ေ႐ႊလက္စြပ္ ၂ ကြင္းအပါအဝင္ ပရိတ္သတ္ေတြဆီကေန ခရစၥမတ္လက္ေဆာင္ေတြ အမ်ားႀကီးရရွိခဲ့တဲ့ စိုးျပည့္သဇင္

Advertisements

ပရိတ္သတ္ႀကီးေရ မင္းသမီးေခ်ာေလး စိုးျပည့္သဇင္ကေတာ့ ခ်စ္စရာေကာင္းတဲ့ အၿပဳံးေလးနဲ႔ အၿမဲလိုလို မာနမႀကီးပဲ ေဖာ္ေ႐ြတဲ့ ဟန္ပန္ေလးေတြေၾကာင့္ ပရိတ္သတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကို ရရွိထားသူေလးပါ။ ေဆးစက္က်ရာ အ႐ုပ္ထင္သလို သ႐ုပ္ေဆာင္ႏိုင္တဲ့ သူမရဲ႕ အႏုပညာအရည္အခ်င္းေၾကာင့္ အကယ္ဒမီဆုကို ရရွိခဲ့ၿပီး ေအာင္ျမင္တဲ့ ႏိုင္ငံေက်ာ္ မင္းသမီးတေယာက္လည္း ျဖစ္ပါတယ္။

လူခ်စ္လူခင္မ်ားတဲ့ မင္းသမီးေလး စိုးျပည့္သဇင္ကေတာ့ ခရစၥမတ္မွာလည္း ခ်စ္ရတဲ့ ပရိတ္သတ္ေတြဆီကေန လက္ေဆာင္ေတြ လက္ခံရရွိခဲ့တယ္လို႔ ဆိုပါတယ္။ စိုးျပည့္ကေတာ့ သူမရရွိထားတဲ့ လက္ေဆာင္ပစၥည္းေလးေတြကို ျပသရင္း အခုလိုပဲ ေျပာျပခဲ့ပါတယ္။

” ခရစ္စမတ္လက္ေဆာင္ေလးေတြပို႔ေပးၾကတဲ့စိုးျပည့္ရဲ႕fansေလးေတြအားလုံးအတြက္…တစ္ဦးတစ္ေယာက္ခ်င္းစီကိုေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင္…ခ်စ္ခင္အားေပးမႈအတြက္လည္းေပ်ာ္႐ႊင္ရပါတယ္ရွင္?အားလုံးလည္းေပ်ာ္႐ႊင္ေအးခ်မ္းပါေစေနာ္….” ဆိုကာ တန္ဖိုးႀကီးေ႐ႊလက္စြပ္အပါအဝင္ လက္ေဆာင္ပစၥည္းေတြကို ျပသရင္း ပရိတ္သတ္ကို ေက်းဇူးတင္ေၾကာင္း ေျပာခဲ့တာ ျဖစ္ပါတယ္။

အခုေဖာ္ျပခဲ့တာကေတာ့ မင္းသမီးေခ်ာေလး စိုးျပည့္သဇင္ရဲ႕ ပရိတ္သတ္ေတြရဲ႕ ခ်စ္ျခင္းေမတၱာေတြ ရရွိထားတဲ့အေၾကာင္းပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကို အထူးပဲ ေက်းဇူးတင္ရွိပါတယ္ရွင္။

Unicode

ရွှေလက်စွပ် ၂ ကွင်းအပါအဝင် ပရိတ်သတ်တွေဆီကနေ ခရစ္စမတ်လက်ဆောင်တွေ အများကြီးရရှိခဲ့တဲ့ စိုးပြည့်သဇင်

ပရိတ်သတ်ကြီးရေ မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ ချစ်စရာကောင်းတဲ့ အပြုံးလေးနဲ့ အမြဲလိုလို မာနမကြီးပဲ ဖော်ရွေတဲ့ ဟန်ပန်လေးတွေကြောင့် ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားသူလေးပါ။ ဆေးစက်ကျရာ အရုပ်ထင်သလို သရုပ်ဆောင်နိုင်တဲ့ သူမရဲ့ အနုပညာအရည်အချင်းကြောင့် အကယ်ဒမီဆုကို ရရှိခဲ့ပြီး အောင်မြင်တဲ့ နိုင်ငံကျော် မင်းသမီးတယောက်လည်း ဖြစ်ပါတယ်။

လူချစ်လူခင်များတဲ့ မင်းသမီးလေး စိုးပြည့်သဇင်ကတော့ ခရစ္စမတ်မှာလည်း ချစ်ရတဲ့ ပရိတ်သတ်တွေဆီကနေ လက်ဆောင်တွေ လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ စိုးပြည့်ကတော့ သူမရရှိထားတဲ့ လက်ဆောင်ပစ္စည်းလေးတွေကို ပြသရင်း အခုလိုပဲ ပြောပြခဲ့ပါတယ်။

” ခရစ်စမတ်လက်ဆောင်လေးတွေပို့ပေးကြတဲ့စိုးပြည့်ရဲ့fansလေးတွေအားလုံးအတွက်…တစ်ဦးတစ်ယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်…ချစ်ခင်အားပေးမှုအတွက်လည်းပျော်ရွှင်ရပါတယ်ရှင်?အားလုံးလည်းပျော်ရွှင်အေးချမ်းပါစေနော်….” ဆိုကာ တန်ဖိုးကြီးရွှေလက်စွပ်အပါအဝင် လက်ဆောင်ပစ္စည်းတွေကို ပြသရင်း ပရိတ်သတ်ကို ကျေးဇူးတင်ကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။

အခုဖော်ပြခဲ့တာကတော့ မင်းသမီးချောလေး စိုးပြည့်သဇင်ရဲ့ ပရိတ်သတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေ ရရှိထားတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။