အမေရိကန်တပ်ဖွဲ့ကို အကြောက်တရားသွင်းပေးနိုင်ခဲ့တဲ့ ဗီယက်နမ်ပြည်သူများရဲ့ စစ်နည်းဗျူဟာ

Advertisements

ဗီယက်နမ်တွေ အမေရိကန်ကိုတိုက်တော့ ပစ် ပြေး ပုန်း နည်းကိုသုံးတယ်။ အရပ်သားတွေပဲ ကျွဲတွေကျောင်းနေတယ်။ ခမောက်တွေ ဆောင်းထားတယ်။ အမေရိကန် စစ်တပ်နားရောက်တော့မှ လက်ပစ်ဗုံးနဲ့ထုတယ်။ ကျွဲနားကပ်ချည်ထားတဲ့ သေနတ်နဲ့ပစ်တယ်။ ပြီးရင် တောထဲ ချောင်ထဲ ဝင်ပျောက်သွားတယ်။အမေရိကန်ဆို ပြီးပြီ။ ဘာတွေ ညာတွေ မမေး။ ပစ်တယ် ။ ပြေးတယ်။ ပုန်းတယ်။ ဘယ်သူ့လိုက်ရှာရမှန်းမသိ။နောက်တော့ အမေရိကန်တွေ ကြောက် လာတယ်။ သူ့တို့ကို တိုက်ခိုက်မယ့် ရန်သူက တောထဲမှာမဟုတ်။ မြို့ထဲပဲ ဘယ်သူမှန်းမသိတဲ့လူတွေ။

ဘယ်အချိန်မှာ ဘယ်သူက ဘာလာလုပ်လေမလဲ သူတို့မသိ။ ဗီယက်နမ်တွေကိုကြောက်အောင် လက်နက်တွေနဲ့ ဖိခြောက်နေရင်း ဗီယက်နမ်တွေရဲ့ပြောက်ကြားစနစ်မှာ အမေရိကန်တွေ ပြန်ကြောက်လာတယ်။ ညအချိန် ဝါးခြမ်းပြားနဲ့ လည်ပင်းအလှီးခံရတဲ့ အဖြစ်တွေများလာတယ်။ တစ်ယောက်တည်း အပြင်မထွက်ရဲလောက်အောင် ဖြစ်လာတယ်။ ရပ်ကွက်ထဲ ကျွံဝင်လာတဲ့ စစ်သားတွေဝိုင်းပြီး လက်စဖျောက်လိုက်ကြတယ်။ ဗီယက်နမ်တွေညီတော့ ဒီနေ့အထိ လက်သည်မပေါ်ဘူး။

အကြောက်တရားကို အမေရိကန်တွေရလာတယ်။ စစ်မြေပြင်မှာ နေရတာကို လန့်လာတယ်။သူဘေးနားမှာရှိသူ မည်သည့်ဗီယက်နမ်မဆိုဟာ သူတို့ကို မလိုလားဘူးဆိုတာ သိလာတယ်။ဘယ်အချိန်မှာ ဘယ်သူများ ဘာလာလုပ်မလဲ မသိအောင် ကြောက်စိတ်နဲ့ စားမဝင်အိပ်မပျော် ဖြစ်လာရော။နောက်ဆုံး ဗီယက်နမ်ကနေ အမေရိကန်တွေ စွန့်ခွာခဲ့ရတော့တာပါပဲ။

ကမ္ဘာ့အင်အားအကြီးဆုံးအမေရိကန်ရဲ့ ပထမဦးဆုံးမနိုင်ပဲ အရှုံးပေးခဲ့ရတာ ဗီယက်နမ်ဆိုတဲ့ လက်နက်လည်း မယ်မယ်ရရ မရှိခဲ့တဲ့ ပျောက်ကျားစစ်ပွဲတစ်ခုပဲ ရှိပါတယ်။ တစ်ခါတလေ ကိုယ့်ကို ကြောက်အောင် ခြောက်သူကိုပြန်ပြီး အကြောက်တရားနဲ့ စိတ်မလုံခြုံအောင် လုပ်ပြထားနိုင်တာလည်း စစ်ဗျုဟာတခုပဲ။ ဗီယက်နမ်တွေရဲ့ စိတ်မာကြော ညီညွှတ်မှုကိုကမ္ဘာ့အားအကြီးဆုံး အမေရိကန် အရှုံးပေးခဲ့ရတယ်။