
သရုပ်ဆောင် နေဒွေးကတော့ ချစ်သူလေးနဲ့ အတူ ပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီးလမ်းကို အတူဖြတ်သန်းလျှောက်လှမ်းနေကြတာလည်း ဖြစ်ပါတယ်။ နှစ်ယောက်စလုံး စီးပွားရေးလုပ်ငန်းကိုယ်စီလုပ်ကိုင်နေကြတာကြောင့် အားလပ်ချိန်သိပ်မရှိဘဲ တစ်ခါတစ်ရံမှသာ တွေ့ဆုံကြရပြီး ဖုန်းဖြင့်သာ အဆက်အသွယ် လုပ်နေကြတယ်လို့ သိရပါတယ်။
နေဒွေးဟာ သူ့ရဲ့ချစ်သူလေးကို သည်းသည်းလှုပ်ချစ်တာကို ကြည့်ပြီး ပရိသတ်တွေကပါ ဘေးကနေကြည်နူးအားကျနေကြတာလည်း ဖြစ်ပါတယ်။ နေဒွေးတို့အတွဲလေး စကြိုက်တဲ့အချိန် ကတည်းက လူတစ်ချို့ရဲ့ ဝေဖန်တိုက်ခိုက်မှုတွေများစွာကို ကြုံတွေ့လာခဲ့ရတာပဲ ဖြစ်ပါတယ်။ နေဒွေးရဲ့ ချစ်ငုကောင်မလေးကတော့ သူမရဲ့ Facebook Story မှာ ရင်တွင်းခံစားချက်တွေကို ရေးသားထားတာပဲ ဖြစ်ပါတယ်။
ချစ်သူတွေ စဖြစ်ကတည်းကနေ အခုချိန်ထိ တိုက်ခိုက်ခံနေရတဲ့အကြောင်းကို အခုလိုပဲ ရင်ဖွင့်ခဲ့ပါတယ်။ ” သူ့ကျမှ ဘာလို့လဲ Single အချင်းချင်းတွဲတာဘာလို့တိုက်ခိုက်နေကြတာလဲ လူတိုင်းကြံဖူးနေကျ ပြသနာကို သူများတွေက အေးဆေးဖြတ်သန်းနေကျ ကိုယ်တွေကျမှ ဘာလို့ တိုက်ခိုက်ခံနေရလည်း နားမလည်ဘူး ခုလိုဖြစ်တာ တစ်ခါမှ မကြုံဖူးဘူး ပထမဆုံးအကြိမ်ပဲ သူနဲ့ ချစ်သူစဖြစ်ကတည်းက အခုထိတိုက်ခိုက်ခံရတာကိုယ်လည်း အလုပ်များတဲ့ သူမို့ တော်ရုံအကုန်မမြင်ဟန်ဆောင်ပေးခဲ့တာ
လူလူချင်း ကိုယ်ချင်းစာစိတ်ဖြင့် နေကြပါ Facebook က ဘဝကြီးမှ မဟုတ်တာ ကိုယ့်အတွက် အကျိုးရှိတာ အများကြီး ရပါလိမ့်မယ်။ ကိုယ် Facebook သုံးတာ ကိုယ့်အတွက် အကျိုးရှိတာပဲ သုံးလို့လားမသိဘူး အခုဆို ကိုယ့်အတွက် အများကြီး ပညာရခဲ့ပြီ ” ဆိုပြီးရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။