
ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ကတော့ ဆယ်ကျော်သက်အရွယ်ကတည်းက ဒီနေ့အချိန်ထိ သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်က အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း သူမရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလည်း အောင်အောင်မြင်မြင်ထူထောင်ထားတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အိန္ဒြာကျော်ဇင်က အနုပညာအလုပ်တွေကို ရပ်နားထားပြီး အိမ်မှာပဲ အနားယူနေတာ ဖြစ်ပါတယ်။
ကိုဗစ်ကာလမှာတော့ အနုပညာလုပ်ငန်းများကို ရပ်နားထားရပြီး နိုင်ငံခြားခရီးစဉ်များလည်း သွားရောက်လည်ပတ်ခွင့်မရှိတာကြောင့် အနုပညာရှင်အများစုကတော့ ရန်ကုန်မြို့ပြင်က သီးခြားအပန်းဖြေနေရာများကို သွားရောက်လည်ပတ်လျက် ရှိပါတယ်။
ရိုက်ကူးရေးတွေရပ်နားထားချိန်မှာ ပရိသတ်တွေအတွက် သူမရဲ့ တစ်နေ့တာ လှုပ်ရှားမှုတွေကို ချပြလေ့ရှိတဲ့ အိန္ဒြာကျော်ဇင်က ဒီတစ်ခေါက်မှာလည်း သူမရဲ့ မိသားစုတွေနဲ့အတူတူ လျှောက်လည်ခဲ့တဲ့ အမှတ်တရကို ချပြလာပါတယ်။ အိန္ဒြာကျော်ဇင်က ” နီးနီးနားနားပေါ့ပေါ့ပါးပါးသွားဖြစ်ခဲ့တဲ့နေရာလေးတစ်ခုပါပဲ??” ဆိုပြီး ရန်ကုန်မြို့ပြင်က အပန်းဖြေစခန်းတစ်ခုကို မိသားစုနဲ့ သွားရောက်လည်ပတ်ဖြစ်ခဲ့ကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။
အိန္ဒြာကျော်ဇင်ကတော့ ရိုက်ကူးရေးအားလပ်ချိန်တွေမှာ ခရီးတွေသွားလေ့ရှိသူဖြစ်ပြီး အခုလို ကိုဗစ်ကာလမှာတော့ မြို့ပြင်နီးနီးနားနားရှိတဲ့နေရာတွေမှာပဲ သွားရောက်လည်ပတ်ရင်း အနားယူခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။