
ေမထြဋ္ေခါင္ကေတာ့ သူမရဲ႕ တတိယေျမာက္ ရင္ေသြးေလး ကြယ္လြန္သြားၿပီလို႔ ဆိုပါတယ္။သူမဟာ တတိယေျမာက္ရင္ေသြးေလးကို ဇြန္လမွာ ကိုယ္ဝန္ စေဆာင္ခဲ့တာပါ။ ဒါေပမယ့္ အခုဆိုရင္ေတာ့ စိတ္မေကာင္းစြာနဲ႔ ဆုံးရႈံးလိုက္ရပါၿပီ။
” ဗိုက္ထဲက သားေလးဆုံးသြားပါၿပီ…” ဆိုၿပီးေတာ့ ဒီဇင္ဘာလ ၃၀ ရက္ေန႔ ညေန ၄ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ပါတယ္။ အႏုပညာေမာင္ႏွမေတြ၊ မိသားစုဝင္ေတြ နဲ႔ ပရိသတ္ေတြကလည္း စိတ္မေကာင္းျဖစ္ေနရသလို သူမကို Comment ကေန တဆင့္ ခြန္အားျဖစ္ေစမယ့္ စကားေလးေတြ ေျပာခဲ့ၾကတာကိုလည္း ေတြ႕ရပါတယ္။

လက္ရွိမွာေတာ့ ေမထြဋ္ေခါင္မွာ ပထမဆုံးရင္ေသြးေလးျဖစ္တဲ့ သမီးေလးကေတာ့ အသက္(၄) ႏွစ္ရွိပါၿပီ။ သားငယ္ေလးကေတာ့ အသက္(၂) ႏွစ္သာရွိပါေသးတယ္။ သူတို႔ဟာ သားသမီး (၄) ေယာက္အထိ ယူဖို႔အတြက္ ေမွ်ာ္လင့္ထားတာလို႔လည္း မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ဖူးပါတယ္။ တတိယေျမာက္ရင္ေသြးေလးကိုလည္း သားေလးလား၊ သမီးေလးလားဆိုတာကိုလည္း ရင္ခုန္စြာနဲ႔ ေစာင့္ေမွ်ာ္ေနခဲ့တာလို႔ သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ဖူးပါတယ္။
သ႐ုပ္ေဆာင္ ေမထြဋ္ေခါင္နဲ႔ ခင္ပြန္းျဖစ္သူ ဆီဇာညီညီတို႔ဟာ ၂၀၁၆ ခုႏွစ္ ေမလ(၂၉)ရက္ေန႔ က လက္ထပ္ခဲ့ၾကတာျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ သူတို႔ရဲ႕ အိမ္ေထာင္သက္တမ္းဟာ (၄) ႏွစ္ေက်ာ္လာခဲ့ပါၿပီ။ ေမထြဋ္ေခါင္ဟာ တစ္ခ်ိန္က အႏုပညာေလာကမွာ သ႐ုပ္ေဆာင္ တစ္ဦးအေနနဲ႔ ပရိသတ္အခိုင္အမာ ရရွိခဲ့တဲ့ မင္းသမီးတစ္ေယာက္ျဖစ္ပါတယ္။
Unicode
တတိယမြောက် ရင်သွေးလေးကို ဆုံးရှုံးလိုက်ရပြီဖြစ်တဲ့ မေထွဋ်ခေါင်
မေထွဋ်ခေါင်ကတော့ သူမရဲ့ တတိယမြောက် ရင်သွေးလေး ကွယ်လွန်သွားပြီလို့ ဆိုပါတယ်။သူမဟာ တတိယမြောက်ရင်သွေးလေးကို ဇွန်လမှာ ကိုယ်ဝန် စဆောင်ခဲ့တာပါ။ ဒါပေမယ့် အခုဆိုရင်တော့ စိတ်မကောင်းစွာနဲ့ ဆုံးရှုံးလိုက်ရပါပြီ။
” ဗိုက်ထဲက သားလေးဆုံးသွားပါပြီ…” ဆိုပြီးတော့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ အနုပညာမောင်နှမတွေ၊ မိသားစုဝင်တွေ နဲ့ ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေရသလို သူမကို Comment ကနေ တဆင့် ခွန်အားဖြစ်စေမယ့် စကားလေးတွေ ပြောခဲ့ကြတာကိုလည်း တွေ့ရပါတယ်။
လက်ရှိမှာတော့ မေထွဋ်ခေါင်မှာ ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သမီးလေးကတော့ အသက်(၄) နှစ်ရှိပါပြီ။ သားငယ်လေးကတော့ အသက်(၂) နှစ်သာရှိပါသေးတယ်။ သူတို့ဟာ သားသမီး (၄) ယောက်အထိ ယူဖို့အတွက် မျှော်လင့်ထားတာလို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ တတိယမြောက်ရင်သွေးလေးကိုလည်း သားလေးလား၊ သမီးလေးလားဆိုတာကိုလည်း ရင်ခုန်စွာနဲ့ စောင့်မျှော်နေခဲ့တာလို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ဖူးပါတယ်။
သရုပ်ဆောင် မေထွဋ်ခေါင်နဲ့ ခင်ပွန်းဖြစ်သူ ဆီဇာညီညီတို့ဟာ ၂၀၁၆ ခုနှစ် မေလ(၂၉)ရက်နေ့ က လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းဟာ (၄) နှစ်ကျော်လာခဲ့ပါပြီ။ မေထွဋ်ခေါင်ဟာ တစ်ချိန်က အနုပညာလောကမှာ သရုပ်ဆောင် တစ်ဦးအနေနဲ့ ပရိသတ်အခိုင်အမာ ရရှိခဲ့တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။