၂၀၂၀ ခုႏွစ္အတြင္းေနာင္တအရဆုံးအေၾကာင္းအရာေတြကိုရင္ဖြင့္ေျပာျပလာတဲ့ သ႐ုပ္ေဆာင္ သံစဥ္ေမာင္

Advertisements

သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး သံစဥ္ေမာင္ကေတာ့ ဗီဒီယိုဇာတ္ကားမ်ားတြင္ ပါဝင္သ႐ုပ္ေဆာင္ရာမွတစ္ဆင့္ ပရိသတ္ေတြရဲ႕ တစ္ခဲနက္ အားေပးမႈေတြကို ရရွိထားသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ အစ္မျဖစ္သူ ေဘဘီေမာင္နဲ႔အတူ အႏုပညာအလုပ္ေတြကို အတူတူ လုပ္ကိုင္ေနတာလည္း ျဖစ္ပါတယ္။ မေန႔ကလည္းNew Year ညေလးကို ခ်စ္ရတဲ့ သူေတြနဲ႔အတူ ေပ်ာ္ေပ်ာ္ပါးပါးျဖတ္သန္းကုန္ဆုံးခဲ့တာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ သူမရဲ႕ Facebook Story မွာလည္း ၂၀၂၀ ခုႏွစ္အတြင္းေနာင္တအရဆုံးအေၾကာင္းအရာေတြကိုရင္ဖြင့္ေျပာျပလာတာပဲ ျဖစ္ပါတယ္။

ဒါကေတာ့ ” ဒီႏွစ္ ၂၀၂၀ ဘဝမွာ ဘယ္ဟာအမွားလည္း ဘယ္ဟာအမွန္လည္းဆိုတာကို သိသိရက္ႀကီးနဲ႔ မျပင္ဆင္ႏိုင္ခဲ့တဲ့ အခ်ိန္ေတြ ရွိခဲ့တယ္ ဘာကိုေနာင္တအရဆုံးလဲလို႔ ေမးလာခဲ့ရင္ေတာ့ ကိုယ့္ရဲ႕ မိုက္မဲမႈေတြ အမွားအယြင္းေတြကို ေနာင္တအရဆုံးေပါ့ ကိုယ့္ကိုခ်စ္တဲ့သူေတြ နာက်င္ေစရတာ ကိုယ့္ကိုခ်စ္တဲ့သူ ကိုယ္ကခ်စ္ရသူ ကိုယ့္ေၾကာင့္မ်က္ရည္က်ေနတာကို ျမင္ရတာ ကိုယ့္အတြက္ တကယ္ကို ပင္ပန္းခက္ခဲခဲ့တဲ့ ႏွစ္ရယ္ပါစိတ္ညစ္ေစခဲ့တဲ့ အရာေတြ ကိုယ့္ကို ရင့္က်က္ေစခဲ့တာေတြ လူတစ္ခ်ိဳ႕ရဲ႕အေၾကာင္းေတြ တစ္ခ်ိဳ႕တစ္ခ်ိဳ႕ေသာဒုကၡဆင္းရဲေတြ ဒါေတြက လူတိုင္းႀကဳံေတြ႕ရတာ မွန္ေပမယ့္ ကိုယ့္အတြက္ေတာ့ တစ္ၿပိဳင္နက္ထဲကို ျဖစ္လာခဲ့တယ္။

ႏႈတ္ဆက္ပါတယ္ အေကာင္းဆုံးေတြ အေကာင္းဆုံးေတြနဲ႔ အေကာင္းဆုံး ေတြးရင္းျဖတ္သန္းလာခဲ့တာျဖစ္တဲ့အတြက္ ဒီ ၂၀၂၀ ကေတာ့ နာက်င္ေစတဲ့ႏွစ္ဆိုရင္ေတာင္မွ ကိုယ့္ကို ရင့္က်က္ေစတဲ့ ႏွစ္ဆိုရင္လည္း မမွားပါဘူး။အမ်ားႀကီးမေျပာင္းလဲႏိုင္ေသးရင္ေတာင္ နည္းနည္းစီစၿပီး ေျပာင္းလဲေနပါတယ္။ အခုလာမယ့္ ၂၀၂၁ မႏွစ္ကအမွားေတြကို အမ်ားႀကီး ျပင္ဆင္ထားတာ ျဖစ္တဲ့အတြက္ ဒီႏွစ္မွာ အမ်ားႀကီး ျပင္ဆင္ထားတာ ျဖစ္တဲ့အတြက္ ဒီႏွစ္မွာအမ်ားႀကီး ပိုေကာင္းမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

အနည္းဆုံးေတာ့ ကိုယ့္ကိုခ်စ္တဲ့သူေတြ ကိုယ္ကခ်စ္တဲ့သူေတြကိုယ့္ေၾကာင့္ မ်က္ရည္က်ရတာမ်ိဳး ထပ္မရွိေတာ့ဘူးေပါ့ ကိုယ့္ဘဝအတြက္ ကိုယ္ႀကိဳးစားေနမယ္ ကိုယ့္ကိုခ်စ္တဲ့သူေတြအမ်ားႀကီး အတြက္ ဒီ့ထက္ပိုရင့္က်က္ၿပီးေတာ့ လိမၼာတဲ့ သံစဥ္ေမာင္ျဖစ္ဖို႔အတြက္ ပိုၿပီး ႀကိဳးစားပါ့မယ္။ ဒီအခ်ိန္မွာ ခ်စ္ျခင္းေမတၱာဆိုရင္ ၅၂၈ ကပိုၿပီးေအးျမတယ္လို႔ က္ိုယ္ယူဆတယ္ ၅၂၈ ေမတၱာေတြနဲ႔ လူေတြအမ်ားႀကီးဆီက ပိုလိုခ်င္ပါတယ္။ ” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ၿပီး ပရိသတ္ေတြအတြက္ ဒီသတင္းေလးကို တစ္ဆင့္ ျပန္လည္ကူးယူတင္ဆက္ေပးလိုက္ရပါတယ္ေနာ္။

Unicode

၂၀၂၀ ခုနှစ်အတွင်းနောင်တအရဆုံးအကြောင်းအရာတွေကိုရင်ဖွင့်ပြောပြလာတဲ့ သရုပ်ဆောင် သံစဉ်မောင်

သရုပ်ဆောင် မင်းသမီးချောလေး သံစဉ်မောင်ကတော့ ဗီဒီယိုဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ရာမှတစ်ဆင့် ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အစ်မဖြစ်သူ ဘေဘီမောင်နဲ့အတူ အနုပညာအလုပ်တွေကို အတူတူ လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ မနေ့ကလည်းNew Year ညလေးကို ချစ်ရတဲ့ သူတွေနဲ့အတူ ပျော်ပျော်ပါးပါးဖြတ်သန်းကုန်ဆုံးခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ Facebook Story မှာလည်း ၂၀၂၀ ခုနှစ်အတွင်းနောင်တအရဆုံးအကြောင်းအရာတွေကိုရင်ဖွင့်ပြောပြလာတာပဲ ဖြစ်ပါတယ်။

ဒါကတော့ ” ဒီနှစ် ၂၀၂၀ ဘဝမှာ ဘယ်ဟာအမှားလည်း ဘယ်ဟာအမှန်လည်းဆိုတာကို သိသိရက်ကြီးနဲ့ မပြင်ဆင်နိုင်ခဲ့တဲ့ အချိန်တွေ ရှိခဲ့တယ် ဘာကိုနောင်တအရဆုံးလဲလို့ မေးလာခဲ့ရင်တော့ ကိုယ့်ရဲ့ မိုက်မဲမှုတွေ အမှားအယွင်းတွေကို နောင်တအရဆုံးပေါ့ ကိုယ့်ကိုချစ်တဲ့သူတွေ နာကျင်စေရတာ ကိုယ့်ကိုချစ်တဲ့သူ ကိုယ်ကချစ်ရသူ ကိုယ့်ကြောင့်မျက်ရည်ကျနေတာကို မြင်ရတာ ကိုယ့်အတွက် တကယ်ကို ပင်ပန်းခက်ခဲခဲ့တဲ့ နှစ်ရယ်ပါစိတ်ညစ်စေခဲ့တဲ့ အရာတွေ ကိုယ့်ကို ရင့်ကျက်စေခဲ့တာတွေ လူတစ်ချို့ရဲ့အကြောင်းတွေ တစ်ချို့တစ်ချို့သောဒုက္ခဆင်းရဲတွေ ဒါတွေက လူတိုင်းကြုံတွေ့ရတာ မှန်ပေမယ့် ကိုယ့်အတွက်တော့ တစ်ပြိုင်နက်ထဲကို ဖြစ်လာခဲ့တယ်။

နှုတ်ဆက်ပါတယ် အကောင်းဆုံးတွေ အကောင်းဆုံးတွေနဲ့ အကောင်းဆုံး တွေးရင်းဖြတ်သန်းလာခဲ့တာဖြစ်တဲ့အတွက် ဒီ ၂၀၂၀ ကတော့ နာကျင်စေတဲ့နှစ်ဆိုရင်တောင်မှ ကိုယ့်ကို ရင့်ကျက်စေတဲ့ နှစ်ဆိုရင်လည်း မမှားပါဘူး။အများကြီးမပြောင်းလဲနိုင်သေးရင်တောင် နည်းနည်းစီစပြီး ပြောင်းလဲနေပါတယ်။ အခုလာမယ့် ၂၀၂၁ မနှစ်ကအမှားတွေကို အများကြီး ပြင်ဆင်ထားတာ ဖြစ်တဲ့အတွက် ဒီနှစ်မှာ အများကြီး ပြင်ဆင်ထားတာ ဖြစ်တဲ့အတွက် ဒီနှစ်မှာအများကြီး ပိုကောင်းမယ်လို့ မျှော်လင့်ပါတယ်။

အနည်းဆုံးတော့ ကိုယ့်ကိုချစ်တဲ့သူတွေ ကိုယ်ကချစ်တဲ့သူတွေကိုယ့်ကြောင့် မျက်ရည်ကျရတာမျိုး ထပ်မရှိတော့ဘူးပေါ့ ကိုယ့်ဘဝအတွက် ကိုယ်ကြိုးစားနေမယ် ကိုယ့်ကိုချစ်တဲ့သူတွေအများကြီး အတွက် ဒီ့ထက်ပိုရင့်ကျက်ပြီးတော့ လိမ္မာတဲ့ သံစဉ်မောင်ဖြစ်ဖို့အတွက် ပိုပြီး ကြိုးစားပါ့မယ်။ ဒီအချိန်မှာ ချစ်ခြင်းမေတ္တာဆိုရင် ၅၂၈ ကပိုပြီးအေးမြတယ်လို့ က်ိုယ်ယူဆတယ် ၅၂၈ မေတ္တာတွေနဲ့ လူတွေအများကြီးဆီက ပိုလိုချင်ပါတယ်။ ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။