မေမွ်ာ္လင့္ထားတဲ့နည္းနဲ႔ ေက်းဇူးဆပ္ခဲ့တဲ့ ပိုင္တံခြန္ေၾကာင့္ ဝမ္းသာမ်က္ရည္က်ခဲ့ရတဲ့ ဂြၽန္လြင္

Advertisements

မင္းသားေခ်ာ ပိုင္တံခြန္ကေတာ့ ေယာက်္ားဆန္ကာ ေခ်ာေမာလွပတဲ့ ပုံရိပ္ေၾကာင့္ အာရွတလႊားမွာသာမက အေနာက္ႏိုင္ငံမ်ားအထိပါ ေအာင္ျမင္ေနတဲ့ မင္းသားေခ်ာပဲ ျဖစ္ပါတယ္။ ကမာၻေက်ာ္တဲ့အထိ ေအာင္ျမင္ေနတဲ့ မင္းသားေခ်ာ ပိုင္တံခြန္ကေတာ့ ဆရာသမားေတြအေပၚမွာလည္း သိတတ္တဲ့အေၾကာင္းကို ယေန႔မွာပဲ ေတြ႕ခြင့္ရခဲ့ပါတယ္။

ပိုင္တံခြန္ကေတာ့ သစ္တံခါးဆရာေတာ္ေက်ာင္းတိုက္မွာ သာသနာ့ေဘာင္ဝင္ေရာက္ကာ ကုသိုလ္ယူေနခဲ့တာ ျဖစ္ပါတယ္။ သစ္တံခါးဆရာ​ေတာ္​ေက်ာင္းတိုက္မွာ သာသနာ့​ေဘာင္ဝင္​ေရာက္​ေနတဲ့ဘသ႐ုပ္​ေဆာင္ပိုင္တံခြန္က ႏွစ္သစ္ကူးအခါသမယမွာ ဆရာျဖစ္သူ ဂြၽန္လြင္Stars & Model Int’l Yangonထံ ဖုန္းျဖင့္ Vedio call ​ေခၚကာ ​သစ္တံခါးဆရာ​ေတာ္နဲ႔အတူ ေမတၱာပို႔ ဆု​ေတာင္း ​ေပးခဲ့ပါတယ္။

အဆိုပါ Video call ေခၚကာ ဆုေတာင္းေပးခဲ့တဲ့ ပိုင္တံခြန္ရဲ႕ ေက်းဇူးသိတတ္မႈအေပၚ ဆရာ ဂြၽန္လြင္ကေတာ့ အခုလိုပဲ ေျပာျပခဲ့ပါတယ္။ “ဒီလိုေက်းဇူးဆပ္တာဘဝမွာပထမဆုံးခံရေတာ့ရင္ထဲမွာပီတိကေျပာမျပတတ္ေအာင္ပါ။Sedona မွာေရကူးခါနီးတပည့္ပိုင္တံခြန္ဖုန္းဆက္လာတယ္။သစ္တံခါးဆရာေတာ္ဘုရားနဲ႔အတူသူေမတၱာပို႔ဆုေတာင္းေပးတာပိတီျဖစ္ၿပီးမ်က္ရည္က်ခဲ့ရတယ္။

ဘုန္းႀကီးဝတ္နဲ႔ဆရာကိုေက်းဇူးဆပ္တဲ့အေနနဲ႔သူျပဳ႕သမွ်ကုသိုလ္ေတြကိုသူကမွ်ေဝေပးတာတရားေဟာေပးတာဘဝမွာဝမ္းသာလြန္းလို႔က်တဲ့မ်က္ရည္ဟာထူးဆန္းေအးမွ်လွပါတယ္”လို႔ ဆရာျဖစ္သူဂြၽန္လြင္မွ လူမႈကြန္ယက္စာမ်က္ႏွာမွာ​ေရးသားထားပါတယ္။ မင္းသားေခ်ာ ပိုင္တံခြန္ကေတာ့ ေအာင္ျမင္မႈမ်ားစြာ ရရွိေနေပမဲ့လည္း အခုလို ဆရာသမားအေပၚ သိတတ္ၿပီး ေက်းဇူးဆပ္ခဲ့တဲ့ အတြက္ေၾကာင့္ ပရိတ္သတ္ေတြ အားလုံးကလည္း ခ်ီးက်ဴးေနခဲ့ၾကတာပဲ ျဖစ္ပါတယ္။

Unicode

မမျှော်လင့်ထားတဲ့နည်းနဲ့ ကျေးဇူးဆပ်ခဲ့တဲ့ ပိုင်တံခွန်ကြောင့် ဝမ်းသာမျက်ရည်ကျခဲ့ရတဲ့ ဂျွန်လွင်

မင်းသားချော ပိုင်တံခွန်ကတော့ ယောကျ်ားဆန်ကာ ချောမောလှပတဲ့ ပုံရိပ်ကြောင့် အာရှတလွှားမှာသာမက အနောက်နိုင်ငံများအထိပါ အောင်မြင်နေတဲ့ မင်းသားချောပဲ ဖြစ်ပါတယ်။ ကမ္ဘာကျော်တဲ့အထိ အောင်မြင်နေတဲ့ မင်းသားချော ပိုင်တံခွန်ကတော့ ဆရာသမားတွေအပေါ်မှာလည်း သိတတ်တဲ့အကြောင်းကို ယနေ့မှာပဲ တွေ့ခွင့်ရခဲ့ပါတယ်။

ပိုင်တံခွန်ကတော့ သစ်တံခါးဆရာတော်ကျောင်းတိုက်မှာ သာသနာ့ဘောင်ဝင်ရောက်ကာ ကုသိုလ်ယူနေခဲ့တာ ဖြစ်ပါတယ်။ သစ်တံခါးဆရာ​တော်​ကျောင်းတိုက်မှာ သာသနာ့​ဘောင်ဝင်​ရောက်​နေတဲ့ဘသရုပ်​ဆောင်ပိုင်တံခွန်က နှစ်သစ်ကူးအခါသမယမှာ ဆရာဖြစ်သူ ဂျွန်လွင်Stars & Model Int’l Yangonထံ ဖုန်းဖြင့် Vedio call ​ခေါ်ကာ ​သစ်တံခါးဆရာ​တော်နဲ့အတူ မေတ္တာပို့ ဆု​တောင်း ​ပေးခဲ့ပါတယ်။

အဆိုပါ Video call ခေါ်ကာ ဆုတောင်းပေးခဲ့တဲ့ ပိုင်တံခွန်ရဲ့ ကျေးဇူးသိတတ်မှုအပေါ် ဆရာ ဂျွန်လွင်ကတော့ အခုလိုပဲ ပြောပြခဲ့ပါတယ်။ “ဒီလိုကျေးဇူးဆပ်တာဘဝမှာပထမဆုံးခံရတော့ရင်ထဲမှာပီတိကပြောမပြတတ်အောင်ပါ။Sedona မှာရေကူးခါနီးတပည့်ပိုင်တံခွန်ဖုန်းဆက်လာတယ်။သစ်တံခါးဆရာတော်ဘုရားနဲ့အတူသူမေတ္တာပို့ဆုတောင်းပေးတာပိတီဖြစ်ပြီးမျက်ရည်ကျခဲ့ရတယ်။

ဘုန်းကြီးဝတ်နဲ့ဆရာကိုကျေးဇူးဆပ်တဲ့အနေနဲ့သူပြု့သမျှကုသိုလ်တွေကိုသူကမျှဝေပေးတာတရားဟောပေးတာဘဝမှာဝမ်းသာလွန်းလို့ကျတဲ့မျက်ရည်ဟာထူးဆန်းအေးမျှလှပါတယ်”လို့ ဆရာဖြစ်သူဂျွန်လွင်မှ လူမှုကွန်ယက်စာမျက်နှာမှာ​ရေးသားထားပါတယ်။ မင်းသားချော ပိုင်တံခွန်ကတော့ အောင်မြင်မှုများစွာ ရရှိနေပေမဲ့လည်း အခုလို ဆရာသမားအပေါ် သိတတ်ပြီး ကျေးဇူးဆပ်ခဲ့တဲ့ အတွက်ကြောင့် ပရိတ်သတ်တွေ အားလုံးကလည်း ချီးကျူးနေခဲ့ကြတာပဲ ဖြစ်ပါတယ်။