ယောက်ဖဖြစ်သူ စိန်ဖြိုးလှိုင်ရဲ့ မင်္ဂလာသတင်းနဲ့ပက်သက်ပြီး နီးစပ်လာပြီလို့ထင်ကြောင်း ပရိတ်သတ်ကို သတင်းကောင်းပါးလိုက်တဲ့ ဦးဇေသီဟ

Advertisements

အကယ်ဒမီ နန္ဒာလှိုင်ရဲ့ တစ်ဦး တည်းသော မောင်လေးဖြစ်တဲ့ သရုပ်ဆောင် မောင်ကတော့ ဗီဒီယိုဇာတ်ကားတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ မောင်က အနုပညာအလုပ်တွေကို လုံးဝရပ်နား လိုက်ပြီး စီးပွားရေးနဲ့ ပညာရေးဘက်ကိုသာ အာရုံစိုက်နေခဲ့တာ ဖြစ်ပါတယ်။

မောင်တစ်ယောက် အနုပညာလောကကနေ အနားယူလိုက်ပေမယ့် ပရိသတ်တွေကြားထဲမှာတော့ ဒီနေ့ဒီအချိန်ထိ နာမည်ရရှိနေဆဲဖြစ်ပြီး သရုပ်ဆောင် ရီရီပွင့်ဖြူနဲ့ အချစ်ဇာတ်လမ်းလေးကြောင့် ပရိသတ်တွေ အာရုံစိုက်ခြင်းခံနေရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ နန္ဒာလှိုင်ရဲ့ခင်ပွန်းဖြစ်သူ ကိုဇေသီဟက ယောက်ဖဖြစ်သူ သရုပ်ဆောင် မောင်ရဲ့ မင်္ဂလာသတင်းနဲ့ပက်သတ်ပြီး နီးစပ် လာပြီဖြစ်ကြောင်းကို “စိန်ဖြိုးဆီက တခါမှ မကြားဖူးတဲ့ စကား … ဒီနေ့ ၄ ကြိမ်ပြောတာ နားထောင်လိုက်ရတယ်။ သူမင်္ဂလာဆောင်ရင် ဘယ်လို ပြင်ဆင်မယ် ဆိုတဲ့အကြောင်းပဲ ပြောနေတယ်…. နီးနေပြီထင်ပါတယ်။” ဆိုပြီး မောင်နဲ့ ရီရီပွင့်ဖြူကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် ဝမ်းသာစရာအကြောင်းအရာလေးကို မျှဝေပေး လာပါတယ်။

မောင်နဲ့ ရီရီပွင့်ဖြူတို့ကတော့ ချစ်သူသက်တမ်း (၇) နှစ်တိုင်တိုင် သစ္စာရှိရှိရွှေလက်တွဲ လာခဲ့ကြသူတွေဖြစ်ပြီး နှစ်ဖက်မိဘတွေကလည်း သဘောတူကြည်ဖြူနေကြတာမို့ ပရိသတ်တွေကလည်း အမြန်ဆုံး လက်ထပ်စေချင်နေကြတာ ဖြစ်ပါတယ်။ ကိုဇေသီဟထင်နေသလိုပဲ မောင့်ရဲ့ မင်္ဂလာ သတင်းလေးကို အမြန်ဆုံးကြားရပါစေလို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေး လိုက်ပါတယ်။