစ္ေစေအာင္ ေဆးေတြ စားစရာေတြ ေမတၱာမ်ားစြာနဲ႔ လိုေလေသးမရွိ ခ်က္ျပဳတ္ ဝယ္ျခမ္းၿပီး အိမ္တိုင္ရာေရာက္ လာပို႔ေပးၾကတဲ့ ဘိလပ္ကမိတ္ေဆြ သူငယ္ခ်င္းေတြအားလုံးကို တကယ္ အသိအမွတ္ျပဳၿပီး ေက်းဇူးတင္ေနရပါတယ္။

ဖ့ဘုတ္ေပၚကေန အားလုံးပို႔သတဲ့ ဆုေတာင္း ေမတၱာေတြေၾကာင့္ သက္သာလာပါၿပီဗ်၊ ေက်းဇူးတင္ပါတယ္၊ လာေပးတဲ့ေမတၱာစာေတြ စားၿပီး အျမန္ဆုံးေနျပန္ေကာင္းလာမယ္လို႔လည္း ယုံၾကည္ပါတယ္ခင္ဗ်ာ” ဆိုၿပီး သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ပရိသတ္ေတြ၊ မိသားစု၊ မိတ္ေဆြေတြသိရေအာင္ ေျပာလာတာပဲ ျဖစ္ပါတယ္။

ေအာင္ရင္ကေတာ့ အခုဆိုရင္ Covid-19 ေရာဂါပိုးလုံးဝေပ်ာက္ကြင္းသြားတာမဟုတ္ေပမယ့္ အရင္ကထက္ အမ်ားႀကီးသက္သာလာၿပီလို႔ ေျပာလာတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ဦးေအာင္ရင္တို႔ ဇနီးေမာင္ႏွံႏွစ္ေယာက္ အျမန္ဆုံး ေရာဂါပိုးကင္းစင္ေစဖို႔ ေမတၱာပို႔ ဆုေတာင္းေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Unicode

ဒုတိယအကြိမ် ကိုဗစ်ကူးစက်ခံရပြီးနောက်ပိုင်း ဇနီးမောင်နှံနှစ်ယောက်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေကို ပြောပြခဲ့တဲ့ အောင်ရင်

နိုင်ငံကျော် တေးသံရှင်တစ်ယောက်ဖြစ်တဲ့ အောင်ရင်ကတော့ ထူးခြားလေးနက်တဲ့ အသံကောင်းတစ်ခုကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေအတွက် သီချင်းကောင်းတွေများစွာကို သီဆိုခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ လက်ရှိ UK နိုင်ငံမှာနေထိုင်နေတဲ့ အောင်ရင်က ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကပဲ ဇနီးမောင်နှံနှစ်ယောက်စလုံး Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရပြီး ဒီကနေ့မှာတော့ အောင်ရင်က စိတ်ပူနေကြတဲ့ ပရိသတ်တွေအတွက် သူ့ရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေကို အခုလိုပဲ ပြောပြလာပါတယ်။

အောင်ရင်က” Covid positive ဖြစ်ပြီး ၂ ပါတ်အကြာမှာ ကျွန်တော်နဲ့ဒေါ်မိုးလည်း ကံကောင်းထောက်မစွာ ဆေးရုံမရောက် အသက်မပျောက်ပဲ ပြန်သက်သာလာပါတယ်ခင်ဗျာ။ အိုခြင်း နာခြင်း သေခြင်း တရားများရဲ့ နီးကပ်မှုကိုပိုမြင်လာရပါတယ်။Covid ဖြစ်တဲ့ တောက်လျှောက်မှာ စိတ်ဓါတ်ကိုခိုင်မာအောင် အားတင်းထားပါတယ်၊ ဒီလို နေမကောင်းတဲ့အတောအတွင်းမှာ စိတ်ခွန်အားဖြစ်စေအောင် ဆေးတွေ စားစရာတွေ မေတ္တာများစွာနဲ့ လိုလေသေးမရှိ ချက်ပြုတ် ဝယ်ခြမ်းပြီး အိမ်တိုင်ရာရောက် လာပို့ပေးကြတဲ့ ဘိလပ်ကမိတ်ဆွေ သူငယ်ချင်းတွေအားလုံးကို တကယ် အသိအမှတ်ပြုပြီး ကျေးဇူးတင်နေရပါတယ်။

ဖ့ဘုတ်ပေါ်ကနေ အားလုံးပို့သတဲ့ ဆုတောင်း မေတ္တာတွေကြောင့် သက်သာလာပါပြီဗျ၊ ကျေးဇူးတင်ပါတယ်၊ လာပေးတဲ့မေတ္တာစာတွေ စားပြီး အမြန်ဆုံးနေပြန်ကောင်းလာမယ်လို့လည်း ယုံကြည်ပါတယ်ခင်ဗျာ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပရိသတ်တွေ၊ မိသားစု၊ မိတ်ဆွေတွေသိရအောင် ပြောလာတာပဲ ဖြစ်ပါတယ်။

အောင်ရင်ကတော့ အခုဆိုရင် Covid-19 ရောဂါပိုးလုံးဝပျောက်ကွင်းသွားတာမဟုတ်ပေမယ့် အရင်ကထက် အများကြီးသက်သာလာပြီလို့ ပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဦးအောင်ရင်တို့ ဇနီးမောင်နှံနှစ်ယောက် အမြန်ဆုံး ရောဂါပိုးကင်းစင်စေဖို့ မေတ္တာပို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။