
ကချင်တိုင်းရင်းသူ စူပါမော်ဒယ် အောန်ဆိုင်းကတော့ ဆယ်စုနှစ်တစ်စုကျော်တိုင် မော်ဒယ်လောကမှာ အောင်မြင်ကျော်ကြားခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ စူပါမော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ အောန်ဆိုင်းကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားအချို့မှာလည်း ပါဝင်အားဖြည့်သရုပ်ဆောင်ပေးခဲ့ပြီး ပရိသတ်တွေအတွက် မရိုးနိုင်တဲ့ အနုပညာလှုပ်ရှားမှုတွေကို ချပြခဲ့သူလေး ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အောန်ဆိုင်းရဲ့ အနုပညာလှုပ်ရှားမှုတွေအပြင် သူမရဲ့ လက်တွေ့ဘဝက နေထိုင်မှုပုံစံလေးကိုပါ သဘောကျစွာနဲ့ ချစ်ကြတာပဲ ဖြစ်ပါတယ်။

အိမ်ထောင်ပြုသင့်တဲ့ အရွယ်တစ်ခုရောက်ရှိနေပြီဖြစ်တဲ့ အောန်ဆိုင်းက သူမရဲ့ အချစ်ရေးနဲ့ ပက်သတ်ပြီး ပွင့်ပွင့်လင်းလင်းချပြပြီး ပရိသတ်တွေရဲ့ မိတ်ဆက်ပေးထားခဲ့ပြီဖြစ်ပါတယ်။ ချစ်သူဆီကလည်း လက်ထပ်ခွင့်တောင်းခံခဲ့ရပြီးဖြစ်တဲ့ အောန်ဆိုင်းက ဒီကနေ့ ဇန်နဝါရီလ (၁၅) ရက်နေ့မှာတော့ St.Augustine Catholic Church မှာ လက်ထပ်ခဲ့ပြီပဲ ဖြစ်ပါတယ်။
အောန်ဆိုင်းက သူမဘဝရဲ့ အရေးအကြီးဆုံးနေ့မှာ ကချင်တိုင်းရင်းသားဝတ်စုံလေးကို ဝတ်ဆင်ခဲ့ပြီး သူမရဲ့ ခင်ပွန်း ကိုဖုန်းကျော်မျိုးမြင့်ကိုလည်း ” ကို့ရဲ့ဖြစ်တည်မှု အရှိအတိုင်းကို တန်ဖိုးထား လက်ခံ ချစ်ပေးလို့ အများကြီ ပျော်ရွှင်ရပါတယ် ? Thank you” ဆိုပြီး ကျေးဇူးတင်စကားပြောထားတာကို တွေ့ရပါတယ်။
အောန်ဆိုင်းကတော့ သူမရဲ့ ဖြစ်တည်မှုကို အရှိအတိုင်းတန်ဖိုးထားပေးရုံသာမက သူမကိုလည်း မြတ်မြတ်နိုးနိုးချစ်တဲ့ ချစ်သူနဲ့ ဘဝတစ်ခုကို အတူတူတည်ဆောက်ခဲ့ပြီပဲ ဖြစ်ပါတယ်။ အောန်ဆိုင်းတို့ ချစ်သူနှစ်ယောက် ယနေ့မှစ နှစ်တစ်ရာတိုင် ပျော်ရွှင်အေးချမ်းစွာ ပေါင်းဖက်နိုင်ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။