
Advertisements





Unicode

လူလေးတွေလည်းချောမောကြသလို စိတ်ရင်းစေတနာလေးတွေလည်းကောင်းမွန်ကြတဲ့ နေတိုးနဲ့ ဝတ်မှုံရွှေရည်အကြောင်း ပြောပြလာတဲ့ ကော်နီ

နိုင်ငံကျော် တေးသံရှင်တစ်ယောက်ဖြစ်တဲ့ ကော်နီကတော့ ဂီတသက်တမ်း နှစ် (၃၀) ကျော်တိုင် ဒီနေ့ဒီအချိန်ထိ အောင်မြင်မှုရရှိနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကော်နီရဲ့ သီချင်းတွေကတော့ ခံစားချက်အပြည့်ပါပြီး ပရိသတ်အကြိုက်တွေ့ကြတာချည်းပဲမို့ ဘယ်သောအချိန်မှ ရိုးသွားခြင်းမရှိတဲ့ သီချင်းတွေပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ” ရေစက်” ဆိုတဲ့ သီချင်းသစ်လေးကို ထွက်ရှိထားတဲ့ ကော်နီက ဒီကနေ့မှာတော့ သူမရဲ့ သီချင်းလေးမှာ မေတ္တာနဲ့ သရုပ်ဆောင်ပေးကြတဲ့ အကယ်ဒမီနေတိုးနဲ့ အကယ်ဒမီ ဝတ်မှုံရွှေရည်အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။

” ?ရေစက်? သီချင်းလေးနဲ့ပတ်သက်လို့ ကျေးဇူးစကားလေးတွေ, နည်းနည်းချင်း ရေးတင်လို့ ပြောချင်ပါတယ်နော်?? တစ်ဦးတစ်ယောက်ချင်းစီကို ရင်နဲ့အမျှကျေးဇူးတွေတင်နေမိတာ အမှန်ပါ ??အောင်မြင်မှုများစွာကိုပိုင်ဆိုင်ထားတဲ့ တီကော့်ကိုချစ်ပေးတဲ့? သား နေတိုးနဲ့ သမီးလေး ကစ်ကစ် ? တီကော်ကလည်း အရမ်းကိုချစ်ရပါတယ်နော်

ဒီကလေးနှစ်ယောက်ရဲ့ ကောင်းခြင်းများစွာကို ချီးမွမ်းပြောဆိုရရင်များစွာပါနော်?ဒီသီချင်းလေးကို မေတ္တာဖြင့်ရိုက်ကူးပေးခဲ့ကြတာမို့? တီကော်ကျေနပ်ပျော်ရွှင်ကြည်နူးနေခဲ့ရပါတယ်။ ကျရာအရုပ်ပေါ်မှာ ဆေးစက်ထင်တတ်တဲ့ သား နေတိုးနဲ့,သမီးလေး ကစ်ကစ်? စိတ်ချမ်းသာကိုယ်ကျန်းမာပြီး အောင်မြင်မှုများဆထက်တိုးပါစေနော်??” ဆိုပြီး ကျေးဇူးတင်စကားပြောလာတာပဲ ဖြစ်ပါတယ်။

ကော်နီကတော့ လူလေးတွေလည်းချောမောကြသလို စိတ်ရင်းစေတနာလေးတွေလည်းကောင်းမွန်ကြတဲ့ နေတိုးနဲ့ ဝတ်မှုံရွှေရည်အကြောင်းကို ချီးမွမ်းခြင်းတွေများစွာနဲ့ ကျေးဇူးတင်စကားပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။