ကဲ ဆန္ဒပြပွဲထဲ အမေရိကန်များ စတင်ပူးပေါင်း ပါဝင်လာပြီနော်

Advertisements

ကမ္ဘာ့နိုင်ငံ အသီးအသီးက မြန်မာနိုင်ငံ အရေးအခင်းကို အာရုံစိုက်လာတယ်ဆိုတဲ့ လက္ခဏာတွေကို မြင်တွေ့လာရပါတယ်။

မြန်မာပြည်သူများကို စစ်ကောင်စီက အကြမ်းဖက် ဖမ်းဆီး၊ သတ်ဖြတ်ခံနေခြင်းကို ကန့်ကွက်သည့်အနေဖြင့် အမေရိကန် ဆန်ဖရမ်စ္စကို ၏ ကမ္ဘာကျော် landmark တခုဖြစ်သော Golden Gate တံတားပေါ်တွင်

အမေရိကန်ပြည်သူများက ငြိမ်းချမ်းစွာ ဆန္ဒပြထုတ်ဖော်ခဲ့ကြပါတယ်။

လက်ရှိအချိန် ပြည်တွင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူ အယောက် (၅၀) ကျော် ကျဆုံးခဲ့ပြီး ဖြစ်ပါတယ်။

လူပေါင်း တစ်ထောင်ကျော် ဖမ်းဆီးခံထားရပြီး နိုင်ငံတကာမှ မြန်မာ့အရေးကို စိုးရိမ်တကြီး စောင့်ကြည့်နေတဲ့ အချိန်လဲ ဖြစ်ပါတယ်။